Live Life Dezine

Architecture & Design Magazine in Myanmar

PORTFOLIO ကောင်းတစ်ခု ဘယ်လိုဖန်တီးကြမလဲ

ဗိသုကာကျောင်းသားတစ်ယောက်အနေနဲ့ဖြစ်စေ၊ Professional တစ်ယောက်အနေနဲ့ဖြစ်စေ Portfolio ကောင်းတစ်ခုရှိဖို့လိုအပ်ပါတယ်။ Portfolio ဆိုတာ ကျောင်းသားတစ်ယောက် ဒါမှမဟုတ် Professional တစ်ဦးရဲ့အတွေးအခေါ်..ဖြတ်သန်းလာတဲ့ပညာရေး၊ အလုပ်အကိုင်စတဲ့အချက်တွေကို ဖော်ညွှန်းပြသတဲ့အရာ တစ်ခုဖြစ်ပါတယ်။
ကျောင်းလျှောက်ရာမှာလည်းကောင်း၊ အလုပ်လျှောက်ရာမှာလည်းကောင်း Portfolio ကောင်းတစ်ခု ရှိဖို့လိုအပ်ပါတယ်။ ယခုဝေမျှပေးချင်တဲ့အကြောင်းအရာက Portfolio ကောင်းတစ်ခု ဘယ်လိုပြင်ဆင်သင့်သလဲ..ဘယ်အချက်တွေကိုထည့်သွင်းပြီး ဖော်ပြသင့်တယ်ဆိုတဲ့ အချက်လေးတွေပဲဖြစ်ပါတယ်။ ဒီအချက်တွေကတော့ ကျောင်းတက်စဉ်က Career Workshop မှာဆရာ၊ ဆရာမများမျှဝေပေးခဲ့တဲ့ အချက်အလက်ကို ဖော်ပြပေးသွားဖို့ရည်ရွယ်ပါတယ်။ အထူးသဖြင့် Academic ဘက်က သူတွေအနေနဲ့ကျောင်းလျှောက်ရာမှာ ရွေးချယ်လျှင် မည်သည့်အချက်တွေကိုထည့်သွင်းစဉ်းစားလေ့ရှိတယ်ဆိုတာကို မျှဝေလိုပါတယ်။
Portfolio တစ်ခုလုပ်ပြီဆိုရင် အပိုင်းခွဲတတ်ဖို့လည်း လိုအပ်ပါတယ်။ General အားဖြင့် အပိုင်း (၄) ပိုင်းပါရှိပါတယ်။
ပထမပိုင်းအနေနဲ့ Personal Information (တချို့လည်းထည့်လေ့ရှိပါတယ်။ တချို့ကတော့ထည့်လေ့မရှိပါဘူး)
ဒုတိယပိုင်းအနေနဲ့ ကျောင်းတုန်းကလုပ်ထားတဲ့ Project တွေ။ (အလုပ်လျှောက်ရာမှာ – လုပ်သက်တွေများလာရင် ထည့်ဖို့မလိုအပ်တော့ပါဘူး)
တတိယပိုင်းအနေနဲ့ လုပ်ငန်းခွင်မှာ ကိုယ်ပါဝင်ဖူးတဲ့ Project တွေ။
စတုတ္တပိုင်းက ကိုယ်လက်တည့်စမ်းထားတဲ့ Project အချို့နဲ့ Sketch Drawing တွေကိုဖော်ပြနိုင်ပါတယ်။

 

(1) Personal Information
Personal Information လို့ဆိုလိုချင်တာက CV ။ Resume ကိုဆိုလိုချင်တာပါ။ ဒီလိုထည့်ပေးခြင်းအားဖြင့် သူ့ရဲ့ Experience, Background ပေါ်မူတည်ပြီး စစ်ဆေးသူက Expectation, Level တစ်ခုရဲ့ဖြစ်သင့်တဲ့အခြေအနေကို သတ်မှတ်ထားပြီးသားဖြစ်နိုင်ပါတယ်။
ဒီလို Personal Information ထည့်တဲ့အခါမှာ
(၁) ဓာတ်ပုံ..
(၂) အမည် -အသက် – Nationality
(၃) Education Background
(၄) Working Experience
(၅) Contact Address တွေကို ဖော်ပြသင့်ပါတယ်။
ဓာတ်ပုံဖော်ပြတဲ့အခါမှာ ဓာတ်ပုံကလန်းဆန်းတက်ြွကပြီး Professional ဆန်တဲ့ဓာတ်ပုံမျိုးထည့်သင့်တယ်လို့ အကြံပေးလိုပါတယ်။ Passport ဓာတ်ပုံလို Fomal ကျကျဓာတ်ပုံတွေဟာ Creative Industry တွေနဲ့ မသင့်တော်ဘူးလို့ ယူဆကြတဲ့အတွက်ဖြစ်ပါတယ်။
ပြီးရင် နောက်မှာဖော်ပြမယ့် Project တွေရဲ့ Content ကိုဖော်ပြသွားဖို့လိုအပ်ပါတယ်။

 

(2) Student Project
ကျောင်းသားဘဝမှာ ကိုယ်နှစ်သက်ရာကို ကြိုက်သလိုပုံဖော်ခွင့်ရရှိကြတာကြောင့် လူတစ်ယောက်ဘယ်လောက် Creative ဖြစ်သလဲဆိုတာကို Student Project တွေကနေတစ်ဆင့်သိနိုင်ကြောင်း ပြောပြခဲ့ဖူးပါတယ်။ ဒီထဲမှာမှ Graduation Project တွေဟာ အားထုတ်မှုကောင်းကောင်း လေ့လာမှုကောင်းကောင်းဖြစ်တဲ့အတွက် ကျောင်းသားတစ်ယောက်ရဲ့ Cap Stone တစ်ခု (မှတ်တိုင်တစ်ခု)လို့ယူဆကြပါတယ်။ ဒါကြောင့်ကျောင်း Project တွေကိုဖော်ပြတဲ့အခါမှာ Graduation Project ကိုအားစိုက်ပြီးဖော်ပြဖို့လိုအပ်ပါတယ်။ Graduation Project ကိုကြည့်ခြင်းဖြင့် ဒီကျောင်းသားဟာ ဘယ်လောက်လုပ်နိုင်စွမ်းအားရှိတယ်ဆိုတာကို လေ့လာတာဖြစ်ပါတယ်။
Project တစ်ခုကိုပြသတဲ့အခါမှာ ဒီ ဒီဇိုင်းဘယ်လိုဖြစ်လာလဲ။ ဘယ်အချက်တွေကို ထည့်သွင်းစဉ်းစားခဲ့သလဲဆိုတာတွေကို ပေါ်လွင်အောင်ပြသဖို့လိုအပ်ပါတယ်။ Concept ကိုပေါ်လွင်နေဖို့အရေးကြီးပါတယ်။
Project တစ်ခုကိုစာမျက်နှာ၂ ရွက် -Graduation Project ဆိုရင် စာမျက်နှာ ၃ ရွက်ထက်မပိုဘဲ ထိထိမိမိ ပြနိုင်ရင်ပိုကောင်းပါတယ်။
Student Project တွေကိုဖော်ပြတဲ့အခါမှာ ထည့်သွင်းဖော်ပြသင့်တဲ့ Information တွေကတော့
(a) Project Title
(b) ဘယ်အချိန်ကဆွဲခဲ့တာလဲ။
(c) ဘယ်လို Project အမျိုးအစားလဲ။
(d) ကိုယ်ဘယ်လောက်ပါဝင်ရေးဆွဲခဲ့တယ်။
(e) Supervisor Name/ အတန်း။ ကျောင်းအမည် စတာတွေကိုထည့်သွင်းဖော်ပြဖို့လိုအပ်ပါတယ်။ ဒီအချက်တွေက ဒီဇိုင်နာတစ်ယောက်ရဲ့ ဘယ်အသက်အရွယ် ဘယ်ပညာအရည်အချင်းမှာ ရေးဆွဲခဲ့တယ်ဆိုတာကို ပေါ်လွင်စေပါတယ်။ Supervisor Name ကိုဖော်ပြခြင်းအားဖြင့် ဘယ်သူ့ဆီမှာ သင်ကြားခဲ့ရတာ..ဘယ်လို Standard မျိုးနဲ့သင်ကြားခဲ့ရသလဲဆိုတာကို သိသာစေပါတယ်။

 

(3) Working Tasks
လုပ်သက်ငယ်တဲ့သူတစ်ယောက်အနေနဲ့ဖြစ်ဖြစ် .. လုပ်သက်ရင့်သူတစ်ယောက်ဖြစ်ဖြစ်.. Portfolio မှာပါဝင်တဲ့ပုံကိုကြည့်ရင်၊ လေ့လာရင်.. ဘယ်လို Firm မျိုးမှာ ဘယ်လောက်လုပ်သက်နဲ့လုပ်ခဲ့လဲဆိုတာ ခန့်မှန်းကြည့်လို့ရကြပါတယ်။
အလုပ်က Project တွေကတော့ ဒီလူတစ်ယောက်ဟာ လုပ်ငန်းခွင်မှာဘယ်လောက် Level ရှိလဲဆိုတာကို ဖော်ပြတဲ့အနေနဲ့ ထည့်သွင်းရတာဖြစ်ပါတယ်။ ဒါကြောင့်ဆွဲပုံတွေကိုဖော်ပြတဲ့အခါမှာ ရေးဆွဲထားတဲ့ဒီဇိုင်း၊ စိတ်ကူးထားတဲ့ဒီဇိုင်းကို လက်တွေ့မှာဘယ်လို Quality ရအောင်လုပ်ဆောင်နိုင်ခဲ့တယ်ဆိုတာကို ဖော်ပြနိုင်ဖို့အရေးကြီးပါတယ်။
Working Tasks တွေကိုဖော်ပြတဲ့အခါမှာ ထည့်သွင်းဖော်ပြသင့်တဲ့ Information တွေကတော့
(a) Project Title
(b) Project Size
(c) Project Type
(d) Position/ Responsibility
(e) Company Name
(f) Project Stage
(g) Project Timeline တွေကို ဖော်ပြဖို့လိုအပ်ပါတယ်။

 

(4) Creativity/ Arts
အလုပ်လုပ်ရာမှာဖြစ်ဖြစ် ကျောင်းတက်ရာမှာဖြစ်ဖြစ် .. ဒီဇိုင်နာတွေဟာ အချိန်အကန့်အသတ်ကြောင့်ဖြစ်စေ (ဒါမှမဟုတ်) ဆရာ/ဆရာမကြောင့်ဖြစ်စေ၊ အထက်လူကြီးကြောင့်ဖြစ်စေ၊ အလုပ်အပ်သူကြောင့်ဖြစ်စေ (ဒါမှမဟုတ်) နည်းပညာအခက်အခဲကြောင့်ဖြစ်စေ ကိုယ့်စိတ်ထဲရှိတဲ့အတိုင်း လုပ်ခွင့်ရတာနည်းကြပါတယ်။
ဒီအပိုင်းမှာတော့ .. အပြင်မှာလုပ်ခွင့်မရခဲ့တဲ့ ကိုယ့်စိတ်တိုင်းကျဆွဲထားတဲ့လက်ရာတွေ Visualizartion တွေ.. Model တွေ Sketch တွေကို စိတ်တိုင်းကျဖော ပြခွင့်ရှိပါတယ်။
ဒီလိုဖော်ပြတဲ့အခါမှာ.. Project Title အပြင် ကိုယ်ထည့်သွင်းချင်တဲ့အကြောင်းအရာတွေ Concept တွေကိုပါ ထည့်သွင်းဖော်ပြခွင့်ရှိပါတယ်။

အထက်ကဝေမျှသွားတဲ့အချက်တွေက Portfolio တစ်ခုပြုလုပ်ဖို့အတွက် ပါဝင်သင့်တဲ့ Content အမျိုးအစားများဖြစ်ပါတယ်။ အခြေအနေပေါ်မူတည်ပြီး Priority ကိုရွေးချယ်တတ်ဖို့လိုအပ်ပါတယ်။
ကျောင်းလျှောက်မယ်ဆိုရင်ဖြစ်စေ။ ကျောင်းပြီးစ– အလုပ်လျှောက်သည်ဖြစ်စေ Student Projects/ Creative Project တွေကိုဝေဝေဆာဆာဖော်ပြသင့်ပြီး အလုပ်လျှောက်မယ်ဆိုရင် Working Tasks ကိုဦးစားပေးဖော်ပြသင့်ပါတယ်။
ထို့အပြင် Portfolio Booklet တစ်ခုပြုလုပ်ဖို့အတွက် အရေးကြီးတဲ့အချက်တွေက (Format ပြင်ဆင်တဲ့အခါမှာ)
(1) Cover
(2) Themes
(3) Layout
(4) File size/ Sheet Number တွေပဲဖြစ်ပါတယ်။
ဒီအချက်တွေအကုန်လုံးက ကိုယ့်ရဲ့ Portfolio ကို ပံ့ပိုးပေးမယ့်အရာတွေဖြစ်ပါတယ်။

(1) Cover
ဘယ်လိုအမျိုးအစားစာအုပ်မဆို အဖုံးကိုကြည့်လိုက်တာနဲ့ အထဲကအကြောင်းအရာတွေကို ပြောပြနိုင်ပါတယ်။ ဥပမာ-ဝတ္ထုတစ်အုပ်ဆိုရင်တောင် အထဲမှာပါဝင်တဲ့အကြောင်းအရာနဲ့ပတ်သက်တဲ့ရုပ်ပုံတွေ စာသားတွေကို ထည့်လေ့ရှိပါတယ်။Architecture Portfolio အများစုမှာတော့ Cover ဟာ ကိုယ့်ရဲ့ Creativity ကိုပြလေ့ရှိပါတယ်။ဒါကြောင့် Cover မှာထည့်သွင်းတဲ့ပုံတွေကို Render ချထားတဲ့ ဓာတ်ပုံတွေကို ဒီအတိုင်းထည့်မယ့်အစား.. Editing လုပ်တာဖြစ်ဖြစ်.. Frame တစ်မျိုးပြုလုပ်တာဖြစ်ဖြစ် ပြောင်းလဲပြီးထည့်သွင်းနိုင်သလို Art Works တွေကို Cover မှာထည့်သွင်းနိုင်ပါတယ်။ အချို့သော Portfolio တွေမှာ လုံးဝကိုရိုးရှင်းပြီး Minimalist နဲ့ Style ကျကျပြသွားနိုင်တာကိုလည်း တွေ့ရနိုင်ပါတယ်။

 

(2) Themes
စာအုပ်တစ်အုပ်လုံးရဲ့ Unique ဖြစ်ခြင်း။မဖြစ်ခြင်း ကိုဖော်ပြပါတယ်။ အထဲမှာသုံးထားတဲ့ Colour, Pattern, Frame စတာတွေအားလုံးဟာ ကိုယ်ပြချင်တဲ့ Flow တစ်ခုအတိုင်းပဲ ဖြစ်နေဖို့လိုအပ်ပါတယ်။ Cover နောက်ပိုင်းမှာပါဝင်ရမယ့် စာရွက်တွေအားလုံးရဲ့ Themes ဟာ Cover မှာအသုံးပြုထားတဲ့ Themes ကို Reflect ဖြစ်နိုင်ဖို့လိုအပ်ပါတယ်။
အခြား elements တွေကို မလိုအပ်ဘဲလျှောက်ထည့်တာ၊ အရောင်တွေ (Tone) တွေပြောင်းသွားတာ .. Type မတူတဲ့အရောင်တွေ ရုတ်တရက်ကွဲထွက်သွားတာ (ပြီးခဲ့တဲ့အပတ်တွေမှာ အရောင်နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကိုပြန်ပြီး Refer လုပ်ချင်ပါတယ်) စတာတွေကို ရှောင်ကြဉ်သင့်ပါတယ်။
Themes ဆိုတဲ့အရာကို ဥပမာပေးရမယ်ဆိုရင်..ချောကလက်ရောင် Themes လေးတွေ၊ Wave လေးတွေ.. Colourful (Dynamic/ Passionate Colour) Themes လေးတွေ.. အဝိုင်းလေး.. လေးထောင့်လေး စတဲ့ ကိုယ်ပေးချင်တဲ့ Themes ကို Format အဖြစ် အသုံးချဖို့လိုအပ်ပါတယ်။

 

(3) Layout
ကိုယ်ဖော်ပြချင်တဲ့ ကိုယ့်အရည်အသွေးကိုပြနိုင်ဖို့အတွက် Layout ဘယ်လိုချမလဲဆိုတာ အရမ်းအရေးကြီးပါတယ်။ Layout က ဒီစာအုပ်တစ်အုပ်လုံးအတွက် Format တစ်ခုဆိုရင်လည်းမမှားပါဘူး။
ဒီစာအုပ်ထဲမှာပဲ အဝိုင်းတွေရော၊ လေးထောင့်တွေ ရော၊ စီချင်သလိုစီထားတဲ့ Format တွေဟာ ကိုယ့် Creativity လုပ်နိုင်ရည်စွမ်းကို အကဲဖြတ်တဲ့အခါမှာ အမှတ်လျော့စေပါတယ်။ ဒါကြောင့် ကိုယ်ကဘယ်ပုံတွေကိုတော့ ဘယ်လို Layout မှာထည့်မလဲ။ ဘယ်ပုံတွေကို အရင်ပြမလဲ။ ဘယ်ပုံကတော့ ပိုအရေးကြီးသလဲဆိုတာကို ရွေးချယ်ပြသတတ်ဖို့လိုအပ်ပါတယ်။
အရေးကြီးဆုံးအချက်ကတော့ ကိုယ့် Concept ကို ပေါ်လွင်စေတဲ့ပုံတွေ ဒီ Concept ဘယ်ကနေ ဘယ်လိုဖြစ်လာသလဲ၊ ဘယ်အချက်တွေကိုစဉ်းစားခဲ့သလဲဆိုတာကို ပေါ်လွင်အောင်ပြသတတ်ဖို့ အလွန်အရေးကြီးပါတယ်။ Render ပုံတွေ 3D ပုံတွေကိုတူညီတဲ့ View တွေကိုထပ်ခါတလဲလဲအသုံးပြုတာကို ရှောင်ကြဉ်ဖို့လိုအပ်ပါတယ်။

 

(4) File Size
တစ်ခါတစ်ရံမှာ ကိုယ်ပြချင်တဲ့ပုံတွေအရမ်းများနေတဲ့အခါ ပုံတွေစာတွေအများကြီးထည့်တတ်ကြပါတယ်။ ဒီလိုထည့်တဲ့အခါမှာ Soft File ဆိုရင် File Size 10 MB ထက်မကျော်ဖို့လိုအပ်ပါတယ်။ File Size နည်းနိုင်ရင် နည်းနိုင်သလောက်လျော့နိုင်ဖို့လိုအပ်ပါတယ်။ File Format ကို PDF Format ဖြစ်ဖို့လိုအပ်ပြီး. Sheet တွေကို တစ်ပေါင်းတည်းဖြစ်နေဖို့လိုအပ်ပါတယ်။
File တွေကိုလုပ်တဲ့အခါမှာ အများစုက Photoshop Application အသုံးပြုလေ့ရှိပါတယ်။ Photoshop Application ရဲ့အားနည်းချက်ကတော့ File Size တွေ ကြီးသွားတတ်ပါတယ်။ Photoshop ကိုအသုံးပြုရင် Sheet တစ်ရွက်ချင်းသာ Edit လုပ်လို့ရတဲ့အတွက် Sheet တွေကိုပြန်ပေါင်းဖို့ Acrobat Application နဲ့တွဲဖက်အသုံးပြုရပါတယ်။
တချို့ကတော့ Powerpoint Application သုံးပြီး Portfolio လုပ်လေ့ရှိပါတယ်။ ဒါပေမယ့် Resolution တွေလျော့သွားတတ်တာကြောင့် တစ်ခါတရံမှာ အခက်အခဲဖြစ်စေပါတယ်။ ဒါကြောင့် Indesign Software ကို အသုံးပြုဖို့အကြံပေးလိုပါတယ်။ Indesign Software ကို Youtube ကနေ အလွယ်တကူလေ့လာနိုင်ပါတယ်။ သူ့မှာ PDF, Photoshop, Illustrator, Image တွေကို အလွယ်တကူပေါင်းလို့ရတဲ့အပြင် File size သေးအောင် Manage လုပ်လို့ရပြီး Resolution လည်းမူရင်းအတိုင်း ထွက်နိုင်ပါတယ်။
Sheet Number ကို အများအားဖြင့် 20 Sheet ကို recommend ပေးကြပါတယ်။ Maximum 50 Sheet အထိသာ လက်ခံလေ့ရှိပါတယ်။ စာရွက် Size ကို A4 Landscape ဖြင့် Format သတ်မှတ်ကြတာများလေ့ရှိပါတယ်။

အထက်မှာဖော်ပြခဲ့တဲ့အချက်တွေအားလုံးက မိမိလေ့လာသင်ကြားခဲ့ရသော။ ပြင်ဆင်ခဲ့သော Portfolio Format ပေါ်မူတည်ပြီး မိမိတင်ပြနိုင်ခဲ့တဲ့ Format အတွင်းမှဝေမျှခဲ့ခြင်းသာဖြစ်သောကြောင့် အခြားသော Format များနှင့်လည်း အနည်းငယ်ကွဲလွဲမှုရှိနိုင်ပါသည်။ Portfolio ကောင်းတွေကိုလေ့လာချင်တယ်ဆိုရင် Pinterest/ Flickr စတဲ့ Website မှာလေ့လာနိုင်ပါတယ်။
အကောင်းဆုံး Portfolio များဖန်တီးနိုင်ပါစေလို့ တောင်းဆုပြုရင်း . .

ဇင်တာရာဝင်း