Live Life Dezine

Architecture & Design Magazine in Myanmar

ST & T Architects နှင့် အကယ်ဒမီ ကိုခန့်စည်သူတို့ ပေါင်းစည်းမှုရလဒ်

မင်္ဂလာပါဆရာ။ ဒီ Project လုပ်ဖြစ်ခဲ့ပုံလေးပြောပြပေးပါ။
ဒီ Project စလုပ်ဖြစ်တာက တခြားအနုပညာမိတ်ဆွေတွေကတဆင့် လာအပ်တဲ့ Project ပေါ့။ လာအပ်တဲ့အခါမှာ အစကတည်းက သူပြောတယ်။ မြန်မာမှုဆန်ဆန်နဲ့အိမ်လေးတစ်လုံးကို သူလိုချင်တယ်။ သူက ၃ ထပ်ဖြစ်မယ်။ လိုချင်တဲ့အခန်းဖွဲ့စည်းပုံလေးတွေ၊ အနုပညာရှင်တစ်ယောက်အနေနဲ့ အသုံးပြုရမယ့်သူ့ရဲ့ Space က ဘယ်လောက်ကျယ်ဝန်းချင်တယ်။ အဲဒီလိုမျိုးလိုအပ်ချက်တွေကိုပြောပြီးတော့ လာအပ်တယ်။ အိမ်ရဲ့ Expression အနေနဲ့ကတော့ မြန်မာဆန်တဲ့၊ မြန်မာအငွေ့အသက်နဲ့ အိမ်လေးကိုပဲလုပ်ချင်တယ်ဆိုတဲ့ Demand နဲ့လာတာပေါ့။ Design Concept ကို ဘယ်လိုစဉ်းစားဖြစ်ခဲ့ပါသလဲ ဆရာ။
နောက်ဒီဇိုင်း Concept ဆိုတာကလည်း ခုနကပြောသလိုပေါ့။ အဓိကကတော့ဘာလဲဆိုရင် အခုဒီမှာဆိုအိမ်တွေဆောက်ကြပြီဆိုလို့ရှိရင် တချို့တွေကလည်း Modern ပုံလို့ခေါ်နေကြတဲ့ Comtemporary ပေါ့။ ဒီလိုခေတ်ပြိုင်ပုံစံတွေကိုဆောက်တာကိုလုပ်ချင်တယ်။ တချို့တွေကလည်း ရိုမန်ဟေလာကြီးတွေနဲ့ပေါ့။ ကိုလိုနီယယ်စတိုင်လ်ပဲခေါ်ခေါ် Classic ပဲပြောပြော အဲဒီလိုဘက်ကို သွားချင်ကြတယ်။ ဗီလာကြီးတွေ၊… အပြည့်အစုံဖတ်ရန် »
View : 321 times

Interior Designer မမေစိုးယု နဲ့ Century Bar

Interior Designer အခန်းကဏ္ဍမှာတော့ Creative Fox Design & Build Co.,Ltd ရဲ့ Managing Director မမေစိုးယုရဲ့လက်ရာဖြစ်တဲ့ Century Bar ကို ဖော်ပြပေးလိုက်ပါတယ်။
Century Bar Project ကို စတင်လုပ်ဖြစ်ခဲ့ပုံ၊ Design Concept ၊ ရင်ဆိုင်ခဲ့တဲ့အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ၊ ဒီဇိုင်းဖန်တီးခဲ့တာနဲ့ပတ်သက်ပြီး ပြင်ခွင့်ရရင်ပြင်ချင်တဲ့အချက်တွေစတဲ့ ကဏ္ဍအလိုက်ဖြေကြားခဲ့တာတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ် . . . ထွဋ်ဝေယံ – မင်္ဂလာပါအစ်မ။ အစ်မရဲ့ကိုယ်ရေးအကျဉ်းလေးကို တစ်ချက်လောက်ပြောပြပေးပါ။
ကျွန်မနာမည်က မမေစိုးယုဖြစ်ပါတယ်။ ကျွန်မက Creative Fox Design ရဲ့ Managing Director တစ်ဦးဖြစ်ပါတယ်။ ကျွန်မက Raffles Design Institute မှာ ပညာသင်ကြားခဲ့ပါတယ်။ လတ်ဖြိုးဖြိုးအိ – ပထမဆုံးဒီ Project ကို… အပြည့်အစုံဖတ်ရန် »
View : 321 times

Mercury City Tower

Mercury City Tower သည် ရုရှားနိုင်ငံ၊ မော်စကိုမြို့ Moscow International Business Centre (MIBC) အနီးတွင်တည်ရှိကာ လန်ဒန်မြို့ရှိ Canary Wharf နှင့် ပဲရစ်မြို့ရှိ La Defense စသော အထပ်မြင့်အဆောက်အဦများနှင့်ဆင်တူသော်လည်း အရွယ်အစားပိုမိုကြီးမားသည်။ ၎င်းတာဝါသည် နဂိုမူလက ၃၈၀ မီတာအမြင့်အထိ ရည်ရွယ်ခဲ့သော်လည်း နောက်ပိုင်းတွင် ၃၃၉ မီတာ (၁၁၁၂ ပေ) အမြင့်သို့လျှော့ချကာ တည်ဆောက်ခဲ့သည်။
မော်စကိုမြို့သည် European Russia တွင်ပါဝင်သောကြောင့် ယင်းတာဝါမှာ ဥရောပတိုက်၏တတိယအမြင့်ဆုံး မိုးမျှော်တာဝါတစ်ခုဖြစ်လာခဲ့သည်။ အဆောက်အဦဒီဇိုင်းကို ဗိသုကာပညာရှင် Frank Williams (Frank Williams & Associates) မှရေးဆွဲခဲ့သည်။ ဗိသုကာပညာရှင်ကြီး Frank Williams မှာ ၂၀၁၀ ခုနှစ်တွင်ကွယ်လွန်ခဲ့ပြီး Trump Palace, W Hotel… အပြည့်အစုံဖတ်ရန် »
View : 324 times

အစိမ်းရောင်အဆောက်အအုံ (Green Building)

ဗိသုကာပညာသည် လွန်စွာပင်ကျယ်ပြောလှပါသည်။ တစ်ချိန်သောအခါက ဤပညာရပ်ကို “ဗိသုကာပညာ” ဟူ၍သုံးနှုန်းခဲ့ကြသော်လည်း ယခုအခါတွင်မူ အမည်အမျိုးမျိုးတပ်၍ သုံးနှုန်းနေကြပါပြီ။ ထိုအခါ ဗိသုကာပညာ၏အတိမ်အနက်က လွန်စွာကျယ်ပြန်ခဲ့သည်ဟုဆိုပါသည်။ ပမာအားဖြင့်
Organic Architecture
Sustainable Architecture
Minimalist Architecture
Hearing Architecture
Kinetic Architecture
Dinamic Architecture စသည်ဖြင့်သုံးနှုန်းကာ ပညာရပ်၏ကျယ်ပြန့်မှုသရုပ်ကိုပေါ်လွင်စေပါသည်။ တစ်ဖန် ဘာသာရေးကိုအခြေခံသည့် Zen Architecture ဆိုပြီး ကြားသိရပြန်ပါသည်။
ဤသို့အမျိုးမျိုးအထွေထွေရှိသည့် ဗိသုကာပညာများအကြားမှ ကျွန်တော် ဗိသုကာက “အစိမ်းရောင်အဆောက်အအုံ” ဟုခေါ်ဆိုရမည့် Green Building တစ်ခုအကြောင်းကိုတင်ပြပါမည်။ အကယ်၍ အစိမ်းရောင်အဆောက်အအုံဟုဆိုခြင်းဖြင့် အစိမ်းရောင်ရှိသော အဆောက်အအုံကိုဆိုလိုခြင်းမဟုတ်ပါ။
အချက်အလက်များဖြင့် ကျွန်တော်ဗိသုကာဆက်၍ရှင်းပြပြီးသည့်အခါတွင်မူ အစိမ်းရောင်အဆောက်အအုံဟု ခေါ်ဆိုရခြင်း၏သဘောသဘာဝကို နားလည်သဘောပေါက်ကြပါလိမ့်မည်။ ဤသို့ရှင်းပြရာ၌ “အစိမ်းရောင်အဆောက်အအုံ” ဟူ၍သတ်မှတ်ခြင်းခံထားရသည့် အဆောက်အအုံတစ်ခုကို နမူနာထား၍ ရှင်းပြပြောဆိုပါမည်။ ဤအဆောက်အအုံသို့ မိမိကိုယ်တိုင်ရောက်ခဲ့ဖူးကြောင်းကိုလည်း ပြောဆိုထားပါမည်။… အပြည့်အစုံဖတ်ရန် »
View : 327 times

ကမ္ဘာ့အကျယ်ဆုံးလိုဏ် မမ်ဗိုင်ရွှေတိဂုံ

မမ်ဗိုင်မြို့တော်ရဲ့အနောက်ဘက်ကမ်းခြေနှင့် ဆက်စပ်နေသော အာရေဗျရေပင်လယ်မျက်နှာပြင်ပေါ်တွင် ယခုအခါ ဗုဒ္ဓသာသနာရောင်ခြည် လန်းဖြာနေပေပြီ။
စေတီတော်၏ဘွဲ့အမည်ကို ကမ္ဘာသုံးစကားဖြင့် Global Vipassana Pagoda ဟုခေါ်တွင်ခဲ့၏။ GVP – Global Vipassana Pagoda ဆောက်လုပ်ခြင်းကို ၂၀ဝ၈ ခုနှစ်တွင် ပြီးစီးခဲ့သော်လည်း အိန္ဒိယနိုင်ငံတော်သမ္မတက ၂၀ဝ၉၊ ဖေဖော်ဝါရီလ၊ ၈ ရက်နေ့ကျမှ တရားဝင်ဖွင့်လှစ်ပေးခဲ့သည်။
ဗုဒ္ဓသာသနာနှင့် ရွှေတိဂုံစေတီသည် ခွဲမရသည့်တွဲဖက်တည်း။ မြန်မာနှင့်ဗုဒ္ဓဘာသာလည်းတစ်ထပ်တည်း။ အိန္ဒိယမှမြန်မာနိုင်ငံသို့ ကုန်သည်များမှတစ်ဆင့် ဝိပဿနာတရားမြတ်ရောက်လာသည်။ ယခုလည်း ကုန်သည်ကြီးဦးဂိုအင်ကာမှတစ်ဆင့် အိန္ဒိယသို့အရောက်ပြန်ပို့နိုင်ခဲ့ပေပြီ။ ဤသို့သောအချက်ကို မြန်မာရွှေတိဂုံ ဗိသုကာလက်ရာစေတီပုံတော်အား သင်္ကေတထားပြီး သာသနိကမော်ကွန်းကြီးစိုက်ထူထားနိုင်ခဲ့ပြီ။   အလှူတကာ၏ တရားပြဆရာ
သရေစည်သူ ဆရာကြီးဦးဘခင် (၁၈၉၉ – ၁၉၇၁) ၏ ထောက်ခံချက်ဖြင့် ဝိပဿနာတရားပြဆရာဖြစ်လာသူ ဆရာကြီးဦးဂိုအင်ကာ (၁၉၂၄ – ၂၀၁၃) က GVP စေတီတော်ကို… အပြည့်အစုံဖတ်ရန် »
View : 334 times

TRUMP INTERNATIONAL HOTEL & TOWER

အမေရိကန်ပြည်ထောင်စု၏ လက်ရှိသမ္မတ Donald Trump သည် ချမ်းသာကြွယ်ဝသော အိမ်ခြံမြေသူဌေးကြီး၏ သားဖြစ်ခဲ့သည့်အပြင် မိသားစုစီးပွားရေးလုပ်ငန်းကိုလက်လွှဲယူခဲ့ပြီးနောက် သူ့အားဒေါ်လာဘီလီယံပေါင်းများစွာ ပိုင်ဆိုင်စေမည့် ကမ္ဘာ့အဆင့်မီဟိုတယ်များ၊ Casino ကစားဝိုင်းများ၊ Office Tower များကို တည်ဆောက်ပြုပြင်သည့်လုပ်ငန်း များစွာလုပ်ကိုင်ခဲ့ပေသည်။ ထိုအဆောက်အအုံများတွင်လည်း သူ၏နာမည်ကိုအစွဲပြုကာ အမည်ပေးလေ့ရှိပေသည်။ ၄င်းတို့အနက်မှ ချီကာဂိုမြို့ရှိ အဆောက်အဦတစ်လုံး၏အကြောင်းကို ဖော်ပြလိုပါသည်။
No.401, North Wabash ရိပ်သာ၊ ချီကာဂိုမြစ်ဘေး၌တည်ဆောက်ထားပြီး ကွန်ဒို၊ retail space ၊ ကားပါကင်နှင့် ဟိုတယ်များပါဝင်သော တာဝါတစ်ခုဖြစ် သည်။ ယခင် Chicago Sun-Times Building တည်ရှိရာနေရာလည်းဖြစ်ပါသည်။ Donald Trump ၏အမည်ကိုအစွဲပြုကာ Trump International Hotel and Tower (သို့မဟုတ်) Trump Tower Chicago ဟု အမည်ပေးထားပေသည်။ ဟိုတယ်ခန်း ၃၃၉… အပြည့်အစုံဖတ်ရန် »
View : 341 times

White House Overview

အိမ်ဖြူတော်ဆိုသည်မှာ အမေရိကန်ပြည်ထောင်စုသမ္မတများ၏ တရားဝင်နေအိမ်တော်နှင့် အလုပ်နေရာဖြစ်သည်။ ၎င်းမှာ အမှတ် ၁၆၀ဝ ပန်ဆယ်ဗေးနီးယားရိပ်သာလမ်း အနောက်မြောက်ဝါရှင်တန်ဒီစီတွင်တည်ရှိသည်။ အမေရိကန်ပြည်ထောင်စုသမ္မတတိုင်း၏ နေအိမ်တော်ဖြစ်ခဲ့ပြီး John Adams လက်ထက် ၁၈၀ဝ ခုနှစ်တွင် အစဉ်အဆက်စတင်နေထိုင်ခဲ့ခြင်းဖြစ်သည်။ သမ္မတသက်တမ်းအတွင်းမှာ သမ္မတနှင့်သူ၏အကြံပေးများ၏ မိန့်ခွန်းပြောရန်အတွက်လည်း မကြာခဏသုံးသည်။
အိမ်တော်ကို အိုင်းရစ်(ခ်ျ)လူမျိုး ဗိသုကာဖြစ်သူ James Hoban မှ ရောမနှင့်ဂရိရှေးဟောင်းဟန်ဖြင့် ဒီဇိုင်းထုတ်ခဲ့သည်။ ဆောက်လုပ်ရေးကာလမှာ ၁၇၉၂ မှ ၁၈၀ဝ အထိကြာမြင့်ခဲ့ပြီး Aquia Creek သဲကျောက်ကို ဆေးအဖြူသုတ်ထားခြင်းဖြစ်သည်။ Thomas Jefferson ၁၈၀၁ ခုနှစ် အိမ်တော်သို့ပြောင်းရွှေ့လာချိန်တွင် သူဟာ (ဗိသုကာ Benjamin Henry Latrobe နဲ့အတူ) အပြင်သို့ထုတ်ထားသောအဆောင်တိုင်းတွင် မြင်းဇောင်းနှင့်စတိုခန်းများကိုဖုံးအုပ်ရန်အတွက် တိုင်လုံးများကို အစဉ်အတိုင်းချထားလိုက်သည်။ ၁၈၁၄ ခုနှစ်တွင် ၁၈၁၂ စစ်ပွဲကာလအတွင်း ဗြိတိသျှတပ်များကြောင့် အိမ်တော်မှာ ဝါရှင်တန်လောင်ကျွမ်းမှုနှင့်အတူ… အပြည့်အစုံဖတ်ရန် »
View : 338 times

ဆရာတော်ဦးပဏ္ဍိတ (ခေါ်) ဦးဘိုကြီးရဲ့ဘဝကောက်ကြောင်း

ဦးဇင်းသည် ငယ်စဉ်ကပင် ဗိသုကာပညာရပ်ကိုဝါသနာပါခဲ့သည်။ အကြောင်းမှာ ငယ်ဘဝပညာမသင်မီတည်းက သံဖြူပညာ၊ စန္ဒရားအတီးပညာနှင့် စန္ဒရားပြင်ပညာ၊ သံစဉ်အတွက် ကြိုးညှိသောပညာ၊ ဆိုင်းဘုတ်ရေးသော ပညာစသည့်အလုပ်များအား အဖေ့ထံမှသင်ယူရပြီး ရှေးအခါက မိဘလက်ငုတ်လက်ရင်းကိုသာ အမွေခံထိန်းသိမ်း၍ဆက်လုပ်ရလေ့ရှိသည့်အလျောက် အဘ(အဖေ)လုပ်ကိုင်နေသည့်ပညာရပ်အားလုံးကို လက်ဆင့်ကမ်းအမွေအဖြစ်တတ်အောင်သင်ခဲ့ရသည်။
၁၉၃၃ ခုနှစ်က မေမြို့(ပြင်ဦးလွင်)တွင်နေသည့်အတွက် မေမြို့သည် ဘုရင်ခံနွေရာသီရုံးထိုင်သောမြို့ဖြစ်ပြီး အိမ်ပုံစံများသည် ဘိလပ်(ဗြိတိသျှ) ပုံစံအတိုင်းဆောက်ထားသည်က များပါသည်။ Cottages များ၊ Mansions များ၊ ရုံးများစသည့်အများစုမှာ ဗြိတိသျှပုံစံများသာဖြစ်လေရာ ထိုအိမ်ပုံစံများကို ကိုယ်တိုင်ဆောက်တတ်ပါကအလွန်ကောင်းမည်ဟု ကလေးတွေးတွေးပြီး ထိုပညာမျိုးကိုသာသင်ပေးမည့်သူရှိလျှင် အလွန်သင်ချင်သည့်ပြင်းပြသောစိတ်အစွဲက မှေးမှိန်မသွားခဲ့ပါ။
ဦးဇင်းသည် ဆိုင်းဘုတ်ရေးရင်း အဆောက်အအုံကို အပီအပြင်ဆောက်သည့်ပညာနှင့်နီးစပ်သော မဏ္ဍပ်ဆောက်သည့်ပညာကိုသင်ပါက ကောင်းလိမ့်မည်ဟုအတွေးပေါက်လျက် အဘကိုခွင့်တောင်းကာ မဏ္ဍပ်ဆောက်သော စပ်ပန်းချီဆရာထံတွင် တပည့်ခံလိုက်သည်။ မဏ္ဍပ်ဆောက်ခြင်းကို ဦးဇင်းကမြင်သည်မှာ Full Size Model လုပ်သည်ဟုမြင်ကြောင်းဆိုပါသည်။ ထိုပညာကိုသင်ယူရင်း မြန်မာဗိသုကာဝေါဟာရဖြစ်သည့် စိုင်ပေါင်၊ ဒုရင်၊ တော်ရနောင်၊… အပြည့်အစုံဖတ်ရန် »
View : 346 times

မြန်မာနိုင်ငံဗိသုကာအသင်းဥက္ကဌ ဦးဆန်းဦးရဲ့ဘဝကောက်ကြောင်း

မင်္ဂလာပါဆရာ။ ဆရာ့အနေနဲ့ပေါ့နော်။ ငယ်စဉ်ကျောင်းသားဘဝကတည်းက ဗိသုကာပညာကို ဝါသနာပါခဲ့တာပါလားဆရာ။
ကျွန်တော်ငယ်ငယ်တုန်းကတည်းက ဝါသနာပါတယ်လို့ပဲပြောရမှာပေါ့။ ကျွန်တော် ၆ တန်းလောက်တုန်းက ကျွန်တော့်အဒေါ်အိမ်အပေါ်ထပ်မှာ ဂျပန်ကြီးတစ်ယောက်ရှိတယ်။ သူက မြန်မာပြည်ကိုဘယ်လိုရောက်နေလဲမသိဘူး။ ကျွန်တော်တို့ကြားတာတော့ သမ္မတရုံဆောက်တုန်းက သမ္မတရုံဒီဇိုင်းဆွဲတဲ့ Team ကနေ မြန်မာပြည်မှာကျန်ခဲ့တယ်လို့ပြောတယ်။ သူအိမ်ပုံစံတွေဆွဲနေတာ ကျွန်တော်တွေ့တယ်။ သူ့ဆီကပုံတွေကိုကြည့်ပြီး ကျွန်တော်အရမ်းကိုစိတ်ဝင်စားတယ်။ အဲဒီပုံတွေမြင်ပြီး ကျွန်တော်အိမ်ပုံတွေကို ၆ တန်း ၇ တန်းလောက်မှာစပြီးဆွဲတယ်။ ဆွဲပြီးတော့ ဆရာမကိုပေး၊ သူငယ်ချင်းတွေကိုပေးပေါ့နော်။ အိမ်ပုံစံတွေဆွဲတာကို အဲဒီကတည်းကစပြီးတော့ ရောဂါပိုးရသလို အရမ်းကိုဝါသနာပါခဲ့ပါတယ်။ ငယ်ငယ်တုန်းက ဗိသုကာနဲ့ပတ်သက်တဲ့အမှတ်တရလေးတွေရှိရင်လည်း ပြောပြပေးပါဦးဆရာ။
ပြောရမယ်ဆိုရင်တော့ ငယ်ငယ်တုန်းက ကျွန်တော့်အဖေကကျွန်တော့်ကို Blackboard တစ်ချပ်ဝယ်ပေးတယ်။ ၄ ပေ၊ ၃ ပေလောက်ရှိတယ်။ နောက်..ပလတ်စတစ်ကားလေးတွေ၊ အိမ်လေးတွေကိုလည်း အဖေက အစုံလိုက်လေးတွေဝယ်ပေးထားတယ်။ အားတယ်ဆိုတာနဲ့ Blackboard ကြီးကို ကြမ်းပြင်ပေါ်မှာချ၊ ပြီးတော့ အဲဒီအိမ်လေးတွေကိုနေရာချ၊ လမ်းလေးတွေဖောက်။… အပြည့်အစုံဖတ်ရန် »
View : 346 times

ဗိသုကာဘဝ လူငယ်ဗိသုကာများအတွက် သင်ခန်းစာ

ဗိသုကာတစ်ယောက်အတွက် ပျော်စရာအကောင်းဆုံးအချိန်မှာ Drawing board။ Computer ရှေ့ထိုင်၍ ပုံဆွဲနေရသောအချိန်ပင်ဖြစ်သည်။ သို့သော် လူ့ဘဝလူတို့ထုံးစံအတိုင်း ငွေလည်းရှာရသေးသည်၊ Ethics ခေါ် ကျင့်ဝတ်ကိုလည်းထိန်းရသည်။ ထိုအထဲ ပညာကိုတန်ဖိုးမထား၊ လိမ်ညာသွားသူများနှင့်လည်း ကြုံတွေ့နိုင်သည်။ ဤဆောင်းပါးဖြင့် လူငယ်ဗိသုကာများကို သက်ကြီးဗိသုကာတစ်ဦးက ဗိသုကာများဘဝတွင် ကြုံတွေ့နိုင်သည်များကိုတင်ပြပါသည်။
ငယ်စဉ်ကျောင်းအခါ ၂ တန်း/၃ တန်းမှစ၍ပင် ဝါသနာအရပန်းချီရေးဆွဲခဲ့ပါသည်။ ပန်းချီရေးဆွဲနေရလျှင်အချိန် ကုန်သွားသည်ကိုပင် မသိလိုက်ပါ။ ကလေးများဝါသနာအလျောက် ပန်းချီဆွဲခြင်း၊ ဘောလုံးကန်ခြင်းစသည်များကို လူကြီးသူမအချို့တို့က အားမပေးကြသဖြင့် ကလေးများက ဝှက်၍ခိုး၍ဆွဲကြရသည်မှာမဖြစ်သင့်ပေ။ လူတို့သည် မိမိတို့ကိုယ်စီပါရမီနှင့်ရှိကြသည်၊။ အတန်းစာ၊ ကျောင်းစာများတွင် များစွာမထူးချွန်လျှင်လည်း ကိုယ်ပိုင်ဝါသနာနှင့်ကံကြမ္မာအရ ဘဝတွင်ထူးချွန်ဖြစ်မြောက်ကြသောသူများ များစွာရှိကြပါသည်။
မိမိတို့ TTC ကျောင်း (ပြည်လမ်း)တွင်မူ ပန်းချီရေးဆွဲခြင်းကိုအားပေးခဲ့သည့်အပြင် ကျောင်းတွင်ပန်းချီဆရာတစ်ဦးနှင့် Handwork ခေါ် လက်မှုပညာဆရာတစ်ဦးလည်းရှိခဲ့သည်။ မိဘများကလည်း ပန်းချီရေးဆွဲခြင်းကို ပိတ်ပင်မှုမရှိခဲ့သည့်အပြင် ပန်းချီဆွဲရန်စာရွက်၊ ရောင်စုံဆေးစသည်တို့ကိုလည်း ဝယ်ပေးခဲ့ပါသည်။… အပြည့်အစုံဖတ်ရန် »
View : 223 times