Live Life Dezine

Architecture & Design Magazine in Myanmar

နောက်ဆုံးနှစ် ဗိသုကာကျောင်းသားများ၏ ဒီဇိုင်းသုတေသနစာတမ်းအတွက် စာဆောင်းပါး

ဒီဇိုင်းဆိုတာအနုပညာတစ်ခုဖန်တီးတာ
ဒီဇိုင်းတစ်ခုလုပ်တာဟာ အနုပညာပစ္စည်းတစ်ခု ဖန်တီးတာပါပဲ။
အနုပညာလက်ရာတစ်ခုသက်သက်ကတော့ အချိန်ကာလအကြာကြီးမှာ လူတွေအများကြီးက သူတို့ကြိုက်နှစ်သက်သလို ခံစားနိုင်ခွင့်ရှိတယ်။
အဆောက်အအုံတစ်ခုကတော့ တစ်စုံတစ်ဦး သို့မဟုတ် လူအများအသုံးတည့်ဖို့အတွက် တိကျတဲ့ဒီဇိုင်း ပြုလုပ်ရတာဖြစ်လို့ ကန့်သတ်ချက်ပိုများတယ်။ အဆောက်အအုံဒီဇိုင်းပြုလုပ်တယ်ဆိုတာ…
အဆောက်အအုံတွေကတော့ လူတွေနေချင်စရာကောင်းတဲ့ အတွင်းပတ်ဝန်းကျင် Interior Space လေး တစ်ခုကိုဖန်တီးပေးတာပါ၊ Mass တွေနဲ့ Spaces တွေကို လူတွေနေထိုင်ဖို့ လိုအပ်ချက်တွေနဲ့ပြည့်စုံအောင် သိပ္ပံနည်းပညာနဲ့ပေါင်းစပ်ထားတဲ့ အနုပညာလက်ရာတစ်ခုပါ။ ဒီတော့အထဲမှာနေမယ့် လူတွေရဲ့အကြိုက်၊ နေထိုင်မှုပုံစံ၊ အသုံးပြုမယ့်အကြောင်းအရာပုံစံ၊ အသုံးပြုမယ့်ကာလအပိုင်းအခြားနဲ့ကြာချိန်တို့ကို သေချာလေ့လာပြီး ဒီဇိုင်းပြုလုပ်မှအသုံးဝင်၊ အသုံးကျတဲ့လက်ရာ တစ်ခုဖြစ်လာမှာပါ။ လုံးချင်းလူနေအိမ်တွေကတော့ လူတစ်ဦး၊ ဒါမှမဟုတ် လူတစ်စုကို တိတိကျကျရည်ရွယ်ပြီး သူတို့လိုအပ်ချက်နဲ့ ကိုက်ညီအောင်လုပ်ရတာဖြစ်လို့ ပိုပြီးအနုစိပ်လာတယ်၊ အခုခေတ်မှာလူ့အသုံးအဆောင်တွေနဲ့နေထိုင်မှု စနစ်တွေကလည်း ပိုရှုပ်ထွေးများပြားလာတယ်၊ အိမ်ထဲမှာအိပ်မယ်၊ ထမင်းစားမယ်၊ ချက်ပြုတ်မယ်၊ အနားယူမယ်၊ သီချင်းနားထောင်မယ်၊ ရုပ်ရှင်ကြည့်မယ်၊ အပေါင်းအသင်းတွေဧည့်ခံမယ်၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့… အပြည့်အစုံဖတ်ရန် »
View : 916 times

ချစ်စရာအရွယ် ဗိသုကာသင်ကြမယ်

နိုင်ငံတကာစစ်တမ်းတွေအရ ကလေးတစ်ယောက်ရဲ့ ဦးနှောက်ဥာဏ်ရည်ဖွံ့ဖြိုးမှုဟာ အသက် (၃) နှစ်အရွယ်မှာ အသာဆုံးလို့ဆိုပါတယ်။ အသက် ၅ နှစ် မတိုင်ခင်မှာပဲ ကလေးတစ်ယောက်ရဲ့ ဦးနှောက်စွမ်းဆောင်နိုင်စွမ်းက (၉၀) ရာခိုင်နှုန်းအထိ တိုးတက်လာပါတယ်။ ကလေးတစ်ယောက် ဦးနှောက်ဖွံ့ဖြိုးနိုင်မှု အကောင်းဆုံးကာလအပိုင်းအခြားက အသက်(၁)နှစ် ကနေ (၅) နှစ်အတွင်း အကောင်းဆုံးလို့ဆိုနိုင်ပါတယ်။ စာရေးသူတို့လည်း ကလေးတွေကိုလေ့လာကြည့်ရင် အသက် (၁) နှစ်ကနေ (၅) နှစ်ကြား ကလေးအများစုဟာ အများအားဖြင့် အမေးအမြန်းထူလေ့ရှိပြီး အရာရာကို စူးစမ်းချင်စိတ်အမြဲရှိပါတယ်။ စာရေးသူတို့နိုင်ငံစနစ်အရ အသက် (၅) နှစ်ပြည့်တဲ့ကလေးတွေက အခြေခံပညာ မူလတန်းအဆင့်သို့တက်ရောက်ရပြီး အဆင့်ဆင့်အထက်တန်းသို့တက်ရောက်ကာ နိုင်ငံတော်အစိုးရမှ ပြဋ္ဌာန်းထားသောသင်ရိုးများကို သင်ကြားရပါတယ်။ ထိုသင်ရိုးတွေထဲ သိသင့်သိထိုက်တဲ့ဘာသာရပ် ပေါင်းစုံပါဝင်သော်လည်း ဗိသုကာပညာဘာသာရပ်နှင့်မူ ထိတွေ့မှု နည်းပါးလှတာကိုတွေ့ရပါတယ်။ စာရေးသူဆိုလိုတာက ဗိသုကာဘာသာရပ်သင်ရိုးအနေနဲ့ တစ်နှစ်ပတ်လုံးသင်ကြားစေချင်တာတော့မဟုတ်။ အခြေခံပညာကျောင်းတွေမှာ ဗိသုကာနဲ့ပတ်သက်တဲ့ အခြေခံသိသင့်သိထိုက်တာတွေကို ပရောဂျက်အငယ်လေးတွေနဲ့ ပျော်ပျော်ရွှင်ရွှင်သင်ကြားပေးခြင်းဖြင့်… အပြည့်အစုံဖတ်ရန် »
View : 918 times

PORTFOLIO ကောင်းတစ်ခု ဘယ်လိုဖန်တီးကြမလဲ

ဗိသုကာကျောင်းသားတစ်ယောက်အနေနဲ့ဖြစ်စေ၊ Professional တစ်ယောက်အနေနဲ့ဖြစ်စေ Portfolio ကောင်းတစ်ခုရှိဖို့လိုအပ်ပါတယ်။ Portfolio ဆိုတာ ကျောင်းသားတစ်ယောက် ဒါမှမဟုတ် Professional တစ်ဦးရဲ့အတွေးအခေါ်..ဖြတ်သန်းလာတဲ့ပညာရေး၊ အလုပ်အကိုင်စတဲ့အချက်တွေကို ဖော်ညွှန်းပြသတဲ့အရာ တစ်ခုဖြစ်ပါတယ်။
ကျောင်းလျှောက်ရာမှာလည်းကောင်း၊ အလုပ်လျှောက်ရာမှာလည်းကောင်း Portfolio ကောင်းတစ်ခု ရှိဖို့လိုအပ်ပါတယ်။ ယခုဝေမျှပေးချင်တဲ့အကြောင်းအရာက Portfolio ကောင်းတစ်ခု ဘယ်လိုပြင်ဆင်သင့်သလဲ..ဘယ်အချက်တွေကိုထည့်သွင်းပြီး ဖော်ပြသင့်တယ်ဆိုတဲ့ အချက်လေးတွေပဲဖြစ်ပါတယ်။ ဒီအချက်တွေကတော့ ကျောင်းတက်စဉ်က Career Workshop မှာဆရာ၊ ဆရာမများမျှဝေပေးခဲ့တဲ့ အချက်အလက်ကို ဖော်ပြပေးသွားဖို့ရည်ရွယ်ပါတယ်။ အထူးသဖြင့် Academic ဘက်က သူတွေအနေနဲ့ကျောင်းလျှောက်ရာမှာ ရွေးချယ်လျှင် မည်သည့်အချက်တွေကိုထည့်သွင်းစဉ်းစားလေ့ရှိတယ်ဆိုတာကို မျှဝေလိုပါတယ်။
Portfolio တစ်ခုလုပ်ပြီဆိုရင် အပိုင်းခွဲတတ်ဖို့လည်း လိုအပ်ပါတယ်။ General အားဖြင့် အပိုင်း (၄) ပိုင်းပါရှိပါတယ်။
ပထမပိုင်းအနေနဲ့ Personal Information (တချို့လည်းထည့်လေ့ရှိပါတယ်။ တချို့ကတော့ထည့်လေ့မရှိပါဘူး)
ဒုတိယပိုင်းအနေနဲ့ ကျောင်းတုန်းကလုပ်ထားတဲ့ Project တွေ။ (အလုပ်လျှောက်ရာမှာ –… အပြည့်အစုံဖတ်ရန် »
View : 920 times

ရန်ကုန်တက္ကသိုလ် ဓမ္မာရုံနှင့်အတူ

မြိတ်ကျောင်းသား လူငယ်တစ်ယောက် ၁၉၅၃/၅၄ ခု၊ ပညာသင်နှစ်၊ ဇွန်လ ၇ရက်၊ တနင်္ဂနွေနေ့၊ ညနေ ၅း၃၀ နာရီခန့်တွင် BAC – Dakota လေယာဉ်ဖြင့် ရန်ကုန်မြို့သို့ဆိုက်ရောက်လာ၏။ ထိုကာလက မင်္ဂလာဒုံလေယာဉ်ကွင်းကား ကွန်ကရိ Temac မဟုတ်ဘဲ စစ်သုံးများပါသော ယာယီစစ်သုံးသံပြားချပ်ခင်းပြေးလမ်း အခြေအနေဖြင့်သာ။
ထိုနှစ်တွင် မော်လမြိုင်ကောလိပ်ကိုစဖွင့်၏။ (ယင်းကောလိပ်အဆောက်အဦသည် ဗိသုကာစည်သူဦးတင်၏ ဒီဇိုင်းဖြစ်ပါသည်။) တနင်္သာရီတိုင်းမှ တက္ကသိုလ်ဝင်တန်းအောင်ပြီး ရန်ကုန်တက္ကသိုလ်မှာလာတက်လျှင် အဆောင်နေခွင့်မပေးပါ။
ကမာရွတ် (ထိုစဉ်ကရှိခဲ့သောအဝိုင်းကြီး) အနီး ဦးထွန်းလင်းခြံထဲရှိ သူ၏ဆွေမျိုးဦးလေး၏အိမ်တွင်နေပြီး နေ့ကျောင်းသားအဖြစ်တက်ဖို့ အစီအစဉ်ဖြင့်လာခဲ့၏။ ယင်းအိမ်မှ တစ်ဖာလုံမျှသာဝေးသည်။ ထို့ကြောင့် တက္ကသိုလ်ဓမ္မာရုံသို့ ညနေတိုင်းလိုလို သူရောက်ဖြစ်ခဲ့သည်။
ဤလူငယ်သည် ဗိသုကာဒဿန နောက်ခံသဘောတရားကို လုံးဝမသိ၊ နားမလည်ပါ။ သို့သော် ရန်ကုန်တက္ကသိုလ်ဓမ္မာရုံအဆောက်အဦ၏ ဗိသုကာ့လက်ရာဟန်ကို မျက်ကန်းနှစ်ခြိုက်သဘောကျခဲ့သည်။
သူအင်ဂျင်နီယာကျောင်းသားဖြစ်လာတော့ ရာမညအဆောင်တွင်အခန်းရသည်။ ဗိသုကာကျောင်းသားဘဝလေးနှစ်တာအတွင်း (ကျောင်းပိတ်ရာသီမှအပ) ရန်ကုန်တက္ကသိုလ်ဓမ္မာရုံကို… အပြည့်အစုံဖတ်ရန် »
View : 915 times

SKETCH FOR ARCHITECTURE

ကိုငြိမ်းချမ်း
ပထမဦးဆုံး အဘကိုညွန့်ဝင်းအနေနဲ့ ဆရာတို့ခေတ်က ဆရာတို့ကြုံခဲ့ရတဲ့ပညာရေး၊ ဆရာတို့ကြုံခဲ့ရတဲ့ အလုပ်အကိုင်အတွေ့အကြုံ၊ အခုလက်ရှိအနေအထားပေါ် မူတည်ပြီး Sketch for Architecture ကိုဘယ်လိုမြင်လဲ။ ဘယ်လောက်အရေးကြီးတယ်လို့မြင်တယ်ဆိုတာကို ပြောပြပေးပါဦး။ အဘညွန့်ဝင်း
ကိုငြိမ်းက ခေါင်းစဉ်တပ်ထားတာကတော့ Sketch for Architecture။ ဒါပေမယ့် ကျွန်တော်ကပြောသွားမှာက General ပေါ့။ အာခီတက်အနေနဲ့မဟုတ်ဘဲနဲ့ ငယ်ငယ်ကတည်းက အရုပ်ရေးတာဝါသနာပါခဲ့တာပေါ့။ ဆိုတော့ ကျွန်တော် Sketch နဲ့ပတ်သက်ပြီး General ပဲပြောပါ့မယ်။ အာခီတက်အနေနဲ့ကတော့ ကျောင်းပြီးခါစ အတွေ့အကြုံကိုပြောပြချင်ပါတယ်။ ကျောင်းပြီးတော့ ပထမဆုံးလုပ်တာကတော့ အိမ်လေးတစ်လုံးပေါ့။ Client က ရှေ့နေကြီးပေါ့ဗျာ။ ဆရာရွှေနဲ့တွဲပြီး ကျွန်တော်က လက်ထောက်အာခီတက်၊ ကျောင်းပြီးခါစ။ သူကအိမ်ရှင်ဆိုတော့ သူ့အိမ်ရဲ့ဒီဇိုင်းနဲ့ပတ်သက်ပြီး သိချင်တာတွေမေးတာပေါ့။ ဆရာရွှေကလည်းမပြော။ ကျွန်တော်ကျတော့လည်း တစ်ချိန်မှာ ဒီ Client က ကိုယ့်ယောက္ခမဖြစ်ရင်လည်း ဖြစ်လာနိုင်တဲ့အနေအထားကိုး။ ဆိုတော့ စကားတွေဘာတွေကျွံမှာစိုးတော့… အပြည့်အစုံဖတ်ရန် »
View : 923 times

အောင်မြင်တဲ့လူငယ် Architect တွေဖြစ်ဖို့ သိထားသင့်တဲ့အချက် (၁၀) ချက်

Architecture ဟာ Hetic အဖြစ်ဆုံး Major တွေနဲ့တန်းတူရှိနေတယ်လို့ ယုံယုံကြည်ကြည်ယူဆလို့ရပါတယ်။ ဒီနယ်ပယ်ထဲကိုဝင်လာပြီဆိုခဲ့ရင် ကျွန်တော်တို့ရဲ့အချိန်တွေနဲ့ ကြိုးစားမှုတွေကို ၁၀ဝ% နှစ်မြှုပ်ထားဖို့ လိုအပ်ပါတယ်။ Architecture School တစ်ခုကို စတင်တက်ရောက်တော့မယ်ဆိုတာနဲ့ စိန်ခေါ်မှုတွေနဲ့ပြည့်နေတဲ့ ခရီးစဉ်တစ်ခုက ကျွန်တော်တို့ကိုစောင့်ကြိုနေပါပြီ။ ကျောင်းပြီးခါစ ဗိသုကာကျောင်းသားကျောင်းသူတွေအနေနဲ့ Architecture တွေမှာစပြီး အာခီလောကကြီးထဲကို စတင်ဝင်ရောက်တော့မယ်လို့ ဆုံးဖြတ်ရတာမျိုးက..Challenge တစ်ခုဖြစ်နေတတ်ပါတယ်။ ကျွန်တော်တို့..အခုလက်ရှိပြင်ပမှာ Architecture နဲ့အသက်မွေးလုပ်ကိုင်နေကြတဲ့သူတိုင်းနီးပါးဟာလည်း သူတို့ရဲ့သက်ဆိုင်ရာ Challenge ကအမြဲရှိနေတတ်ပါတယ်။ ဥပမာ.. Licensed Architect ဖြစ်ဖို့ကြိုးစားကြတာမျိုး၊ #Senior Licensed Architect ဖြစ်ဖို့ပြင်ဆင်ရတာမျိုးစတဲ့ Challenge တွေက အမြဲလိုလိုရှိနေတတ်ပါတယ်။ မပြောင်းလဲတဲ့နိယာမတစ်ခုကတော့ “Success and Failure” ဆိုတာပါပဲ။ “အောင်မြင်မလား၊ ကျရှုံးမလား” ဆိုတဲ့သဘောတရားတစ်ခု အမြဲတည်ရှိနေတာပါ။ ဆောင်းပါးတစ်ခုထဲမှာ ဖော်ပြထားတာက
“Help Architects Conquer the… အပြည့်အစုံဖတ်ရန် »
View : 926 times

အနုပညာရှင် အစစ်ဆိုတာ

အနုပညာရှင်အစစ်ဆိုတာ ခေတ်မီအောင်လုပ်နေတဲ့လူမဟုတ်ဘူး။ ဒီခေတ်မှာ ဘယ်နိုင်ငံကဘယ်သူတွေ ဘာတွေလုပ်နေကြသလဲဆိုတာကြည့်ပြီး သူတို့နဲ့ခပ်ဆင်ဆင်လိုက်လုပ်နေတဲ့လူမျိုးမဟုတ်ဘူး။ ခေတ်နောက်လိုက်နေတဲ့ နောက်လိုက်မဟုတ်ဘူး။ သူလုပ်ချင်တာကို ဘယ်သူ့မျက်နှာမှမကြည့်ဘဲ လုပ်နေတဲ့လူမျိုး။ ငွေတွေအများကြီးရတိုင်းလုပ်နေတဲ့လူမဟုတ်ဘူး။သူစိတ်ဝင်စားတဲ့အရာတွေကို စူးစူးစိုက်စိုက်လုပ်နေတတ်တဲ့လူမျိုး။ ငွေရလို့လုပ်နေတာမဟုတ်ဘူး။ သူလုပ်ချင်လို့လုပ်နေတာ။ ငွေတွေအများကြီးရလို့လုပ်ပြီးသားတွေပဲ ထပ်ခါတလဲလဲလုပ်နေတတ်တဲ့လူတွေထဲမှာ အနုပညာရှင်စစ်စစ်တွေမပါဘူး။ သူတို့က လုပ်ပြီးသားတွေကိုထပ်လုပ်ရမှာ အင်မတန်ဝန်လေးတယ်။ သိပြီးသားတွေ ထပ်မသိချင်ဘူး။ မသိသေးတာတွေကိုရှာချင်တာ။ မဖြစ်ဖူးသေးတာတွေကို ဖြစ်အောင်လုပ်ကြည့်ချင်နေတာ။ တစ်နေရာတည်းမှာ အကြာကြီးရပ်မနေတတ်တဲ့လူ။   သူတို့က သူများလုပ်တာတွေကိုလှမ်းကြည့်တယ်ဆိုတာ သူအလုပ်ထဲက ဘယ်နေရာတွေမှာ ထည့်သုံးလို့ရမလဲကြည့်တာ။ သူ့အလုပ်အတွက်၊ သူ့ဖန်တီးမှုအတွက် ဘယ်လိုအထောက်အကူရမလဲဆိုတဲ့စိတ်နဲ့ သူများကိုလှမ်းကြည့်တာ။ သူတို့လုပ်သလိုလုပ်ဖို့ လှမ်းကြည့်တာမဟုတ်ဘူး။ ကိုယ့်ဖန်တီးမှုထဲမှာ တစိတ်တပိုင်းထည့်သုံးနိုင်ဖို့လှမ်းကြည့်တာ။ သူတို့က ဘယ်သူ့ကိုမှလုံးလုံးလျားလျား အားကျတာမျိုးမရှိဘူး။ ဘယ်သူနဲ့မှမတူတာမျိုး လုပ်ကြည့်ချင်တာ။ ဘယ်သူနဲ့မှမတူတဲ့ ကိုယ်သိပ်ကြိုက်တဲ့ဖန်တီးမှုမျိုးရရင် ပျော်နေတတ်ကြတာ။ အဲဒီအခိုက်အတံ့မှာ အဲဒါမျိုးတွေ ထပ်ခါထပ်ခါလုပ်နေတတ်တယ်။ ပိုက်ဆံရလို့ လုပ်နေတာတော့မဟုတ်ဘူး။ သူ့အတွေးထဲမှာ အတွဲလိုက်ကြီးရှိနေလို့ ခပ်ဆင်ဆင်တွေလုပ်ကြည့်နေမိတာ။ Project ဖြစ်အောင်လုပ်နေတာမျိုးတော့… အပြည့်အစုံဖတ်ရန် »
View : 925 times

Tools For Initial Step Of Architecture Students

ဗိသုကာကျောင်းစပြီး တက်ရောက်ရတော့မယ်ဆိုရင် စိတ်လှုပ်ရှားစရာကောင်းခြင်းတွေနဲ့ အတူစိတ်ဖိစီးမှု၊ စိန်ခေါ်မှုတွေကလည်း ဒွန်တွဲပါလာနိုင်ပါတယ်။ အဲဒါကြောင့် ကောင်းကောင်းမွန်မွန်နဲ့ ကိုယ့်အစွမ်းအစတွေ ဖော်ထုတ်နိုင်ဖို့အတွက် ကိုယ်ကိုင်စွဲအသုံးပြုရမယ့် လက်နက်တွေကိုကြိုပြီးသိထားမယ်၊ ကြိုလေ့လာထားမယ်ဆိုရင် ပိုပြီးတော့ကောင်းပါတယ်။ ဗိသုကာကိရိယာတွေက စိတ်ကူးစိတ်သန်းတွေကိုမြင်တွေ့၊ ထိတွေ့လို့ရနိုင်အောင် ကူညီထောက်ပံ့ပေးနိုင်တဲ့မရှိမဖြစ်အရာတွေဆိုလည်းမမှားပါဘူး။ နည်းပညာတွေတိုးတက်လာပေမယ့်လည်း ပုံကြမ်းရေးခြစ်ခြင်းကတော့ စိတ်ကူးတွေကို အရင်ဆုံးသုံးသပ်ကြည့်နိုင်တဲ့၊ ချပြကြည့်နိုင်တဲ့ပဏာမအဆင့်ပဲဖြစ်ပါတယ်။ ဒီဇိုင်းတွေကိုရုပ်လုံြးွကလာအောင်၊ ကိုယ်ပေးချင်တဲ့ Message ချပြနိုင်ခွင့်ရအောင်၊ ရှိပြီးသားပါရမီတွေကို ပိုကောင်းအောင်မွမ်းမံနိုင်အောင် ဆရာ/ဆရာမတွေရဲ့ အသင်အပြတွေကိုခံယူရမှာကတော့ အသေအချာပါပဲ။ သင်ကြားပြသမှုတွေအတွက်က ကိုယ်ပိုင်လေ့ကျင့်ရေးကိရိယာတွေလိုပါတယ်။ ဒါကြောင့် ပထမနှစ်ကျောင်းသား/သူတွေလိုအပ်မယ့် TOOLS လေးတွေကိုဖော်ပြပေးလိုက်ပါတယ်။ အကုန်လုံးကို တစ်ပြိုင်နက်တည်းဝယ်စရာမလိုဘဲ တစ်ဆင့်ထက်တစ်ဆင့် လိုအပ်လာသလို ဝယ်လို့ရပါတယ်။   1. Drawing Board
ကျောင်းက Studio Room တွေမှာ Drawing Table တွေထားပေးထားပေမယ့် အိမ်မှာရှိနေရင်ပိုကောင်းပါတယ်။ Drawing Board ရဲ့အားသာချက်ကတော့ Parallel Motion… အပြည့်အစုံဖတ်ရန် »
View : 927 times

အိမ်

“မိသားစု” -Family- တစ်ခုမှာ အဖေ၊ အမေနဲ့ မှီခိုသူ (အဒေါ်၊ ဦးလေး စသည်) နဲ့ သား၊ သမီးက နှစ်ယောက်လို့တွက်ရင်တောင် ငါးဦး၊ လူငါးသန်းရှိရင် မိသားစုတစ်သန်းရှိမှာပေါ့။
မိသားစုတစ်စုနေဖို့ အိမ်တစ်လုံးဆောက်ရတယ်ဆိုရင် လူဦးရေငါးသန်းရှိရင် အိမ်အလုံးပေါင်းက တစ်သန်း။ ယေဘုယျအားဖြင့် လူဦးရေသန်း (၅၀) လောက် လို့ဆိုကြတဲ့မြန်မာနိုင်ငံမှာ အိမ်အလုံးပေါင်းက ဆယ်သန်းပါလား။ နည်းတဲ့အရေအတွက်မှတ်လို့။
ဒီလောက်များတဲ့နေအိမ်တွေထဲမှာ -Scale – “အရွယ်အစား” တကယ်များပြီး “ပုံပန်း” -Form- က မကုန်ခမ်းနိုင်အောင်ရှိမလားပဲ။ “စနစ်” -Method- တွေကိုလည်း မဖြစ်ဖြစ်အောင်စဉ်းစားကြသေး။     ဒီလိုနေဖို့ “အိမ်” ကို ဘယ်တုန်းကတည်းကစပြီး စဉ်းစားသလဲ၊ ဆောက်ခဲ့သလဲဆိုတဲ့မေးခွန်းက အမေးလွယ်သလောက်ဖြေရအခက်သား။
ရှေးဦးလူသားဟာ ကွင်းပြင်မှာနေတော့မယ်ဆိုပြီး သစ်ပင်ပေါ်မှာဖြစ်သလို နေရာက သို့မဟုတ် သဘာဝဂူတွေထဲမှာ နေရာကထွက်လာကတည်းက ကြုံရတဲ့ပြဿနာပဲလို့ဆိုရင်မလွန်တန်ရာ။ ရှေးဦးလူသားဟာ… အပြည့်အစုံဖတ်ရန် »
View : 930 times

ချမ်းမြရွှေပြည်စံ တော်ဝင်ကျောင်းတော်နှင့် SPINE ARCHITECTS

ချမ်းမြရွှေပြည်စံတော်ဝင်ကျောင်းတော် (မန္တလေးတောင်) Project အကြောင်းကို Spine Architects မှ Principal Architect ဆရာစတီဗင်ဇော်မိုးရွှေနှင့် တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ ဆရာရဲ့ ဒီ Project မှာ Design Concept ၊ Material ရွေးချယ်အသုံးပြုမှုအကြောင်းတွေကို ပြည့်ပြည့်စုံစုံသိခွင့်ရပါတယ်။ အဆိုပါ အင်တာဗျူးအပြည့်အစုံကို ကျွန်တော်တို့ Live Life Media ရဲ့စာဖတ်ပရိသတ်ထံ ပြန်လည်ဝေမျှလိုက်ပါတယ် . . .   မင်္ဂလာပါ။ ပထမဦးဆုံးမေးခွန်းပါဆရာ။ မတူညီတဲ့ Client အလိုက် ဒီဇိုင်းပိုင်းဆိုင်ရာကို ဘယ်လိုမျိုးစတင်စဉ်းစားဖြစ်လဲ။
Client တစ်ယောက်နဲ့တစ်ယောက်မတူကြဘူးဗျ။ တစ်ယောက်လိုအပ်ချက် Functional Requirement နဲ့ တစ်ယောက်လည်းမတူကြဘူး။ သူတို့ရဲ့လိုအပ်ချက်ကို ကျေကျေလည်လည်နားလည်အောင် အရင်လုပ်ပြီးတော့မှ ဒီဇိုင်းပိုင်းဆိုင်ရာကိုစပြီးစဉ်းစားပါတယ်။   အခု Project ကို စတင်လုပ်ကိုင်ဖြစ်ခဲ့ပုံလေး ပြောပြပေးပါခင်ဗျ။
ကျွန်တော်တို့နဲ့ အင်မတန်ရင်းနှီးတဲ့ဝင်ဒါမီယာက ဘုန်းဘုန်းက… အပြည့်အစုံဖတ်ရန် »
View : 1,097 times