Live Life Dezine

Architecture & Design Magazine in Myanmar

အောင်မြင်တဲ့လူငယ် Architect တွေဖြစ်ဖို့ သိထားသင့်တဲ့အချက် (၁၀) ချက်

Architecture ဟာ Hetic အဖြစ်ဆုံး Major တွေနဲ့တန်းတူရှိနေတယ်လို့ ယုံယုံကြည်ကြည်ယူဆလို့ရပါတယ်။ ဒီနယ်ပယ်ထဲကိုဝင်လာပြီဆိုခဲ့ရင် ကျွန်တော်တို့ရဲ့အချိန်တွေနဲ့ ကြိုးစားမှုတွေကို ၁၀ဝ% နှစ်မြှုပ်ထားဖို့ လိုအပ်ပါတယ်။ Architecture School တစ်ခုကို စတင်တက်ရောက်တော့မယ်ဆိုတာနဲ့ စိန်ခေါ်မှုတွေနဲ့ပြည့်နေတဲ့ ခရီးစဉ်တစ်ခုက ကျွန်တော်တို့ကိုစောင့်ကြိုနေပါပြီ။ ကျောင်းပြီးခါစ ဗိသုကာကျောင်းသားကျောင်းသူတွေအနေနဲ့ Architecture တွေမှာစပြီး အာခီလောကကြီးထဲကို စတင်ဝင်ရောက်တော့မယ်လို့ ဆုံးဖြတ်ရတာမျိုးက..Challenge တစ်ခုဖြစ်နေတတ်ပါတယ်။ ကျွန်တော်တို့..အခုလက်ရှိပြင်ပမှာ Architecture နဲ့အသက်မွေးလုပ်ကိုင်နေကြတဲ့သူတိုင်းနီးပါးဟာလည်း သူတို့ရဲ့သက်ဆိုင်ရာ Challenge ကအမြဲရှိနေတတ်ပါတယ်။ ဥပမာ.. Licensed Architect ဖြစ်ဖို့ကြိုးစားကြတာမျိုး၊ #Senior Licensed Architect ဖြစ်ဖို့ပြင်ဆင်ရတာမျိုးစတဲ့ Challenge တွေက အမြဲလိုလိုရှိနေတတ်ပါတယ်။ မပြောင်းလဲတဲ့နိယာမတစ်ခုကတော့ “Success and Failure” ဆိုတာပါပဲ။ “အောင်မြင်မလား၊ ကျရှုံးမလား” ဆိုတဲ့သဘောတရားတစ်ခု အမြဲတည်ရှိနေတာပါ။ ဆောင်းပါးတစ်ခုထဲမှာ ဖော်ပြထားတာက
“Help Architects Conquer the world” ဆိုတဲ့စာသားလေးပါ။ ဒီနေရာမှာ #conquer ဆိုတာက သိမ်းပိုက်ခြင်း၊အောင်နိုင်ခြင်းကို ဆိုလိုတာမျိုးမဟုတ်ဘဲ ပြရုပ်တစ်ခုဖြစ်လာစေဖို့၊ သတိပြုမိလာစေဖို့ကိုပြောချင်တာဖြစ်ပါတယ်။
ခုဖော်ပြမယ့်အချက် (၁၀) ချက်က အောင်မြင်တဲ့လူငယ် Architect တွေတိုင်းသိထားသင့်မှာပါ။

 

1.Feel Lucky! (ကံကောင်းပြီလို့ ယူဆလိုက်ပါ)
ဒီ Field ထဲကို စတင်ဝင်ရောက်တော့မယ်ဆိုတာနဲ့ သိထားသင့်တာက “Architecture ဟာ History တစ်လျှောက် Civilization တစ်ခုလုံးပေါ်မှာ ကြီးမားတဲ့အကျိုးသက်ရောက်မှုတွေ၊ ပြောင်းလဲမှုတွေကိုဖြစ်စေခဲ့တဲ့ နယ်ပယ်တစ်ခုဆိုတာပါပဲ။
“I believe that the way people live can be directed a little by Achitecture” –Tadao Ando
“လူတွေအသက်ရှင် ရပ်တည်နေမှုဟာ Architecture အပေါ်မှာ တိုက်ရိုက်သက်ရောက်မှု အနည်းငယ်ရှိတယ်လို့ ကျွန်တော်ယုံကြည်ပါတယ်”
ဒီအဆိုကိုကြည့်ခြင်းအားဖြင့် Architecture ဟာ ယနေ့ခေတ်အကောင်းဆုံး Major တွေထဲကတစ်ခုလို့ ယူဆနိုင်ပါတယ်။
သိပ်မကြာသေးခင်ကပဲ ကျွန်တော် Grad စီးဖြစ်ပါတယ်။ ကားဆရာနဲ့စကားပြောဖြစ်ရင်းမေးတယ်ဗျ၊ သူတို့သိလောက်တဲ့ ကျွန်တော်ဒီဇိုင်းလုပ်ထားတဲ့ Building များရှိလားတဲ့။ ဒီနေရာမှာဖော်ပြပေးချင်တာက လူတော်တော်များများက မင်းဘာအလုပ်လုပ်လဲလို့မေးလာလို့ ကျွန်တော်တို့က Architect တစ်ယောက်ပါလို့ပြန်ဖြေတဲ့အခါများသောအားဖြင့် သူတို့တုန့်ပြန်လေ့ရှိတာက “အင်းကောင်းတယ်ဗျာ၊ အားပေးတယ်၊ ကျွန်တော်လည်း ငယ်ငယ်က Architect ဖြစ်ချင်ခဲ့တာ၊ ကျွန်တော်ကငယ်ငယ်ကတည်းက သင်္ချာလည်းညံ့သလို၊ ပုံဆွဲမှာလည်း အဆင်မပြေခဲ့လို့ဗျ” ဆိုပြီးပြန်ဖြေတာမျိုးတွေ့ရတတ်ပါတယ်။ သင့်ကိုလူတွေက Creative Thinking ရှိတဲ့လူတစ်ယောက်အဖြစ်မြင်စေပါတယ်။ သင့်အနေနဲ့ ဒါကိုဂုဏ်ယူပြီးတော့ သင့်ရဲ့ခရီးသစ်တစ်ခုကိုစတင်လိုက်ပါ။

 

2.Grow a Thicker Skin! (အရေထူပါ)
သင်ဟာအောင်မြင်တဲ့နယ်ပယ်ထဲကို ဝင်ရောက်လာရပြီဖြစ်လို့ ပျော်ရွှင်နေရပြီဆိုခဲ့ရင် ထိုအပျော်တွေကို ကြုံလာမည့်အခက်အခဲတွေကို ရင်ဆိုင်နိုင်ဖို့ ဆက်ထိန်းထားလိုက်ပါ။

(အကောင်းမြင်ဝါဒအမြဲရှိပါစေ)
ကျွန်တော်တို့ Project တစ်ခုကို နေ့ညမပြတ်လုပ်ဆောင်နေရတဲ့အခါတွေမှာ အကြီးအကျယ်စိတ်ဓာတ်ကျမှုတွေ ရှိကောင်းရှိလာနိုင်ပါတယ်။ အဲဒါတွေကို နည်းနည်းလေးမှလက်မခံလိုက်ပါနဲ့။ စဉ်းစားကြည့်လိုက်ပါ။ သင်တစ်ယောက်တည်းမဟုတ်ပါဘူး။ ဒါဟာ Architecture ရဲ့နေ့စဉ်ဘဝတွေထဲကတစ်ခုပါ။ အောင်မြင်ကျော်ကြားနေတဲ့ Architect တိုင်းလိုလိုကျရှုံးမှုတွေ၊ ငြင်းပယ်ခံရမှုတွေကို ဖြတ်ကျော်လာခဲ့ရတာပါ။ ဒီလိုအရာတွေကြောင့် သင့်ကိုလက်လျော့အရှုံးမပေးစေလိုပါဘူး။ စိတ်ရှည်သည်းခံပါ၊ အဲဒီအတွေ့အကြုံတွေကိုလေ့လာပါ၊ သင်ယူပါ၊ တောက်ပတဲ့လမ်းကြောင်းပေါ်ရောက်ဖို့ ရှေ့ဆက်တိုးလိုက်ပါ၊ ကြုံလာတဲ့အခက်အခဲတွေကို အခွင့်အရေးတစ်ခုအဖြစ်ပြောင်းလဲဖို့က သင့်လက်ထဲမှာပါ။ သေချာတာတစ်ခုက ကျွန်တော်ကိုယ်တိုင်ရော၊ အခုလက်ရှိ အောင်မြင်နေတဲ့သူတွေကိုယ်တိုင်မှာပါ ကြုံတွေ့ရလေ့ရှိတာက Faliure ကျရှုံးမှုပါပဲ။ လူတစ်ယောက်ဟာ သူဘယ်လောက်ကျရှုံးခဲ့တာထက်သူ့ရဲ့ကျရှုံးမှုအပေါ် ဘယ်လိုတွေသင်ခန်းစာယူခဲ့သလဲဆိုတာက သူ့ကိုပြောင်းလဲလာစေတာပဲဖြစ်ပါတယ်။ ကြုံတွေ့လာရမယ့်အခက်အခဲတွေ၊ သင့်ရဲ့ပြိုင်ဘက်တွေက သင်ရဲ့ခွန်အားတွေပါပဲ။ သူတို့ဆီက ဘယ်လိုလေ့လာမလဲ၊ သင်ခန်းစာယူမလဲဆိုတာကသာ အရေးကြီးဆုံးဖြစ်ပါတယ်။

 

3.Leave your Comfort Zone!
(သင့်ကို သက်တောင့်သက်သာဖြစ်စေတဲ့အရာတွေကို ထားခဲ့ပါ)
အသစ်အသစ်တွေကိုလေ့လာဖို့ ဘယ်တော့မှမကြောက်ပါနဲ့၊ လိုအပ်လာရင် အချိန်အကန့်အသတ်ပြီး ရှုပ်ထွေးနက်နဲတဲ့အရာတွေကိုပါလေ့လာပါ။ စိတ်ရှိရင် ဘာမဆိုဖြစ်နိုင်ပါတယ်။ တီထွင်ဆန်းသစ်ပါ။ သင့်ကို Comfort ဖြစ်စေတဲ့အချက်တွေက တကယ်အရေးပါပါတယ်။ ဒါပေမယ့် အဲဒီအရာတွေက သင့်ကို Flexible ဖစ်တဲ့ဒီဇိုင်းတစ်ခုကို လုပ်ဆောင်ပေးနိုင်ပါသလား။ Paper တွေပေါ်မှာရှိတဲ့ Crazy Idea တွေကနေ အောင်အောင်မြင်မြင်နဲ့ လက်တွေ့အသုံးချနိုင်တဲ့ Design Designs တွေအများကြီးထွက်ပေါ်လာပါပြီ။ Design လုပ်နေဖို့အတွက် အပြင်တွေသွားပါ၊ ပြပွဲတွေ Music Show တွေ၊ သင်တန်းအသစ်တွေကိုလေ့လာပါ။ တစ်ခါတလေ Relax လုပ်ရင်းနဲ့လည်း အသစ်အသစ်သောအရာတွေကို စူးစမ်းလေ့လာပါ။ ကျွန်တော်တို့ကို Comfort ဖြစ်စေတဲ့အရာတွေက အရေးကြီးပါတယ်။ Idea တွေရဖို့ Inspiration လုပ်တဲ့အခါ စာတွေထိုင်ဖတ်ရုံ၊ Internet တွေမှာ Inspired လုပ်ရုံမဟုတ်ဘဲ အပြင်ကိုထွက်ကြည့်ပါ။ အမျိုးမျိုးသောအသစ်အသစ်တွေက ရှိနှင့်နေပါပြီ။

 

4.Verbal Presentation!
တကယ်တော့ ဒါဟာ Magic ဆန်တဲ့အချက်တစ်ချက်ပါ။ သင်သာမှန်မှန်ကန်ကန်ရှင်းပြ ပြောပြနိုင်မယ်ဆိုရင် ဘာပဲဖြစ်ဖြစ်သင်ရဲ့ Project ဟာရောင်းထွက်မှာပါ။ စကားကောင်းကောင်းပြောတတ်ရုံနဲ့သာမန် Project က excellent ဖြစ်ပြီး၊ verbal မကောင်းတဲ့သူရဲ့ Project တွေထက် ပိုပြီးနှစ်သက်လက်ခံကြတယ်ဆိုတာ သိကြပြီးသားပါ။ ဒီအမူအကျင့်ဟာ သဘာဝအလျောက် ပြောတတ်ကြပါတယ်။ ဒါပေမယ့် ကျွမ်းကျင်ဖို့ကိုတော့ လေ့ကျင့်ယူရမှာပါ။
ဒါကတော့ လူရိုးလေးတွေအတွက် လက်တွေ့ကျတဲ့ Advice တွေပါ၊ မှန်ရှေ့မှာ ကိုယ့်ပြောတဲ့စကားနဲ့အတူ ကိုယ့်ရဲ့ Body Language ကိုပါ လေ့ကျင့်တင်ဆက်ရင်း အကဲဖြတ်ပါ။ သင်တကယ်ပြောတဲ့အခါမှာတော့ အသံကိုကိုယ်လေ့ကျင့်ခဲ့တာကို မပေါ်လွင်ပါစေနဲ့။ ကိုယ်အနေနဲ့ စိတ်နှစ်ပြီးရှင်းနေတယ်ဆိုတာပေါ်လွင်ပါစေ။ ကိုယ့်အနေနဲ့ Jury Presentation ဝင်သလိုမျိုးကိုယ့် Project တွေရဲ့ကောင်းတဲ့အချက်လေးတွေကို များများပြောပေးပါ၊ အားနည်းချက်တွေကိုတော့ Skip လုပ်လိုက်ပါ။ သင့်ကိုသင်အပြောကောင်းသူတစ်ယောက်ဖြစ်ပါစေ။

အများရှေ့မှာ စကားပြောခြင်းဆိုတာမျိုးက အာခီတက်တွေအတွက်ရော Designer တွေအတွက်ပါ အရေးပါတဲ့အရာတစ်ခုပါ။ ထိုကဲ့သို့ Present လုပ်ရာမှာ တခြားသောလေ့ကျင့်နည်းတွေထက် Client တွေနဲ့တွေ့ရင်ဖြစ်စေ၊ Seminar တွေမှာဖြစ်စေ ကိုယ်မစခင်မှာ”ပွဲမဝင်ခင် အပြင်ကကျင်းပဆိုသလို” အစမ်းလေ့ကျင့်ပါ၊ ကြိုတင်ပြင်ဆင်ပါ။ ထိုအချက်က သင့်ကိုအကောင်းဆုံး Presenter တစ်ယောက်ဖြစ်စေမှာပါ။ Present လုပ်ပြီးရင်လည်း ကိုယ်ရဲ့ Partner တွေကို ပြန်လည်သုံးသပ်ခိုင်းပါ။ ရှောင်သင့်တဲ့အချက်တစ်ချက်ကတော့ Client တွေကို Persent လုပ်တဲ့အခါ Architectural Terms တွေကို ထည့်မသုံးမိအောင်သတိထားပါ။ ဥပမာ- Articulation, Spatial, Organization, Building-envelop တဲ့အသုံးအနှုန်းတွေကိုမသုံးမိဖို့ သတိထားပေးပါ။

 

5.Ask-for-it
မျက်နှာပူပူနဲ့ပဲ ပြောရမှာပဲဗျ။ ဒီတစ်ချက်ကိုတော့ ကျွန်တော်တို့ရမယ့် Payment ကိုတိုးပေးဖို့တောင်းဆိုပါ။ ဒီအချက်က ကျွန်တော်အပေါ်မှာ ဖော်ပြပေးခဲ့တဲ့အချက်တွေကို ကိုယ်ကလည်းတကယ်လုပ်ဆောင်တယ်..။ Supervisor ကလည်း Satisfied ဖြစ်တယ်ဆိုရင်၊ Raise လုပ်ဖို့တောင်းဆိုပါ။ သင်ရဲ့အရည်အချင်းကိုလည်း တိုးတက်စေဖို့နည်းလမ်းတစ်ခုဖြစ်ပါတယ်။
Design နဲ့ပတ်သက်တာတွေ ထပ်တိုးလုပ်ဆောင်လိုပါသလား။
တောင်းဆိုပါ။ …
Site Supervisor နဲ့ပတ်သက်ပြီး အတွေ့အကြုံလိုချင်ပါသလား။
တောင်းဆိုပါ။
တချို့သောအရာတွေက ကိုယ်ကိုယ်တိုင်လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့၊ လေ့လာဖို့ရာ၊ တောင်းဆိုရတာ တွေရှိပါတယ်။
နောက်ထပ် ကျွန်တော်ထပ်ပြောပါမယ်….
…. တောင်းဆိုပါ။ ….

 

6.Don’t be Stabborn! (ခေါင်းသိပ်မမာပါနဲ့)
ကိုယ့် Idea ကိုကိုယ်ယုံကြည်ပါ။ ပွင့်လင်းစွာ ဝေဖန်ဆွေးနွေးပါ။ သင့် Project သာစစ်မှန်မယ်ဆိုရင် ဘယ်သူကမှ မတာဆီးနိုင်ပါဘူး။ ဒါပေမယ့် ကိုယ်ရဲ့အလုပ်ရှင်၊ အပေါင်းအသင်း၊ သူငယ်ချင်း၊ jury members၊ ဆရာသမားတွေဆီက ဝေဖန်ထောက်ပြမှုတွေကို လက်ခံနိုင်ပါစေ။

 

7.Learn new Things and Size the Moment (အသစ်အသစ်သော အကြောင်းအရာတွေလေ့လာပါ၊ အခွင့်အရေးကိုအရယူပါ)
Software တွေကိုလေ့လာပြီးအသုံးချခြင်းက သင့်ရဲ့ Architectural Project တွေရဲ့ Demand ကိုပိုတိုးလာစေမှာပါ။ သင်ကျောင်းတက်နေစဉ်အတွင်းမှာလည်း BIM software တွေကို proficient ဖြစ်အောင်လေ့လာထားပါ။ သင်နဲ့ထိတွေ့လုပ်ကိုင်နေတဲ့၊ သင်အားကျရတဲ့ အရည်အချင်းတွေရှိတဲ့၊ Knowledges တွေရှိတဲ့အာခီတက်ကိုရှာပါ၊ သူ့ဆီမှာ သင်ယူနိုင်ဖို့ကြိုးစားပါ။ ထိုသူတွေက သင့်ကိုတိုးတက်လာစေဖို့ လမ်းညွှန်ပြသပေးမှာဖြစ်ပါတယ်။ ဆရာတွေက သင့်ရဲ့မေးခွန်းတွေကိုကြိုဆိုနေပါတယ်။ Coffee တစ်ခွက်တိုက်ဖို့၊ Beer တစ်ခွက်တိုက်စရာမလိုဘဲနဲ့ကို သင့်အတွက်တန်ဖိုးရှိတာတွေကို သင်ယူနိုင်ပါတယ်။
ကျွန်တော်ကိုယ်တိုင်လည်း ကျောင်းပြီးခါစမှာ ဒီဇိုင်းလုပ်ဖို့ကို အရမ်းစိတ်အားထက်သန်နေခဲ့ပါတယ်။ အခု Intern ဆင်းနေတဲ့သူတွေလိုပဲ စစချင်းတော့စိတ်ဝင်စားဖို့ကောင်းတဲ့ Project တွေကို လက်လွှဲလုပ်ကိုင်ရတာမျိုးလည်းမရှိပါဘူး။ “သင့်ရဲ့မှန်ကန်တဲ့အိမ်မက်ကို ဖော်ဆောင်ဖို့က ၊ မှန်ကန်တဲ့ပေးဆပ်မှုတွေကနေပဲ ဖော်ဆောင်ပေးမှာပါ။”…..
ထပ်ပြီးပြောပါမယ်ဗျ…
“သင့်ရဲ့မှန်ကန်တဲ့အိမ်မက်ကိုဖော်ဆောင်ဖို့က၊ မှန်ကန်တဲ့ပေးဆပ်မှုတွေကနေပဲ ဖော်ဆောင်ပေးမှာပါ။ “ကျွန်တော်တို့ Strategy တစ်ခုချမှတ်ထားဖို့လိုပါတယ်။” အဲဒါက သင်အခွင့်အရေးတစ်ခုရခဲ့ရင် သေးသေးကြီးကြီး ထိုအခွင့်အရေးကို ကောင်းကောင်းအသုံးချပါ။ ကြိုးစားအားထုတ်ပါ။ Passion ထားဖို့ပါ။ သင်အလုပ်ပြီးရင်တောင် အတွေးထဲပေါ်လာတိုင်း စဉ်းစားပေးပါ။ ဒါဆို သင်နောက်တစ်နေ့မှာ ထိုအခွင့်အရေးအတွက် Idea တွေများစွာနဲ့ပြန်လည်စတင်နိုင်ပါတယ်။ သင့်ရဲ့ Supervisor သင့်အပေါ် သတိပြုမိလာသည်အထိ အားထုတ်ပါ။ထိုကဲ့သို့အားထုတ်ခြင်းရဲ့ရလဒ်အနေနဲ့ နောက်ပိုင်း Project တွေမှာ သင့်ကိုယ်တိုင်ပါဝင်လာရတာမျိုး တွေရှိလာမှာဖြစ်ပါတယ်။

 

8.Be Social! And Share (လူမှုဆက်ဆံရေးမှာကောင်းပါစေ၊ ပြန်လည်မျှဝေပေးပါ)
သင်ဟာဦးဆောင်သူတစ်ဦးဖြစ်ချင်တယ်ဆိုခဲ့ရင် ဒီအမူအကျင့်ကိုလည်း တတ်မြောက်ထားရမှာပါ။ သင်ရဲ့ပေါင်းသင်းဆက်ဆံမှုနယ်ပယ်ကို အတတ်နိုင်ဆုံးချဲ့ထုတ်ပါ။ Social Networking Site တွေကိုအသုံးပြုခြင်းဖြင့်လည်း အဆက်အသွယ်တွေရယူပါ။ သင်အနီးအနားက အပေါင်းအပါတွေကို အဆက်အသွယ်မပြတ်ပါစေနဲ့။ လူတွေနဲ့အမြဲတစေထိတွေ့ဆက်ဆံနေပါ။ သူတို့တွေကိုလည်း မသိဟန်တောင်မဆောင်မိပါစေနဲ့။
“သင့်ရဲ့လုပ်ဖော်ကိုင်ဖက် အပေါင်းအသင်းတွေကြား သူတို့ရဲ့လေးစားဆက်ဆံမှုကို ရချင်ပါသလား။”
“သင့်ရဲ့ရည်ရွယ်ချက်ထဲက တစ်ခုက အခုလက်ရှိလုပ်ကိုင်နေတဲ့ ပတ်ဝန်းကျင်မှာ နေရာတစ်ခုရလိုပါသလား။”
“ရာထူးတိုးတာ Salary မြှင့်ပေးတာမျိုးကိုရော။”
အဆိုပါအချက်တွေသေချာနေပြီဆိုခဲ့ရင် သင့်ကိုယ်သင် ထိုနေရာတွေမှာ အရေးပါတဲ့လူတစ်ယောက်အဖြစ် ရပ်တည်ဖို့ကြိုးစားပါ။ ကိုယ်စိတ်ဝင်စားတဲ့အရာတစ်ခုကိုရှာပါ။ ပြီးနောက် ထိုအရာကို ကျွမ်းကျင်ပိုင်နိုင်အောင် လေ့ကျင့်ပါ။ ထိုအရာနဲ့ပတ်သက်ပြီး အခြားသူတွေက သင့်ကို Champion တစ်ယောက်အဖြစ်မြင်ပါစေ။
ဥပမာ- တစ်ခုပြောပြရရင် ကျွန်တော့်သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ ကိုရဲဆိုရင် သူ့အနေနဲ့ Sustainable နဲ့ပတ်သက်တာကို သူအရမ်းစိတ်ဝင်စားတယ်။ အဲဒါကြောင့်လည်း Sustainable နဲ့ပတ်သက်တဲ့ Seminar တွေသွား၊ workshop တွေတက်၊ စာတွေဖတ်၊ သင်တန်းတွေ တက်စတဲ့အလေ့အကျင့်တွေ ပြုလုပ်လာပါတယ်။ သူ့အတိုင်းအတာတစ်ခုထိ လေ့လာပြီးတဲ့နောက် သူ့ရဲ့အနီးအနားပတ်ဝန်းကျင်က သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေကို ပြန်လည်မျှဝေပေးတယ်။ နောက်ပြီး သူအလုပ်လုပ်နေတဲ့ပတ်ဝန်းကျင်မှာပါ in-house-seminar လေးတွေလုပ်ပြီး ပြန်လည်မျှဝေခဲ့ပါတယ်။ သူ့ရဲ့စိတ်အား ထက်သန်မှုနဲ့ လေ့လာမှုတွေကြောင့် သူ့ရဲ့ပတ်ဝန်းကျင်မှာရော အလုပ်ဝန်းကျင်မှာပါ သူ့ကိုအလေးထားလာခဲ့ကြပါတယ်။
Mentorship လမ်းပြပေးခြင်းမှာ နည်းနှစ်နည်းရှိပါတယ်။ သင်က Photoshop သင်တဲ့သူတစ်ယောက်ဆိုပါစို့၊ ဒါဆိုသင့်ရဲ့ Tutorial တွေ၊ Training တွေကိုဝေမျှပေးပါ။ ဒါမှမဟုတ် ကျွန်တော်အပေါ်မှာ ဖော်ပြခဲ့တဲ့သူငယ်ချင်းကိုရဲလို Sustainable ကိုလေ့လာနေသူဆိုရင် Study Group လေးတွေလုပ်ပြီးဝေမျှပေးပါ။ သင်ရဲ့မျှော်မှန်းချက်ကလည်း သင့်ရဲ့ Knowledge တွေကို တတ်နိုင်သမျှဝေမျှဖို့ဖြစ်ရပါမယ်။ ဒီလိုဆို သင့်ကိုရော သင့်ရဲ့လုပ်ငန်းတွေကိုပါ အများကသိမြင်လာပါလိမ့်မယ်။ အခုခေတ်က ပြောင်းလဲနေပါပြီ။ သင်ကများများမျှဝေလေ၊ သင့်ဆီများများပြန်ရလေဖြစ်ပါတယ်။ Win-Win သီအိုရီလိုပါပဲ။

 

9.Engage with Community!
ဒီအချက်က လူမှုဆက်ဆံရေးနယ်ပယ်တွေထဲမှာ အရေးပါတဲ့အချက်တစ်ခုပါ။ တကူးတကကို အရေးပေးပြီးလုပ်ရမယ့် အရာတစ်ခုပါ။ သင် Architect တစ်ယောက်အနေနဲ့ Design တွေကိုစဉ်စားရင်းနဲ့ပဲ အချိန်ကုန်မခံပါနဲ့။ Commuinity နဲ့ပတ်သက်တဲ့လုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ပေးပါ။ လူတော်တော်များများဟာ Architect တွေဆီမှာ Design အပ်ဖို့မတတ်နိုင်ကြပါဘူး။
သင်ရဲ့ Potentials တွေထက် သူတို့အတွက် Service လုပ်ဖို့ဆန္ဒရှိပါသလား။ သင့်ကို ယုံကြည်လေးစားရလောက်တဲ့ Architect တစ်ဦးဖြစ်လာစေဖို့ရာ လူတွေနဲ့ သူတိုရဲ့ပတ်ဝန်းကျင်ကိုပထမဆုံး Service ပေးဖို့လိုအပ်ပါတယ်။ Architecture ဆိုတာက Service ပေးတဲ့ Profession တစ်ခုဖြစ်ပါတယ်။ သင့်မှာ ဘယ်လောက်အရည်အချင်းတွေကိုပြဖို့၊ သင်နဲ့အတူ Network တစ်ခုလိုပါလိမ့်မည်။ အဆက်အသွယ်ကောင်းကောင်းရှိနေခြင်းက သင့်ရဲ့အလုပ်ကိုပိုမိုအဆင်ပြေစေနိုင်သလို၊ အခွင့်အလမ်းတွေလည်း များစွာဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါကြောင့် တောင့်တင်းတဲ့ကွန်ရက်တစ်ခုတည်ဆောက်ထားပါ။ 

 

10. Meditate! (စိတ်အေးအေးနဲ့ တွေးတောဆင်ခြင်ပါ)
ဒီ Article ရဲ့နောက်ဆုံးအချက်ဖြစ်တယ်ဆိုပေမယ့် အောင်မြင်ဖို့ရာအတွက်တော့ ပထမဆုံးစတင်ရမယ့် ခြေလှမ်းတစ်ခုပါ။ Creative ဖြစ်တဲ့ Idea တွေဟာ သင်တစ်ယောက်တည်း အချိန်ယူပြီးစဉ်းစားမှ ထွက်ပေါ်လာမြဲဖြစ်ပါတယ်။ အနှောင့်အယှက်ကင်းကင်းနဲ့ အတွေးများစေတာက သင်ရဲ့ Role ကို Problem-solver တစ်ယောက်အဖြစ်မြှင့်တင်ပေးမှာပါ။ သင့်ရဲ့ဒီဇိုင်းတွေနဲ့ ယနေ့ကမ္ဘာပေါ်မှာ ဖြစ်ပေါ်နေတဲ့ပြဿနာတွေကို ဘယ်လိုကူညီနိုင်မလဲဆိုတာကို များများတွေးပေးပါ။

အမ်ကေမိုး

Translated from
www.arch2o.com/success-tips-young-architect/
www.businessofarchitecture.com/