Live Life Dezine

Architecture & Design Magazine in Myanmar

My Dream House

TMW Enterprise နှင့် မြန်မာနိုင်ငံဗိသုကာအသင်းတို့ပူးပေါင်းကျင်းပသည့် My Dream House ပြိုင်ပွဲတွင် ဝင်

ရောက်ယှဉ်ပြိုင်ပြီး ဆုအသီးသီးရရှိခဲ့သည့် ဗိသုကာများအား တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။

 

1st Prize

Thu Aung

Zin Mar Ko Ko

လူငယ်ဗိသုကာတွေအတွက် AMA ကကျင်းပတဲ့ ဒီဇိုင်းပြိုင်ပွဲတော်တော်များများကိုတတ်နိုင်သလောက် ၀င်ပြိုင်ဖြစ်ပါတယ်။ အခုကျင်းပတဲ့ My Dream House ပြိုင်ပွဲကိုလည်း AMA ကပြိုင်ပွဲ ကြေညာပြီးပြီးချင်းပဲ ခေါင်းစဉ်လေးလည်း သဘောကျတာနဲ့ဝင်ပြိုင်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ ကျွန်တော့်အတွက် တိုက်ဆိုင်မှုလို့ပဲပြောရ မလား။ ကံကောင်းတယ်လို့ပဲပြောရမလားတော့မသိဘူး။ ပြီးခဲ့တဲ့မေလတုန်းက ကျွန်တော်က မိသားစုကိစ္စနဲ့ ကလောကို သွားခဲ့ရတယ်။ ကလောရောက်ဖြစ်တော့ အင်းပြင်ရွာနားမှာမြေကွက်လေးတစ်ကွက်ရောင်းဖို့ရှိတယ် ဆိုလို့ သွားကြည့်ဖြစ်ခဲ့ရင်း မြေကွက်နေရာလေးရောက်တော့ ကျွန်တော်အရမ်းသဘောကျသွားတယ်။ နေရာ လေးက အရမ်းကိုသာယာတယ်။ မြေပြင်က ပြင်ညီမဟုတ်ဘူး။ တောင်စောင်းလေးမှာ ဆင်ခြေလျောလေး။ အဲ့ဒီ မြေနေရာကနေ မြင်ရတဲ့ရှုခင်းကလည်း တကယ့်ကို စွဲမက်စရာကောင်းပါတယ်။ မြေကွက်ဝယ်ခြင်း မ၀ယ်ခြင်း ထက်ကို ကျွန်တော်က အဲ့ဒီနေရာလေးအတွက် အိမ်ကလေးကိုအဲ့နေရာမှာတင်စပြီး စဉ်းစားနေခဲ့မိတာပါ။ အဲ့ဒီ နောက်မှာတော့ TMW Enterprise နဲ့ AMA က ပူးပေါင်းပြီး My Dream House ပြိုင်ပွဲလေးမှာ ကိုယ့်စိတ်ကူးထဲ ကနေရာလေးမှာ လွတ်လွတ်လပ်လပ်စဉ်းစားလို့ရတယ်ဆိုတာသိရတော့ ကျွန်တော်စိတ်ကူးပြီးသားအိမ်က လေးကို အကောင်အထည်ဖော်ပြီး Design ပြုလုပ်တင်သွင်းခဲ့ပါတယ်။

ပုံတွေကို ကျွန်တော်နဲ့ ဗိသုကာ မဇင်မာကိုကို နဲ့ ၂ ယောက်တိုင်ပင်ပြီး ဆွဲခဲ့ကြပါတယ်။ အချိန်အားဖြင့် ဆိုရင်တော့ Design စလုပ်တာကနေ Submit လုပ်တဲ့အချိန်ထိ ၂ပတ်လောက်ကြာတယ်။

အပြင်လောကလို အကန့်အသတ်တွေမများဘဲနဲ့ လွတ်လွတ်လပ်လပ်စဉ်းစားခွင့်ပေးထားတဲ့ပြိုင်ပွဲလေး ဆိုတော့ အခက်အခဲကတော့ အများကြီးမရှိခဲ့ပါဘူး။ Floor Area ကို Limit လုပ်ထားတာလေးကြောင့် အခန်း Size တွေပြန်သေးလိုက်ရတာတို့၊ Area တွေများနေလို့ Requirement အပြင် တခြားထပ်ထည့်ထားတဲ့ Facalities လေးတွေ ပြန်ဖြုတ်လိုက်ရတာတို့တော့ရှိတယ်။

Concept ကတော့ ရိုးရှင်းတယ်။ တောင်တန်းဒေသမှာဆောက်တဲ့အိမ်လေးဆိုတော့ တောင်တန်းလေး လိုမျိုး အဆင့်ဆင့်ထပ်နေတဲ့ Concept ပါ။ Planning ပိုင်းရော 3D Form ပိုင်းမှာပါ ဒီ Concept လေးနဲ့ Design လုပ်ထားပါတယ်။ Planning လုပ်တဲ့နေရာမှာ အခန်းတွေရဲ့အသုံးပြုမှုပုံစံပေါ်မူတည်ပြီး Level 4 ခုခွဲထားပါ တယ်။ Level တစ်ခုနဲ့ တစ်ခုချိတ်ဆက်တဲ့နေရာမှာ အနိမ့်အမြင့်မညီတဲ့တောင်ကုန်းလေးတွေပေါ် အတက် အ ဆင်းလုပ်ရတဲ့ပုံစံမျိုးလေးဖြစ်အောင် နေရာအဆင့်ဆင့်နေရာချထားပါတယ်။ Entrance ကနေ၀င်ဝင်ချင်း Level 1 မှာ မိသားစုအားလုံး စုဝေးအသုံးပြုရတဲ့ Function တွေဖြစ်တဲ့ Living တို့ Dining တို့ကိုနေရာချထားပါတယ်။ Level 1 ကနေတစ်ဆင့်တက်သွားရတဲ့ Level 1A မှာတော့ တိတ်တိတ်ဆိတ်ဆိတ် နဲ့ Quiet Space တွေဖြစ် တဲ့ Shrine နဲ့ Reading Corner ရှိမယ်။ Level 1 ကနေ အောက်တစ်ဆင့်ဆင်းရတဲ့ Level 2 မှာ Master Bed Room ရှိပြီးတော့ အဲ့ဒီကနေ နောက်တစ်ဆင့်မှာတော့ Bed Room ၂ခန်းနဲ့ သူ့တို့အတွက် Lounge တစ်ခုရယ် Common Bath & WC ရယ်ရှိပါတယ်။ အခန်းတိုင်းအခန်းတိုင်းကနေ တောင်စောင်းပေါ်က ရှုခင်းကိုခံစားလို့ ရ အောင် ဂရုတစိုက်နေရာချထားပါတယ်။ အိပ်ခန်းကနေ အပြင်ထွက်ပြီးအနားယူနိုင်အောင် Design လုပ်ထားတဲ့ Decking Area တွေကလည်း ဒီအိမ်လေးရဲ့ အဓိကအရေးကြီးတဲ့အစိတ်အပိုင်းလေးတွေပါ။ 3D Form စဉ်းစား ထားတဲ့အပိုင်းမှာတော့ တောင်တန်းတွေကို Concept ယူပြီး အရိုးရှင်းဆုံးပုံစံတစ်ခုဖြစ်အောင် ဖန်တီးခဲ့ပါတယ်။ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေမှုရှိအောင်ရယ် ရာသီဥတုဒဏ်ခံနိုင်မှုရယ်ကိုအဓိကထားစဉ်းစားထားပါတယ်။

Main Structure ကတော့ Reinforced Concrete အနေနဲ့ပဲ စဉ်းစားထားပါတယ်။ Building Material အပိုင်းမှာတော့ အမိုးကိုအုတ်ကြွပ်ရွေးထားပါတယ်။ Wall Finishing ကို Brushing Concrete Paint နဲ့ Inax Japan Tile (HAL-RSKH4) ကို တွဲဖက်အသုံးပြုထားပါတယ်။ ပြတင်းပေါက်နဲ့ တံခါးတွေမှာတော့ Picture Window အဖြစ်နဲ့ Full Height Glass တွေအသုံးပြုချင်တာကြောင့် LIXIL WE-PLUS series ထဲက Aluminium Window & Door တွေကို ရွေးထားပါတယ်။ Building Material တွေကို ရွေးချယ်တဲ့နေရာမှာ သဘာဝဆန်တဲ့သွင်ပြင်ရှိဖို့ရယ်။ ရာသီဥတုပြောင်းလဲမှုတွေနဲ့ တိုက်ရိုက်တွေ့ထိမယ့်နေရာတွေ ဖြစ်တာကြောင့် ရေရှည်ခံမပျက်စီးမယ့်ပစ္စည်းတွေ၊ ပြုပြင်ဖို့စရိတ်နည်းမယ့်ပစ္စည်းတွေကို အဓိကရွေးချယ်ပါတယ်။ Interior Design မှာတော့ Inax ကပစ္စည်းဖြစ်တဲ့ Ecocarate Tile, Inax Vietnam Tile, Inax Japan Tile တွေကို အသုံးပြုထားတယ်။ အခန်းရဲ့အသုံးပြုမှုနဲ့ကိုက်ညီပြီး ကျန်းမာရေးနဲ့ညီညွတ်မယ့်ပစ္စည်းလေးတွေကို ရွေးချယ်ခဲ့ ပါတယ်။

အခုလို Design Competition တွေကျင်းပပေးတာအရမ်းကောင်းပါတယ်။ အထူးသဖြင့်လူငယ်ဗိသု ကာတွေအတွက်တော့ တကယ့်အခွင့်အလမ်းကောင်းတွေပါ။ မတူညီတဲ့ခေါင်းစဉ်တစ်ခုတိုင်းအတွက် အသစ် သစ်တွေလေ့လာမှတ်သားဖြစ်ကြသလို ကိုယ့်အတွက်အတွေ့အကြုံအသစ်တွေလည်းရနိုင်ပါတယ်။ အဲ့တာ ကြောင့် ကျွန်တော်ပြောချင်တာက ကျွန်တော်တို့သူငယ်ချင်းတွေနဲ့ ညီ/ညီမ Young Architect တွေအနေနဲ့  Design Competition တွေကိုတတ်နိုင်သလောက်ဝင်ပြိုင်ကြပါလို့ တကယ်အကျိုးရှိမှာပါလို့ပြောချင်ပါတယ်။

လူတိုင်းမှာ တစ်ချိန်ကျရင် ဘယ်လိုပုံစံလေးတော့ ဆောက်ပြီးနေမယ်ဆိုပြီး စိတ်ကူးထားတဲ့ အိမ်လေး တစ်လုံးလောက်တော့ရှိကြမှာပါ။ အဲ့ဒီလိုစိတ်ကူးထားတဲ့ အိမ်ကလေးကို ဗိသုကာတစ် ယောက်အနေနဲ့ဆွဲဖြစ် သွားအောင် အခွင့်အလမ်းပေးခဲ့တဲ့ပြိုင်ပွဲရဲ့Main Sponsor – TMW Enterprise ကိုအထူးကျေးဇူးတင်ပါတယ်။ ပြိုင်ပွဲကျင်းပပေးတဲ့ Association of Myanmar Architect (AMA) နဲ့ အကဲဖြတ်အမှတ်ပေးခဲ့ကြတဲ့ AMA မှ လူကြီးတွေကိုလည်း ကျေးဇူးတင်ပါတယ်။ အားလုံးပဲ စိတ်ကူးထဲကအိမ်ကလေးကို အမှန်တကယ်ပိုင်ဆိုင်နေ ထိုင်သွားနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ကျေးဇူးတင်ပါတယ်။

 

2nd Prize

Myat Mon Mon Taw

Nay Win Myint

 

My Dream House ဆိုတဲ့ပြိုင်ပွဲခေါင်းစဉ်လေးကိုသဘောကျလို့ မြန်မာနိုင်ငံဗိသုကာအသင်း AMA နဲ့ TMW Enterprise တို့ပူးပေါင်းပြီး ဗိသုကာတွေအတွက်စီစဉ်ပေးတဲ့ ဒီပြိုင်ပွဲလေးကိုဝင်ပြိုင်ဖြစ်ခဲ့ပါတယ်။ ကိုယ် ကိုယ်တိုင်က Client နေရာမှာနေပြီး ကိုယ့်စိတ်ကူးထဲကအိမ်ကိုပုံဖော်ရမှာဖြစ်တာကြောင့် ပိုလို့ စိတ်အားထက်သန်မိပါတယ်။

တည်နေရာ၊ ပတ်ဝန်းကျင်နဲ့ ရာသီဥတုဆိုတဲ့အချက်တွေက အိမ်လေးတစ်လုံးအတွက် အရေးကြီးပါ တယ်။ ပြိုင်ပွဲဝင်အိမ်လေးကို Design စလုပ်မယ်ဆိုတော့ ပထမဆုံးစဉ်းစားရတာ သူ့ရဲ့တည်နေရာ (Site Location) ပါ။ လူနေထူထပ်တဲ့ Cities & Town Centers တွေမှာမနေချင်ဘူး၊ တိတ်ဆိတ်ငြိမ်သက်တဲ့ပတ်ဝန်း ကျင်ဖြစ်ရမယ်။ ရာသီဥတုမျှတပြီး အေးချမ်းရမယ်။ မြေပြန့်လိုနေရာထက် မြို့ကို စီးမြင်ရတဲ့တောင်ကုန်းတောင် စောင်းလေးမှာနေချင်တယ်။ ဒီအချက်တွေကိုမူတည်ပြီး ကိုယ့်ရဲ့မွေးရပ်မြေလည်းဖြစ် ဆယ့်နှစ်ရာသီပတ်လုံး သာသာယာယာရှိတဲ့ ကလောမြို့ကိုရွေးချယ်ခဲ့ပါတယ်။

တောင်စောင်းကအိမ်ကလေးလို့ စစဉ်းစားလိုက်တာနဲ့ တောင်စောင်းတလျှောက် အဆင့်ဆင့်စိုက်ထား တဲ့လှေကားထစ်စိုက်ခင်းတွေကို အရင်ဆုံးမြင်မိပါတယ်။ ရှိပြီးသားမြေကို ပြုပြင်တူးဆွတာ မြေဖို့တာမလုပ်ဘဲ မြေအရှိအတိုင်း အဆောက်အဦကို  Level အဆင့်ဆင့်ခွဲ  Design လုပ်တဲ့ပုံစံလုပ်ချင်တာကြောင့် လှေကားထစ် စိုက်ခင်း (Terrace) တွေကို Concept ယူပြီး အိမ်ကလေးကို Design စလုပ်ဖြစ်ခဲ့ပါတယ်။ အိမ်ရဲ့မျက်နှာလှည့် ကို အရှေ့အရပ်၊ မြောက်အရပ်တို့လိုရာသီဥတုဒဏ်သက်သာပြီး နေရဲ့အလင်းရောင်ကြည်ကြည်လင်လင်ရမယ့် ဘက်ခြမ်းကို မျက်နှာဖွင့်ကျယ်ကျယ်ယူထားပြီး ရာသီဥတုဒဏ်အပူဒဏ်ခံရမယ့်အခြမ်းကိုတော့ တောင်စောင်းနဲ့ တွဲဆက်အကာအကွယ်ယူထားပါတယ်။ ပြိုင်ပွဲဝင် Design ဖြစ်တာကြောင့် Orientation ကို ကိုယ့်စိတ်ကြိုက် လှည့်နိုင်တာ အားသာချက်ပါ။ အဆောက်အဦကို Level 3 ခုခွဲထားပြီး ပုံမှန်အတိုင်း Ground Level ကနေ အိမ်ထဲဝင်လို့ရသလို လှေကားထစ်လေးတွေဆင်း Landscape တွေကိုဖြတ်ပြီးမှ အိမ်ထဲဝင်မယ့်ပုံစံလေးလုပ် ထားပါတယ်။ မိသားစုတွေအနားယူမယ့်အိမ်ခန်းတွေရှိမယ့်အထပ်ကိုမည်သည့် Circulation မှ မရှုပ်စေဘဲ Private zone အနေနဲ့သာထားပါတယ်။

 

Space Planning ကိုစဉ်းစားတဲ့အခါ အိမ်တစ်လုံးအတွက်ရှိရမယ့် အခြေခံလိုအပ်ချက်တွေအပြင် နေ ထိုင်မယ့်သူတွေရဲ့ နေ့စဉ်လူမှုဘ၀လှုပ်ရှားမှုအရ လိုအပ်ချက်တွေကိုပါထည့်သွင်းစဉ်းစားထားပါတယ်။ မလိုအပ် တဲ့အကာအရံ Wall တွေကိုဖြုတ်ထားခဲ့ပြီး မိသားစုတွေကို တစ်စုတစ်စည်းတည်းရှိစေမယ်၊ အပြင်က သဘာဝနဲ့ အိမ်တွင်းဟာ တစ်ဆက်တည်းတစ်သားတည်းလို့ခံစားရစေမယ်။ လုံလောက်တဲ့နေ့အလင်းရောင်နဲ့ နွေးထွေးမှု၊ လုံခြုံမှုရှိရမယ်စတဲ့အချက်တွေကို အဓိကထားပါတယ်။ အပြင်ဘက် Form ကိုလည်း ပတ်ဝန်းကျင်နဲ့သဟဇာတ မဖြစ်မယ့် တောက်ပတဲ့အရောင်အသွေးနဲ့ရှုပ်ထွေးတဲ့ Design ကိုအတတ်နိုင်ဆုံးလျှော့ချထားပါတယ်။ ဆောက် လုပ်ရေးပစ္စည်း Materials ရွေးချယ်ရာမှာ ဒေသထွက်ပစ္စည်းများကို ဦးစားပေးအသုံးပြုဖို့စဉ်းစားထားပြီး Interior မှာ အသုံးပြုထားတဲ့ Tiles & Sanitary ware တွေကို Inax & Grohe မှရွေးချယ်ထားပါတယ်။

 

တောင်စောင်းက အိမ်လေးတစ်လုံးဖြစ်တာကြောင့် ပုံမှန်ထက်အားသာတဲ့အချက်တွေရှိပါတယ်။

(၁) ကိုယ့်အိမ်ပြတင်းပေါက်ရဲ့ ရေပြင်ညီမှာ မည်သည့်အဆောက်အဦမှမရှိ၊ မြင်ကွင်းကို Blocked ဖြစ်စေမယ့် အရာဝတ္ထုတွေမရှိတာကြောင့် Panoramic view ခေါ်ကျယ်ပြောတဲ့ရှုခင်းကို အိမ်ရဲ့နေရာတော်တော်များများ ကနေ မြင်နိုင်ပါတယ်။ အိမ်ရဲ့မျက်နှာလှည့်ပေါ်မူတည်ပြီး နေ၀င်နေထွက်ရှုခင်းကိုလည်း နေ့တိုင်းမြင်တွေ့ခံစား နိုင်မှာပါ။

 

(၂) Lighting & Ventilation ပိုရပြီး Basement level တွေကအစ Natural Daylight & Outdoor Access ရ နိုင်ပါတယ်။

(၃) သီးသီးသန့်သန့်မြို့ပြနဲ့ဝေးတဲ့နေရာမှာ အချိန်ကုန်ချင်သူတွေအတွက် Hill Sided House တွေကသင့်တော် ပါတယ်။

အားသာချက်တွေရှိသလို ဆောက်လုပ်ရာမှာ သတိထားရမယ့်အချက်တွေလည်းရှိပါတယ်။

(၁) Cost & Maintenance – ပုံမှန်ထက် ဆောက်လုပ်စရတ်များပြီး ရေရှည် ထိန်းသိမ်းမှုပိုလုပ်ရနိုင်ပါတယ်။ Heavy equipments တွေ site ထဲ သယ်တဲ့အချိန်မှစ Foundation ချတည်ဆောက်သည်အထိ ပိုမိုခက်ခဲအ ကုန်အကျများနိုင်ပါတယ်။ Slanted yard ခေါ် နိမ့်စောင်း စောင်းမြေအနေထားပေါ်တည်ဆောက်ရမှာ ဖြစ်တဲ့ အတွက် Outdoor space/yard တွေဒီဇိုင်းပြုလုပ်တဲ့အခါ Artificially leveled ပြုလုပ်ရမှာဖြစ်တာကြောင့် ခြံ ၀န်းမြေနေရာကျယ်ကျယ်နေချင်သူတွေအတွက် မသင့်တော်ပါဘူး။

(၂) Natural disaster – သဘာဝ ဘေးဒဏ်ပိုမိုခံရနိုင်ချေရှိတာကြောင့် အဆောက်အဦဆောက်လုပ်မဲ့ Region ရဲ့ Client နဲ့မြေသားကြံ့ခိုင်မှုကိုနားလည်တတ်ကျွမ်းတဲ့ပညာရှင်များနဲ့ သေချာစစ်ဆေးသင့်ပါတယ်။

(၃) Drainage – ကိုယ့်အဆောက်အဦဆီ ပြင်ပမှလာမယ် Rain Water အတွက်ရော အဆောက်အဦမှစွန့်ပစ် မယ့် Waste Water အတွက်ပါ စနစ်ကျတဲ့ Drainage system ရှိဖို့အရေးကြီးပါတယ်။ မကောင်းမွန်တဲ့ Drainage system သည် မြေပြိုမှု (landslides) အထိဖြစ်နိုင်တာကြောင့် အိမ်နီးချင်းရဲ့ Drainage ပြဿနာ သည်လည်း ကိုယ့်ပြဿနာဖြစ်လာနိုင်ပါတယ်။ ဒီအချက်တွေက ပြိုင်ပွဲဝင်အိမ်လေးကို Design လုပ်ရင်း ကိုယ် တိုင်သိလာတာကို Sharing လုပ်ပေးတာပါ။ အားသာချက်တွေကိုအသုံးချပြီး အားနည်းချက်တွေကို ဖြေရှင်းရ မှာက ဗိသုကာပါ…။

 

3rd Prize

Khine Thazin Soe

Kyi Kyi Yee Mon

ကိုယ်နေချင်တဲ့စိတ်ကူးထဲက အိမ်လို့ဆိုပြီး ပထမဆုံးတွေးမိတဲ့ပုံစံလေးက သဘာဝပတ်ဝန်းကျင်နဲ့ ဆက်နွယ်နေတဲ့ ရိုးရှင်းတဲ့အိမ်ကလေးပဲဖြစ်ပါတယ်။ မိသားစုဝင် ၅ ဦးနေထိုင်ရန် သင့်တော်တဲ့ Modern နှစ် ထပ်အိမ်ကလေးတစ်လုံးကို ကျွန်မတို့ရဲ့ကိုယ်ပိုင်စိတ်ကူးများနှင့်ပုံဖော်ဖြစ်ခဲ့ပါတယ်။

မြေနေရာရွေးချယ်မှုအပိုင်းမှာတော့ မြို့ပြရန်ကုန်ရဲ့ဆိတ်ငြိမ်တဲ့ရပ်ကွက်လေးတစ်ခုဖြစ်ဖို့နဲ့သဘာဝပတ် ၀န်းကျင်အနီးအနားတစ်ဝိုက်ကို လိုချင်တာကြောင့် အင်လျားကန်နားကမြေကွက်ကို စိတ်တိုင်းကျစွာဖြင့် ရွေး ချယ်လိုက်ပါတယ်။

အိမ်လေးကနှစ်ထပ်ဖြစ်ပေမယ့် အတွင်းပိုင်းမှာ Level အနိမ့်အမြင့်ကစားပေးထားပြီး Floor Plan ရေး ဆွဲရာတွင်လည်း သီးခြားဇုန်များအလိုက်နေရာချထားဖြစ်ခဲ့တယ်။

Ground Floor Plan မြေညီထပ်မှာတော့ Living, Mini Bar, outdoor & Indoor dining, Kitchen, Common bath & wc, Working Area, Master Bedroom (1) တို့ကို Semi-Private Zone အနေဖြင့် တွေ့ မြင်ရမှာပါ။

Stair Landing Level (လှေကားတစ် ဆစ်ချိုးအမြင့်) မှာတော့ Gym, verandah for Inya-lake View တို့ကို  Recreation zone အနေဖြင့် တွေ့မြင်ရမှာပါ။

First Floor Plan ပထမထပ်မှာတော့ Library Corner, Master Bedroom (2) & Master Bedroom (3) တို့ကို Private Zone မှာနေရာချထားဖြစ်ခဲ့ပါတယ်။

နေရာချထားမှုအပိုင်းနဲ့ စဉ်းစားဖြစ်ခဲ့ပုံလေးကို ပြောပြချင်ပါတယ်။ ကျွန်မတို့ရဲ့အိမ်လေးက Lake View Home တစ်ခုဖြစ်တာကြောင့် အင်းလျားကန်ကို အိမ်ရဲ့နေရာတော်တော်များများကနေ မြင်နိုင်အောင် Layout Plan ကိုအဓိက ထားရေးဆွဲဖြစ်ခဲ့ပါတယ်။

ပထမဦးဆုံးအနေဖြင့် အိမ်အ၀င်တံခါးမကြီးကို တိုက်ရိုက်မမြင်စေချင်သောကြောင့် ထောင့်ချိုးလေးချိုး ပြီး Entry & Foyer (ဖိနပ်ချွတ်နေရာ) ကိုတစ်ဆက်တည်းထားဖြစ်ခဲ့ပါတယ်။ အိမ်ထဲကိုဝင်ဝင်ချင်းမှာပဲ Double Ballroom ပုံစံနဲ့ Living လေးကိုထားချင်ခဲ့တယ်။ Stair က အပွင့်ပုံစံမျိုးဖြစ်တော့ Stair အောက်ကိုလူမဖြတ်စေ ချင်တော့ Landscape လေးထားဖြစ်တယ်။ လှေကားကိုလည်း လက်ရန်းတစ်ဖက်တည်းထားပြီး အပွင့်ပုံစံလေး စိတ်ကူးမိခဲ့တယ်။

ရေကန်လေးနဲ့ ပန်းပွင့်လေးတွေကြောင့် Living လေးက ပိုပြီးအသက်ဝင်လာတယ်လို့ ထင်မိတယ်။ ပုံ မှန်မြင်နေကြ Living တွေလို ဆိုဖာတွေချမထားစေတော့ဘဲ Window Seat လေးနဲ့တစ်ဆက်တည်း TV Stand လေးကိုပေးထားချင်ခဲ့ပြီး Double Sided Shelf (စာအုပ်စင်)နဲ့ပဲ Living နဲ့ Working Area ကိုပိုင်းခြားစေခဲ့ပါ တယ်။ စာအုပ်စင်လေးရဲ့ရှေ့မှာ ထိုင်ပြီးစာအုပ်ဖတ်လို့ရမယ့် Bench ပုံစံမျိုးလေးထားမယ်လို့ စိတ်ကူးကြည့်မိခဲ့ ပါတယ်။ စာအုပ်စင်အနီးမှာပဲ ဖတ်လို့ရနေတော့ သူ့နေရာနဲ့သူစာအုပ်ပြန်ထားဖို့လည်း လွယ်သွားတာပေါ့။

လူတစ်ယောက်ရဲ့တစ်နေ့တာအချိန်တွေမှာ အလုပ်ချိန်ကအများဆုံးဖြစ်တာကြောင့် တစ်ခါတစ်လေ အိမ်အထိ အလုပ်သယ်လာရတဲ့နေ့မျိုးဆို Working Space က သက်သောင့်သက်သာရှိပြီး အနားယူရလွယ်တဲ့ ပုံစံမျိုးလေးလိုချင်ခဲ့ပါတယ်။ Working ကနေ အင်းလျားကန်ကိုမြင်ရပြီး အပြင်ဘက်ထွက်လို့ရတဲ့ တံခါးပေါက် တစ်ခုလည်းပေးဖြစ်ပါတယ်။

ကိုယ့်ရဲ့ကိုယ်ပိုင်အခန်းလေးအတွက်လို့ စိတ်ကူးလိုက်တာနဲ့ Privacy ရှိဖို့နဲ့ အ၀တ်အစားတွေအသုံးအ ဆောင်တွေအတွက်နေရာပေးဖို့ နံရံကပ်ဘီဒိုနဲ့ အ၀တ်လဲခန်းရယ် သန့်စင်ခန်းရယ်တွဲလျက်ထားမယ်ဆိုပြီး စိတ် ကူးကြည့်မိတာပါပဲ။ Inya-lake View ဘက်မြင်နိုင်ဖို့ ကုတင်လေးကိုလည်း Bench နဲ့တွဲလျက် ပုံစံလေးစဉ်းစား ခဲ့ပါတယ်။

Living ကနေ Kitchen/Dining ဘက်ကိုလာဖို့ ထွက်လာပြီဆိုရင်ပဲ Mini Bar လေးကိုအရင်တွေ့ရမှာ ပါ။ Living ကနေ ဧည့်သည်ကလှမ်းကြည့်ရင် Mini Bar လေးကို အရင်တွေ့ပြီးစိတ်ဝင်စားကြမှာပါပဲ။ ပြီးမှ Dry kitchen နဲ့ Dining ကို နံရံမခြားဘဲ အပွင့်တွဲလျက်ထားခဲ့ပါတယ်။ Kitchen ကနေလည်း အပြင်ထွက်ဖို့ တံခါး တစ်ပေါက်ပေးထားခဲ့ပါတယ်။

နောက်ပြီး မိသားစုထမင်းဝိုင်းကနေ မြင်နိုင်မယ့် Outdoor Dining အတွက် Decking Space လေးပါ မယ်။ သစ်ပင်ရိပ်လေးနဲ့ အေးချမ်းစေမည့် Decking ပုံစံ မျိုးလေးပေါ့။

အပေါ်ထပ်မှာဆိုရင်လည်း တစ်အိမ်လုံးရဲ့ Centre ဖြစ်တဲ့ Stair ကနေတက်လို့ အပေါ်ထပ်ကို ရောက် ရင်ပဲ Full Height Window နားက စာအုပ်စင်နဲ့ စာဖတ်တဲ့နေရာလေးက အရင်ကြိုဆိုနေမှာပါ။

Gym ကစားခန်းလေးနဲ့ Varandah လေးက လှေကားရဲ့ Stair landing နဲ့ အမြင့်တစ်နေရာတည်းမှာ ရှိပြီး Inya View ကို နှစ်နေရာစလုံးမှ ကောင်းစွာမြင်ရအောင် ဖန်တီးထားပါတယ်။ အားကစားလုပ်ပြီး တိုင်း Inya View နဲ့အမောပြေစေချင်တာရယ် Varandah မှာ စကားအေးဆေးပြောရင်း ညဘက်အတွက် လသာ ဆောင်လေးအဖြစ် လိုချင်တာကြောင့်ရယ် Inya View ဘက်မှာ ထားကိုထားမယ်လို့ဆုံးဖြတ်မိတယ်။ အပေါ် ထပ်လျှောက်လမ်းကနေ အောက်ထပ် Living room ကို လှမ်းမြင်နိုင်ဖို့အတွက် Glass Wall များကိုလည်း ထည့်သွင်း ထားပါတယ်။

ဒါကတော့ အတွင်းပိုင်း (Interior Design) ကို ပုံဖော်ဖြစ်ခဲ့တာလေးတွေပေါ့နော်။ အပြင် (Exterior Design) ပိုင်းကိုပြောရရင် Total Floor area 2600 sqft သာရှိတဲ့ Rectangle လေးနှစ်ခုချိတ်ဆက်ထားတဲ့ Plan L-shape ပုံစံရှိတဲ့ နှစ်ထပ်အိမ်ကလေး။ အမိုးရှိပေမယ့် အိမ်ကိုကြည့်ရင် အမိုးကိုမမြင်ရဘဲ အမိုးပျောက်ပုံ စံလေးဖြစ်အောင် ဖန်တီးထားခဲ့ပါတယ်။ အဆောက်အဦ အကြီးနဲ့အသေးကိုဆက်တဲ့နေရာမှာ Stair ရှိပြီး Lighting အတွက် Long Window တွေ Sky Light Window တွေနဲ့ ချိတ်ဆက်ထားပါတယ်။ အမိုးမှာ Sky Light လေးတွေ ထည့်သုံးထားပြီး ညဘက် Sky Light လေးရချင်တဲ့စိတ်ကူးလေးရယ်။ နေ့ဘက် Natural Day Light အလင်းပေးချင်တဲ့အတွက်ကြောင့် ထည့်ဖို့စဉ်းစားခဲ့ပါတယ်။

အရောင်ရွေးချယ်မှုအပိုင်းမှာတော့ Grey/White/Black နဲ့ Natural Look ပေး နိုင်တဲ့အရောင်တွေကို အဓိကထားသုံးပါတယ်။ Site Location ကိုလည်း lake view နေရာမှာရွေးထားတာဆိုတော့ Landscape ကို လည်း ထည့်သွင်းစဉ်းစားခဲ့ပါတယ်။ ကျောက်တုံးလေးတွေနဲ့ လျှောက်လမ်းလေးတွေ/ ကား Parking lot ထား မယ့်နေရာတွေ Viewing deck နေရာတွေ သစ်ပင်စိုက်မယ့်နေရာတွေ၊ Flower Box အတွက် နေရာတွေ အား လုံးကို စိတ်ကူးနဲ့ပုံဖော်ကြည့်ခဲ့ပါတယ်။

ကျွန်မတို့ သူငယ်ချင်းနှစ်ယောက်ရဲ့ စိတ်ကူးလေးတွေထဲက အိမ်ကလေးပိုပြီး လှပခမ်းနားဖို့အတွက် TMW က ပစ္စည်းလေးတွေနဲ့အလှဆင်ကြည့်လိုက်တဲ့အခါ အတွေးစိတ်ကူးထဲကအိမ်ကလေးဟာ ပိုပြီးအသက် ၀င်လာခဲ့ပါတယ်။ စိတ်ကူးဖို့က လွယ်ပါသော်လည်း စိတ်ကူးတွေကို အကောင်အထည်ဖော်ဖို့က ပိုပြီးခက်ရပါ တယ်။ TMW က စိတ်ကူးတွေ အကောင်အထည်ပေါ်လာဖို့ အကောင်းဆုံးကူညီပေးနိုင်တာပါပဲ။    ။

အယ်ဒီတာအဖွဲ့

error: ကူးယူခွင့်မပြုပါ။ ခွင့်မပြုဘဲ ကူးယူထားခြင်းတွေ့ရှိပါက တရားဥပဒေအရ အရေးယူပါမည်။