Live Life Dezine

Architecture & Design Magazine in Myanmar

John Pawson’s House (ဗိသုကာဂျွန်ပေါစံ၏အိမ်)

ဗိသုကာဂျွန်ပေါစံနှင့်စကားစမြည် ကိုရေးသားပြီးသည့်နောက် ယခုသူ၏အိမ်အကြောင်းကို ရေးသားရ သည်မှာ ကျွန်တော်ဗိသုကာအဖို့ အရသာတွေ့နေမိပါသည်။ သူနှင့်စကားစမြည်တွင် သူက သူ့အိမ်အကြောင်း ကို အများအပြားပြောဆိုသွားခဲ့ပါသည်။
မေးမြန်းသူက ဗိသုကာတစ်ဦးပမာ မေးမြန်းခဲ့သည်များကို ဂျွန်ပေါစံကလည်း ဗိသုကာဆရာကြီးပီပီ သူ ၏အတွေးအခေါ်များနှင့်ပေါင်းစပ်၍ လိမ္မာပါးနပ်စွာဖြေဆိုသွားခဲ့ပါသည်။ သူ၏အဖြေများက ရှင်းပါသည်။ ရှင်း နေသောသူ၏ အတွေးကို တကယ်တမ်းအကောင်အထည်ဖော်ရာတွင်လည်း ရှင်းလင်းစွာပေါ်လွင်နေပါတော့ သည်။
ဗိသုကာဂျွန်ပေါစံ၏အိမ်ကို ဆောက်လုပ်စဉ်ကာလမှာ ၁၉၉၉ ခုနှစ်ဖြစ်ပါသည်။ အချိန်နှင့်တပြေးညီ သူ ဖန်တီးတီထွင်ကာ ပုံထုတ်ခဲ့သည်များကို ကြည့်ရှုခြင်းဖြင့် သူ၏ဗိသုကာပညာ အတိမ်အနက်ကို သိမြင်နိုင်ကြ မည်ဖြစ်ပါသည်။

ဗိသုကာဂျွန်ပေါစံသည် အရိုးရှင်း ဆုံးသော ဗိသုကာပညာရှင်တစ်ဦးဖြစ် သည်မှာလည်း ပေါ်လွင်ထင် ရှားလျက်ရှိပါသည်။ သူသည် ဗြိတိသျှလူမျိုးဗိသုကာပညာရှင်အပြင်ပုံစံထုတ်လုပ်သူ (Designer) တစ်ဦးလည်း ဖြစ်ပါသည်။
သူ၏မွေးနေ့သက္ကရာဇ်မှာ ၁၉၄၉ ခုနှစ်ဖြစ်ပြီး အင်္ဂလန်ရှိ ဟာလီဖက်စ် (Halifax) ယောက်ရှိုင်းယားပြည် နယ်တွင် မွေးဖွားပါသည်။ သူငယ်စဉ်က အီတန် (ETON) မြို့၏ကျောင်းတွင် ပညာသင်ယူခဲ့ပါသည်။ သူ့မိသား စုပိုင်လုပ်ငန်းဖြစ်သည့်ချည်မျှင်နှင့် အထည်လုပ်ငန်းတွင် လုပ်ကိုင်နေခဲ့ပါသေးသည်။
သူ၏အသက်အစိတ်ဝန်းကျင် နှစ်များတွင် ဂျပန်နိုင်ငံသို့ထွက်ခွာခဲ့ပါသည်။ တိုကျိုမြို့ရှိဂျပန်ဗိသုကာ ပညာရှင် ရှီရိုကူရာမာတာ (Shiro Kuramata) ထံသို့သွားရောက်နေထိုင်ပြီး ၎င်းပညာရှင်ကြီး၏ ဖန်တီးစိတ်အ ခြေအနေများစွာကို လေ့လာစုဆောင်းခဲ့ပါသည်။

ထို့နောက်ဗိသုကာဂျွန်ပေါစံသည် လန်ဒန်မြို့သို့ပြန်လည်ရောက်ရှိလာပြီး လန်ဒန်မြို့၏ ဗိသုကာပညာ ရှင်များအသင်းသို့ဝင်ပါသည်။ ဗိသုကာအလုပ်ကို မိမိကိုယ်ပိုင်အလုပ်အဖြစ် ၁၉၈၁ ခုနှစ်တွင် စတင်ကာလုပ် ကိုင်ပါသည်။
ဗိသုကာဂျွန်ပေါစံသည် ဗိသုကာပညာ၏အခြေခံဇစ်မြစ်များဖြစ်သည့်နေရာ (SPACE)၊ အချိုးအစား (PROPORTION)၊ အလင်းရောင် (LIGHT)၊ ပစ္စည်းအမျိုးအမည်များ (MATERIALS) နှင့် ပတ်သက်၍ကောင်း မွန်သောရလဒ်များကိုရှိစေမည့်ဖြေရှင်းနည်းများကို စူးစမ်းရှာဖွေလေ့ရှိသူတစ်ဦးဖြစ်ပါသည်။
ထို့ပြင် သူသည်ရိုးရှင်းမှု (SIMPLICITY) ကို လွန်စွာအားသန်သူဖြစ်ပြီး၊ ၎င်းရိုးရှင်းမှုကိစ္စ အနုသုခုမ ပညာနယ်ပယ်တွင်ပါ များစွာအားပေးသူတစ်ဦးလည်းဖြစ်ပါသည်။ သူသည်အလုပ်များ (Project) ကို ကြီးသည် ငယ်သည်မရွေးလုပ်ကိုင်လေ့ရှိပြီး လူနေအိမ်များ (Private Residences) ကို ပိုမို၍စိတ်အားထက်သန်စွာ လုပ် ကိုင်ပါသည်။ ရိုးရှင်းမှု၏အလှတရား (Minimalist Aesthetics) များကိုလည်း သူ၏ပုံစံများ (Designs) တွင် တွေ့ရှိရမည်ဖြစ်ပါသည်။

ကျွန်တော်ဗိသုကာ၏ စင်ကာပူနိုင်ငံမှ အတွေ့အကြုံတစ်ခုကို ပြောပြလိုပါသည်။ ယနေ့ခေတ်ပေါ် မရီ နာဗေး (Marina Bay) နေရာနှင့်မနီးမဝေးနေရာရှိ ရှေးသမိုင်းဝင်အိမ်တန်းများ (Heritage Houses) ၏မျက်နှာ စာများ (Facades) ကို ရှေးမူအတိုင်းထားရှိရန်နှင့် အတွင်းပိုင်း (Interior) ကိုမူ စိတ်တိုင်းကျပြင်ဆင်ခွင့်ရှိ ကြောင်းကို သိရှိခဲ့ရပါသည်။
ယခုလည်း ဂျွန်ပေါစံ၏နေအိမ်သည်လည်း အင်္ဂလန်နိုင်ငံတွင် ထိုနည်းအတိုင်းပင်ဖြစ်နေပါသည်။ ၎င်း နေအိမ်ကို သူ၏ဇနီးဖြစ်သူကတ်သရင်းက သူ့အမေရိကန်နိုင်ငံသို့ ခရီးထွက်ခွာနေခိုက် ၀ယ်ယူခဲ့သည်ဟုဆိုပါ သည်။ ထို့ပြင် ဇနီးဖြစ်သူကပင် လိုအပ်သည့်စာချုပ်စာတမ်းများကို သူကိုယ်တိုင်လက်မှတ်များရေးထိုးကာဖြေ ရှင်းခဲ့သည်ကိုလည်း သဘောကျနေမိပါသေးသည်။
ထိုနေအိမ်ကို ဒီဇိုင်းပုံစံရေးထုတ်ရာ၌ အလုပ်ရှင်များ (Clients) မှာ သူကိုယ်တိုင်နှင့် ဇနီးဖြစ်သူအပြင် သားသမီးနှစ်ယောက်ရှိကြောင်းကိုလည်းပြောပါသေးသည်။ သူ့ဇနီးဝယ်ယူထားသည့်အိမ်ကို သူစတင်တွေ့မြင် စဉ်က “လန်ဒန်မြို့၏တစ်ဆက်တည်း ဆင်တူဆောက်ထားသည့်တန်းလျားအိမ်” (A London Terraced House) ဟူ၍မြင်တွေ့ရပြီး သူဘာများပြုလုပ်ပြင်ဆင်နိုင်ပါ့မလဲဟု အတွေးရောက်မိပါသည်။

သူ၏နေအိမ်အကျယ်အ၀န်းမှာ ၁၅၀၀ စတုရန်းပေမျှသာရှိပြီး ကျဉ်းမြောင်းသောလှေကားများပါရှိပါ သည်။ အနောက်တိုင်းစံနှုန်းအရ သူ၏အိမ်သည် မကျယ်ဝန်းပါ။ သူနေထိုင်ခဲ့ဖူးသည့် ဂျပန်နိုင်ငံအဖို့မူ ကျယ် ပြောသည်ဟု ဆိုရပါလိမ့်မည်။
ဗိသုကာများအဖို့ ပုံစံပြုစုရာတွင် အလျားအနံကျယ်ကျယ်ရှိသောနေရာ (Space) လိုလားနှစ်သက်ကြပါ သည်။ ယခုဂျွန်ပေါစံ၏အိမ်သည် တန်းလျားစနစ်ဖြင့်ဆောက်လုပ်သည့်အတွက် သူ့အဖို့ အားမလိုအားမရဖြစ်နေ ပါသည်။ သို့ရာတွင် သူ့အတွက်ဖြေသိမ့်စရာအချက်တစ်ချက်မှာသူ့အိမ်တည်နေရာသည် လူအများအသုံးပြု သည့်ပန်းခြံနေရာနှင့် နီးကပ်လျက်ရှိသောအချက်ပင်ဖြစ်ပါသည်။
ရှေးသမိုင်းဝင်အဆောက်အအုံများ တည်ရှိ၍ ထိန်းသိမ်းထားရမည့်နေရာ (CONSERVATION AREA) တွင်တည်ရှိနေသည့်အတွက် အိမ်၏ရှေ့မျက်နှာစာကို ပြင်ဆင်ခွင့်မရှိပါ။ သို့ရာတွင် ဂျွန်ပေါစံက သူ၏အိမ်ရှေ့ မျက်နှာစာကို ဖြိုဖျက်ပြီး ရှေးမူမပျက်ပြန်လည်တည်ဆောက်ခဲ့ပါသည်။

အိမ်၏အတွင်းပိုင်းနေရာအားလုံးနှင့် အိမ်၏နောက်ဘက်ခြမ်းကိုမူ မိမိစိတ်တိုင်းကျပြင်ဆင်ဆောက်လုပ် ပါသည်။
၎င်းအိမ်၏နောက်ကြောင်းရာဇ၀င်ကိုလည်း ဂျွန်ပေါစံက ရှာဖွေလေ့လာခဲ့ပါသည်။ အိမ်၏အတွင်းပိုင်း တစ်ခွင်လုံးကိုဖြိုဖျက်ပြီး သူ့စိတ်ကြိုက်ပြင်ဆင်ခဲ့ပါသည်။ တောင့်တင်းခိုင်မာမှုကိုပါ ထည့်သွင်းစဉ်းစားပြီး လို အပ်သည်များကိုဖြည့်စွက်တည်ဆောက်ပေးပါသည်။

ရှေးဝိတိုရိယကာလများ (VICTORIANS) ၊ အက်ဒွပ်ကာလများ (EDWARDIANS) ၏အိမ်များသည် လမ်းမျက်နှာပြင်အောက်တစ်ဝက်နှင့် လမ်းမျက်နှာပြင်ပေါ်တစ်ဝက်ဟူ၍ မြေအောက်ခန်းရရှိအောင် ဖန်တီးခဲ့ကြ ပါသည်။ ထို့နောက် မီးဖိုခန်း (KITCHEN) ကို အမြင်ပဿဒရရှိရန် လမ်းအပေါ်ရှိအလွှာတွင် ထားပေးလေ့ရှိပါ သည်။
ဂျွန်ပေါစံက ဤအလေ့အထကိုပြင်ဆင်ပြီး မီးဖိုနေရာကို မြေအောက်အလွှာတွင်ထားရှိပြီး ပုံဖော်ခဲ့ပါ သည်။
ဖော်ပြပါပုံတွင် ဂျွန်ပေါစံ၏အိမ်နောက်ဘက်ခြမ်းရှိ သူဖန်တီးထားမှုများကိုတွေ့မြင်ရပါမည်။ သူ့အိမ်ခြံ မြေတစ်ဖက်တစ်ချက်ရှိ ခြံစည်းရိုးနံရံအမြင့်နှင့် ရှည်လျားစွာဖန်တီးထားရှိမှု၊ မြေအောက်ခန်းတွင် မီးဖိုခန်းကို ထားရှိပြီး ရှည်လျားသောကောင်တာ (Counter) ကြီးကို နံရံနှင့်ဆက်စပ်၍ မီးဖိုခန်းတွင်းမှ ပြင်ပသို့ တိုင်အောင် ဖန်တီးထားမှု၊ မှန်ချပ်ကြီးကြီးနှင့်ကာဆီးထားမှု၊ စိုပြေစိမ်းလန်းသော ဗိသုကာပညာ (Green Architecture) အ သွင်ဆောင်နေစေမှုများသည် တွေ့မြင်ရသူအဖို့ နှစ်လိုဖွယ်ကောင်းနေပါတော့သည်။

၎င်းမီးဖိုခန်းနေရာ၏ ညဘက်မြင်ပုံဖြစ်ပါသည်။ ထို့ကြောင့်ဂျွန်ပေါစံ၏ မီးအလင်းရောင်ပေးမှုကို ထင်ရှား တွေ့မြင်ရပါသည်။ ရှည်လျားလှစွာသော ကောင်တာ (Counter) ကြီးပေါ်တွင် အစားအသောက်ပြင်ဆင်မှုနေရာ (Food Preparation) ၊ ချက်ပြုတ်ရန်နေရာ (Cooking) ၊ ချက်ပြုတ်ပြီး အစားအသောက်များပြင်ဆင်ရာနေရာ (Pantry Serving)၊ ကောင်တာအောက်တွင် အ၀တ်လျှော်စက်ထားရာနေရာ (Laundry) နှင့်အခြား အလုပ် လုပ်ကိုင်ရာနေရာ (Work Top) အဖြစ်အသုံးပြုရပါသည်။

မီးဖိုခန်း၊ ထမင်းစားနေရာအတွင်းခန်းနှင့်နောက်ဘက်ပြင်ပသို့လှမ်း၍မြင်တွေ့ရသည့်ပုံဖြစ်ပါသည်။ ဂျွန် ပေါစံပြောဆိုထားသည့်အတိုင်း သူ့အိမ်ရှိ မီးဖိုခန်းအထူးစီမံထားချက်များ၏ ရိုးရှင်းသောပုံစံများကိုတွေ့မြင်ရပါ မည်။
ဂျွန်ပေါစံ၏အိမ်ရှိ အထပ်ထပ်မှဧည့်ခန်းနှင့် ဖွဲ့စည်းပြင်ဆင်ထားမှု၊ ရိုးရှင်းလှသောကုလားထိုင်ကြီးနှင့် ရှည် လျားရှင်းလင်းသောခုံရှည်ကြီးကိုပါတွေ့မြင်ရမည်။
ဂျွန်ပေါစံ၏အိမ်မှ အပေါ်ဆုံးထပ်တွင်ရှိသော သားဖြစ်သူ၏အိမ်ခန်းကို ဆက်စပ်လျက်ရှိသည့် သန့်စင် ခန်းအတွင်းမှမြင်တွေ့ရပုံဖြစ်ပါသည်။ ရိုးရှင်းလှပါသည်။

ဂျွန်ပေါစံ၏နေအိမ်အတွင်းရှိ လှေကားနှစ်ဆင့်ထပ်နေရာဖြစ်ပါသည်။ တောက်လျှောက်တက်ရသည့် လှေကားမျိုး (Straight Flight) ဖြစ်ပါသည်။ နံရံဘေးတစ်ဖက်တစ်ချပ်တွင် လက်ရန်း (Hand Rail) ကိုတပ် ဆင်ပေးထားခြင်းမရှိပါ။ အပေါ်ထပ်သို့ဆက်လက်၍ တက်ရောက်ရမည့်လှေကားအောက်ပိုင်းကို မြင်တွေ့ရ သည်မှာ လေဟာနယ်ထဲတွင် လွှင့်မြောနေသည့်ပုံသဏ္ဍာန်ပေါ်လွင်နေပါသည်။
ဗိသုကာဂျွန်ပေါစံ၏ အလုပ်စားပွဲနေရာဟု ယူဆရပါသည်။ စားပွဲ၏ပုံသဏ္ဍာန်သည်ရှင်းလွန်းလှပါသည်။ မီးလင်းဖိုနေရာကို ဖန်တီးထားသည်မှာလည်း မြင်တွေ့နေကျပုံသဏ္ဍာန်မျိုးမဟုတ်ပါ။
ဤမျှဆိုလျှင် ဗိသုကာဂျွန်ပေါစံ၏ “ရိုးရှင်းလှသောဗိသုကာပညာ” (Minimalist Architecture) အစွမ်း ကိုခန့်မှန်းနိုင်လောက်ကြပြီဖြစ်ပါသည်။
ကျွန်တော်ဗိသုကာ လွန်စွာကြိုက်နှစ်သက်သောဗိသုကာအတွေး၊ ဗိသုကာ၏လုပ်ဆောင်ချက်များပင် ဖြစ်ပါတော့သည်။ ။

ပါစီမျိုးမြင့်

error: ကူးယူခွင့်မပြုပါ။ ခွင့်မပြုဘဲ ကူးယူထားခြင်းတွေ့ရှိပါက တရားဥပဒေအရ အရေးယူပါမည်။