Live Life Dezine

Architecture & Design Magazine in Myanmar

Interior Design ဆိုသည်မှာ

Interior Design နဲ့ပတ်သက်ပြီး ဝေမျှရလျှင် အများကြီးရှိနိုင်ပါတယ်။
တိုးတက်လာတဲ့ မြို့ပြတည်ဆောက်မှုနှင့်အတူ Interior Design ၏ အခန်းကဏ္ဍက များစွာအရေးပါ လာကြပါတယ်။ ဒီဇိုင်နာတွေရဲ့ အားပြိုင်မှုနည်းပညာဆန်းသစ်မှုနှင့်ကုန်ထုတ်လုပ်မှု တိုးတက်လာမှုတွေက လည်း ခေတ်ရေစီးနှင့်အတူ အလျင်အမြန်တိုးတက်လာကြပါတယ်။ ခေတ်မီတိုးတက်တဲ့နိုင်ငံတွေမှာ Interior Design နှင့်ပတ်သက်ပြီး သင်တန်းတွေ အစိုးရကျောင်းတွေလည်း ပေါ်ပေါက်လာကြပါတယ်။ မြန်မာနိုင်ငံမှာ တော့ Interior Design ကိုစိတ်ဝင်စားတဲ့သူတွေ အာခီတက်တွေကဖွင့်လှစ်ထားတဲ့ Interior Design School တွေလည်းရှိလာကြပြီး Interior Design ကိုစိတ်ဝင်စားတဲ့လူငယ်တွေလည်းအများအပြားရှိလာကြပါတယ်။ ဒါ ပေမယ့် Interior Design ကို စိတ်ဝင်စားတဲ့လူငယ်တွေအတွက် Interior Designer တစ်ယောက်ဖြစ်ဖို့ ဘယ် လိုကြိုးစားရမလဲဆိုတာကတော့ မေးခွန်းတစ်ခုလိုဖြစ်နေဆဲပါပဲ။

မြန်မာနိုင်ငံမှာတော့ Interior Design ကို စိတ်ဝင်တစားလုပ်ကိုင်နေတဲ့လူငယ်တွေ တော်တော်များ များကတော့ Interior Design နှင့်ပတ်သက်ပြီး သင်တန်းတွေ ကျောင်းတွေတက်ရောက်ခဲ့တာတွေ နည်းပါး နေပါသေးတယ်။ လူငယ်တွေတော်တော်များများကတော့ မိမိဘာသာလေ့လာပြီး Interior Design လုပ်ငန်းထဲ ကို တိုးဖောက်ဝင်ရောက်နေကြတာကိုတွေ့ရပါတယ်။ ဒါဆိုရင်သူတို့တွေလျှောက်လှမ်းနေတဲ့လမ်းကြောင်းက မှန်သလားလို့မေးရင်တော့ တချို့တွေအတွက်မှန်ကြပေမယ့် အများစုအတွက်ကတော့ လိုအပ်ချက်တွေရှိနေကြ ဆဲပဲလို့ယူဆရပါတယ်။
ဘာကြောင့်လဲလို့ မေးလျှင်တော့ Interior Design ဆိုတာက အနုပညာကိုအခြေခံထားတဲ့ ပရော်ဖက် ရှင်နယ်အသက်မွေးဝမ်းကြောင်းတစ်ခုဖြစ်နေလို့ပါပဲ။
Interior Designer တစ်ယောက်ဖြစ်ဖို့အတွက် လုပ်ငန်းကျွမ်းကျင်ဖို့တစ်ခုတည်းမလုံလောက်တော့ပါ ဘူး။ ပြင်ပဗဟုသုတတွေနှင့် အဖက်ဖက်ကနေပြည့်စုံနေဖို့လိုလာပါတယ်။ အနုပညာနှင့်ပတ်သက်ပြီး နားလည် ခံစားတတ်ပြီး အသုံးချတတ်ဖို့လည်းလိုအပ်ပါတယ်။ နိုင်ငံခြားမှာတော့ Design id Business ဆိုတဲ့အတိုင်း အနု ပညာခံစားမှုရဲ့နောက်ပိုင်းမှာ ဘတ်ဂျက်ထိန်းချုပ်ထားတဲ့သဘောတရားတွေလည်း Interior Design မှာပါဝင် လာကြပါတယ်။ ထို့ကြောင့် Interior Design တစ်ယောက်အနေနှင့် Design ဖန်တီးတတ်ရုံတင်မကပါဘူး စီမံ ခန့်ခွဲမှုတွေက အရေးကြီးလာပါတယ်။

Interior Design ကိုလေ့လာသင်ယူတဲ့အခါမှာ ဒီဇိုင်းတစ်ခုတည်းတင်မကပါဘူး၊ ပန်းချီအနုပညာနှင့် သက်ဆိုင်တဲ့သမိုင်းကြောင်းတွေ ခေတ်ပြိုင်အနုပညာတွေကို လေ့လာသင်ယူဖို့လိုပါတယ်။ ထို့ပြင် ပန်းချီနဲ့ပတ် သက်တဲ့အခြေခံသဘောတရားတွေ Medium အမျိုးမျိုးကို လေ့လာထားဖို့လည်းလိုအပ်ပါတယ်။
စင်ကာပူနိုင်ငံမှာရှိတဲ့ Lasalle, Collage of The Arts ကိုတက်ရောက်ခဲ့စဉ်တုန်းကကျွန်တော်တို့ ကျောင်းမှာ ဒီဇိုင်းနဲ့ပတ်သက်ပြီး စဉ်းစားတွေးခေါ်ရတဲ့ Concept အပိုင်းကို အလေးထားသင်ပေးခဲ့ပါတယ်။ Interior Design ဘာသာရပ်မသင်ခင် ပထမဆုံးဖောင်ဒေးရှင်းနှစ်မှာ ဒီဇိုင်းနဲ့ပတ်သက်ပြီး အကုန်သင်ယူခဲ့ရပါ တယ်။ Fashion, Graphic ကစပြီး Animation အထိပါပဲ။ နောက်ပြီး Fine Art နဲ့ပတ်သက်ပြီး Medium မျိုးစုံ ကိုလေ့လာသင်ယူခဲ့ရပါတယ်။ Water Colour, Acrylic, Charcoal, Pencil ကအစ သုံးခဲ့ရပါတယ်။ ပထမ တော့ ကိုယ်သင်ယူနေရတာတွေက ကိုယ်ဖြစ်ချင်တာတွေမဟုတ်တော့ စိုးရိမ်ခဲ့ရပါသေးတယ်။ ဒီဇိုင်နာ တစ် ယောက်အနေနဲ့ Artist တစ်ယောက်လို အဲဒါတွေသင်ယူစရာမလိုဘူးလို့ ခံယူထားတဲ့အချိန်ပေါ့။ ဒါပေမယ့် ဒီ လိုသင်ယူခဲ့ရတဲ့အတွက် လုပ်ငန်းခွင်ထဲဝင်တဲ့အခါမှာ များစွာအထောက်အကူပြုခဲ့တာကို လက်တွေ့နားလည်ခဲ့ ပါတယ်။ တကယ်တော့ ကျောင်းက ပန်းချီအနုပညာကို Artist တစ်ယောက်ဖြစ်အောင် သင်ကြားပေးလိုက်တာ မဟုတ်ပါဘူး။ အနုပညာနှင့်ပတ်သက်တာတွေကို နားလည်သဘောပေါက်လာအောင် သင်ကြားပေးခဲ့လိုက်တာ ပါ။ ကျွန်တော်တို့အနေနဲ့ ပန်းချီအနုပညာရှင်တွေဖန်တီးထားသလို ကျွန်တော်တို့ကိုယ်တိုင်လည်း လေ့လာဖန် တီးထားမှ သဘောပေါက်လွယ်တာပါ။ အဲဒီအခါမှာ Interior Designer တစ်ယောက်အနေဖြင့် တခြားအနု ပညာရှင်တွေနှင့် လက်တွဲလုပ်ကိုင်ရာမှာ ပိုမိုလွယ်ကူလာစေတဲ့အပြင် မည်သည့်အနုပညာအမျိုးအစားက မိမိ ဖန်တီးထားတဲ့ Interior Design နဲ့လိုက်ဖက်မလဲဆိုတာကို ရွေးချယ်လာတတ်စေမှာပါ။

Professional Interior Designer တစ်ယောက်အနေနဲ့ လေ့လာသင်ယူစရာတွေများသလို ကိုယ် လျှောက်လှမ်းချင်တဲ့လမ်းကြောင်းတွေကို ရွေးချယ်ဖို့လည်း အများကြီးရှိနေတတ်ပါတယ်။ Interior Design နဲ့ပတ်သက်ပြီး လျှောက်လှမ်းဖို့လမ်းကြောင်းတွေအများကြီးရှိနေတတ် ပါတယ်။ Interior Decorator, Interior Designer, Art Director, Set Designer, Furniture Designer, Industrial Designer, Architectural Interior Designer ဆိုပြီးအမျိုးမျိုးရှိကြပါတယ်။
Interior Decorator ဆိုတာက အများစုနားလည်ထားကြတဲ့ Interior Designer အများစုပါပဲ။ တချို့ Interior Designer တွေကတော့ Interior Decorator လို့ခေါ်ကြလျှင်သိပ်တော့သဘောမကျကြပါဘူး။ ဘာလို့ လဲဆိုတော့ Decorator တစ်ယောက်အနေနဲ့ သူတို့ယူဆထားတာကတော့ အခန်းတွင်းအလှဖန်တီးရုံ သက် သက်ပဲလို့ယူဆကြပါတယ်။ Interior Decorator အများစုကတော့ အိမ်တွေကိုအလှဆင်တာများပါတယ်။ အိမ် ကိုလှပအောင် ပရိဘောဂတွေ နံရံဆေးရေးတွေ ပန်းချီပန်းပု အခန်းနဲ့လိုက်ဖက်မယ့်အနုပညာပစ္စည်းတွေကိုရွေး ချယ်အလှဆင်တတ်ကြပါတယ်။ ဒီလိုအလှဆင်နိုင်ဖို့ Interior Design ကျောင်းတွေက ကျောင်းဆင်းစရာမလို ပါဘူး။ မိမိဘာသာလေ့လာလို့ရသလို လုပ်ငန်းခွင်ထဲမှာလည်းသင်ယူလို့ရပါတယ်။

Interior Designer နှင့် Interior Decorator ကွာခြားချက်ကတော့မိမိတာဝန်ယူရတဲ့အနေအထားမတူ ညီကြပါဘူး။ များသောအားဖြင့် Interior Decorator တွေရဲ့တာဝန်ယူမှုတွေ Interior Designer တွေလောက် ခက်ခဲနက်နဲမှု မရှိကြပါဘူး။
Interior Designer တွေကျတော့ Residential Design တွေတင်မကတော့ပါဘူး။ Commerical Design တွေကို အဓိကထားပြီးလုပ်လာကြပါတယ်။ သူတို့ရဲ့အရေးပါတဲ့အခန်းကဏ္ဍကလည်း Decorator တွေ ထက် ပိုပြီးကျယ်ပြန့်လာပါတယ်။ ဒါဆိုရင် Interior Decorator တွေကရော Commercial Design မှာ လုပ် ကိုင်လို့မရဘူးလားလို့မေးရင် လုပ်ကိုင်လို့ရပါတယ်လို့ ဖြေလို့ရပါတယ်။ Interior Decorator တွေအများစုက Industrial Designer လို့ခေါ်တဲ့ထုတ်လုပ်မှု Production ပိုင်းကိုဦးတည်သွားနေတာကိုတွေ့ရပါတယ်။
Interior ကိုပုံစံအမျိုးမျိုးနှင့် တွေ့ရတတ်ပါတယ်။ Residential Design, Retail and Commercial Design, Office Design, Public Building Design, Hospitality ဆိုပြီးအမျိုးမျိုးရှိကြပါတယ်။ ထိုအမျိုးမျိုးရှိတဲ့ ဒီဇိုင်းတွေထဲမှာမှ Hospitality Design အမျိုးအစားဖြစ်တဲ့ဟိုတယ်တွေကို ဖန်တီးတဲ့ဒီဇိုင်းက ပိုပြီးကျယ်ပြန့်တာ ကိုတွေ့ရတတ်ပါတယ်။ များသောအားဖြင့် Hospitality Design ရေးဆွဲတဲ့ Interior Design Company တွေ က ထိပ်တန်းဒီဇိုင်နာတွေဖြင့် ပါဝင်နေတတ်တာကိုတွေ့ရပြီး သူ့လက်အောက်မှာ ဒီဇိုင်နာမျိုးစုံကိုတွေ့ရတတ်ပါ တယ်။ ကိုယ်ပိုင်ဒီဇိုင်းတွေမှာ ပရိဘောဂ Furniture သာမကပါဘူး Decorative Lighting တွေကအစကိုယ်ပိုင် ဒီဇိုင်းဖြစ်အောင် ရေးဆွဲကြရပါတယ်။ နောက်ပြီး ဟိုတယ်နဲ့လိုက်ဖက်မယ့် အနုပညာ ပန်းချီပန်းပု Flower Arrangement ပန်းအိုးထိုးတာကအစ ပါဝင်တတ်ကြပါတယ်။ ထိုသို့ရွေးချယ်အလှဆင်နိုင်ဖို့ အလှအပတစ်ခု တည်းကိုသာ ကြည့်တတ်ရုံတင်မကပါဘူး။ ရိုးရာယဉ်ကျေးမှုဆိုင်ရာတွေ သမိုင်းကြောင်းဆိုင်ရာ လေ့လာဖန်တီး မှုတွေကို သဘာဝတရားကနေဖြစ်ပေါ်လာနိုင်တဲ့အနုပညာခံစားမှုတွေ စာပေဓလေ့ထုံးတမ်းအစဉ်အလာတွေကို သဘာဝတရားကနေ ဖြစ်ပေါ်လာနိုင်တဲ့အနုပညာခံစားမှုတွေ စာပေဓလေ့ထုံးတမ်းအစဉ်အလာတွေကိုလည်း လေ့လာကြေညက်နေဖို့လိုအပ်ပါတယ်။ တချို့ Interior Design Company တွေမှာတော့ ထိုသူတွေကို Art Director ဆိုပြီး ခေါ်ဝေါ်တတ်ကြပါတယ်။

Interior Designer တစ်ယောက်အနေနဲ့ နောက်ထပ်ရွေးချယ်စရာလမ်းကြောင်းကတော့ အနုပညာ Media ရုပ်ရှင်တွေမှာတွေ့ရတတ်တဲ့ Set Designer အဖြစ်ပါပဲ။ ရုပ်ရှင်ရိုက်ကူးတဲ့အခါမှာ လိုအပ်တဲ့ဇာတ်ဝင် ခန်းတွေကို ဖန်တီးတဲ့အနုပညာတစ်ခုဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ Set Designer တစ်ယောက်အရမ်းဖြစ် ချင်ခဲ့ပါတယ်။ တစ်ခါတစ်လေကိုယ်ဖန်တီးထားတဲ့ဒီဇိုင်းလေးကို အသုံးချတဲ့ Client တွေကြောင့်ဖြစ်ဖြစ်၊ ရာသီ ဥတုအချိန်ကာလတစ်ခုကြောင့်ပဲဖြစ်ဖြစ် မလိုလားအပ်ဘဲ ပြောင်းလဲသွားတာကို မမြင်ချင်ပါဘူး။ Set Design ကတော့ မိမိဖန်တီးထားတဲ့ဒီဇိုင်းကို Time Capsule ထဲကိုထည့်လိုက်သလို အချိန်ကာလတစ်ခုရပ်တန့်သွား တာကို အရမ်းသဘောကျနေမိခဲ့ပါတယ်။
ဒါပေမယ့် ကျွန်တော်ကျောင်းပြီးပြီးချင်း စင်ကာပူမှာရွေးချယ်ခဲ့တဲ့လမ်းကြောင်းကတော့ Architectural Interior Designer ဘ၀တစ်ခုပဲလို့ပြောလို့ရပါတယ်။ဆယ်တန်းဖြေပြီးကာစ တက္ကသိုလ်တွေတက်ဖို့ရွေးချယ်မိ တဲ့အချိန်မှာ ကျွန်တော်သင်ယူချင်ခဲ့တာက ဗိသုကာပညာပါ။ ဒါပေမယ့် ကျွန်တော်တို့ဆယ်တန်းအောင်တဲ့ ၂၀၀၀ ခုနှစ်မှာ ကျောင်းတွေမှာ ဗိသုကာပညာကိုသင်ကြားပေးခဲ့ခြင်းမရှိပါဘူး။ နောက်ဆုံးမှာတော့ စင်ကာပူမှာ ကျောင်းတက်ဖြစ်တော့ Interior Design ဘာသာရပ်ဖြစ်ပြီး ကျောင်းပြီးပြီးချင်း လုပ်ငန်းခွင်ဝင်ရတော့ Assistant Architect တစ်ယောက်အနေနဲ့ Surbana Interior Consultant မှာ အလုပ်ဝင်ခွင့်ရပါ တယ်။ International Consultant ဆိုတဲ့အတိုင်း နိုင်ငံတကာမှာရှိတဲ့ဒီဇိုင်းတွေ အာခီတက်တွေ ဒီဇိုင်နာတွေနဲ့ တွေ့ ကြုံခဲ့ရတဲ့အချိန်မှာ Architectural Interior Designer တစ်ယောက်ရဲ့အရေးပါမှုကို ပိုမိုနားလည်ခဲ့ပါတယ်။ နောက်ပြီး ကျွန်တော်သင်ယူခဲ့တဲ့ Lasalle, Collage of The Arts ကလည်း သင်ရိုးညွှန်းတမ်းကိုရေးဆွဲခဲ့တဲ့ အခါမှာ Architectural Interior Design ကို ဦးစားပေးခဲ့တာကြောင့်လည်းဖြစ်ပါတယ်။

ဘာကြောင့် Architectural Interior Design ကအရေးကြီးသလဲလို့မေးလာလျှင် ခေတ်မီမြို့ပြတည် ဆောက်မှုတွေရဲ့တိုးတက်မှုလို့ဖြေလို့ရပါတယ်။ Interior Design ဆိုတာ ဒုတိယကမ္ဘာစစ်ပြီးဆုံးပြီး နောက်ပိုင်း မှာပြောင်းလဲခဲ့ပါတယ်။ Mass Production လို့ခေါ်တဲ့ စက်မှုကုန်ထုတ်လုပ်မှုတွေ အပြိုင်အဆိုင်တိုးတက်လာတဲ့ အချိန်မှာ ဗိသုကာအခန်းကဏ္ဍကလည်း ပြောင်းလဲခဲ့ပြီး Interior Design ရဲ့အနေအထားကလည်း တိုးတက် လာတယ်လို့ ပြောလို့ရလာပါတယ်။ ယခင်က အိမ်တွေပဲအလှဆင်တာတွေ့ရပေမယ့် စက်မှုကုန်ထုတ်လုပ်ရေး တိုးတက်လာမှုနှင့်အတူ လုပ်ငန်းခွင်အခြေအနေတွေကပါ ကမ္ဘာတစ်ဝန်းပြောင်းလဲလာတာကိုတွေ့ရပါတယ်။ ယခင်က အဆောက်အဦတစ်လုံးကို တည်ဆောက်တဲ့အခါမှာ အချိန်ယူတည်ဆောက်မှုတွေရှိခဲ့ပေမယ့် ပြိုင်ဆိုင် မှုတွေများလာတဲ့အခါမှာ လျင်မြန်စွာဆောက်လုပ်ပြီးစီးနိုင်ဖို့ နည်းပညာအသစ်အဆန်းတွေ သက်ဆိုင်ရာတာဝန် ခွဲဝေမှုတွေ ပေါ်ပေါက်လာပါတယ်။ သက်ဆိုင်ရာအခန်းကဏ္ဍတွေအတွက် အရေးပါတဲ့နေရာတွေမှာ တာဝန်ယူ မှုကို အာမခံတဲ့ Professional Certificate လို့လည်းပြောလို့ရတဲ့ဥပဒေနဲ့ ထိန်းချုပ်ထားတဲ့ပရော်ဖက်ရှင်နယ်အ သိုင်းအ၀ိုင်းတွေလည်း ပေါ်ပေါက်လာကြပါတယ်။ ထိုပရော်ဖက်ရှင်နယ်အသိုင်းအ၀ိုင်းတွေမှာ ဆောက်လုပ်ရေး မှာ အခရာကျတဲ့ ဗိသုကာ၊ အင်ဂျင်နီယာတွေရဲ့အခန်းကဏ္ဍက ပိုပြီးအရေးပါလာကြတာကိုလည်းတွေ့ရပါ တယ်။ ယခင်က ဗိသုကာပညာရှင်တွေ၊ အင်ဂျင်နီယာတွေ Artist တွေအချိန်ယူပြီးဖန်တီးခဲ့ကြတဲ့ Interior Space တွေမှာ ကျွမ်းကျင်တဲ့အနုပညာရှင်တွေပေါ်ပေါက်လာကြပြီး ထိုလူတွေကို Interior Designer လို့သတ် မှတ်လာခဲ့ကြပါတယ်။ ယခင် Interior Decorator ကနေ Interior Designer အဖြစ်ပြောင်းလဲလာတဲ့အခါမှာ တာဝန်ယူမှုကလည်း ကြီးမားလာကြပါတယ်။

Interior Designer တွေက အဆောက်အဦအတွင်းမှာ ဒီဇိုင်းဖန်တီးကြတဲ့အခါမှာ သက်ဆိုင်ရာပရော် ဖက်ရှင်နယ်တွေ ညှိနှိုင်းပြီးလုပ်ကိုင်လာကြရပါတယ်။ ထိုသို့ညှိနှိုင်းနိုင်ဖို့အတွက် ထိုပရော်ဖက်ရှင်နယ်တွေရဲ့ အလုပ်သဘောတရား ပညာရပ်သဘောတရားတွေကိုနားလည်ဖို့ နံပါတ် ၁ ဖြစ်လာကြပါတယ်။ ထို့ကြောင့် ဖွံ့ ဖြိုးတိုးတက်ခေတ်မီတဲ့နိုင်ငံတွေမှာ Interior Design နဲ့ပတ်သက်ပြီး သင်ရိုးတွေကိုပြောင်းလဲရေးဆွဲခဲ့ကြပါ တယ်။
ကျွန်တော့်အနေနဲ့ စင်ကာပူမှာ Surbana International Consultants ကနေထွက်ပြီး Interior Design Company တစ်ခုဖြစ်တဲ့ JC Will နှင့် Art at Domain မှာပြောင်းလဲလုပ်ကိုင်ခဲ့တဲ့အချိန်မှာ Architectural Interior Designer တစ်ယောက်ရဲ့အရေးပါမှုကို ပိုမိုနားလည်သဘောပေါက်လာပါတယ်။ စင် ကာပူမှာအလုပ်လုပ်ခဲ့စဉ်က Singapore Far East Organization and Malaysia Sp Setia BHD Group ရဲ့ Mixed Development တွေမှာ ပါဝင်ခွင့်ရခဲ့ပါတယ်။ အထူးသဖြင့် Residential Project Development တွေ အတွက်ဖြစ်ပါတယ်။

Developer တွေကအိမ်ရာစီမံကိန်းတစ်ခုကိုအကောင်အထည်ဖော်ပြီးရောင်းချဖို့အတွက် Sale Gallery တွေတည်ဆောက်ကြပါတယ်။ ထို Sale Gallery တွေမှာ နမူနာတိုက်ခန်း အိမ်ခန်းလေးတွေကို ဖွဲ့စည်းတည် ဆောက်ပြသဖို့ Interior Designer တွေကိုချဉ်းကပ်ကြရပါတယ်။ ထိုသို့ပြသရာတွင်လည်းရောင်းချရာမှာ မပါမ ဖြစ်ဖြစ်တဲ့နေရာတွေကိုလည်း တစ်ခါတည်းတည်ဆောက်ပြသကြရပါတယ်။
Architectural Interior Designer တစ်ယောက်အနေနဲ့ ထိုနမူနာတိုက်ခန်းတွေကို ဖန်တီးတဲ့အခါမှာ ၀ယ်သူက သဘောကျပြီး ချက်ချင်းဝယ်ယူလိုစိတ်ဖြစ်သွားအောင် ဖန်တီးတတ်ဖို့လိုပါတယ်။ အဲဒီအခါမှာ Architect နှင့် Developer တို့နှင့်လက်တွဲပြီး အကောင်းဆုံးဖြစ်အောင်ဖန်တီးကြရပါတယ်။ အဓိကအားဖြင့် ထို အဆောက်အဦကို ဒီဇိုင်းရေးဆွဲထားတဲ့ အာခီတက်ရဲ့ဒီဇိုင်းသဘောတရားကို နားလည်တတ်ဖို့လိုသလို Developer သတ်မှတ်ထားတဲ့ ဘတ်ဂျက်ထဲဝင်နေဖို့လည်းလိုအပ်ပါတယ်။

Developer အနေနဲ့ ၀ယ်သူကို တိုက်ခန်းအပ်နှံတဲ့အခါမှာ Developer ဘက်က ဘာတွေထည့်ပေးရ မလဲဆိုတာကို သိထားဖို့လိုအပ်ပါတယ်။ ထိုလိုအပ်ချက်တွေကို နမူနာတိုက်ခန်းမှာ ထည့်သွင်းတည်ဆောက်ပြ သထားဖို့ လိုအပ်သလို ကိုယ်ဖန်တီးထားတဲ့ဒီဇိုင်းနဲ့ ကိုယ်ရွေးချယ်လိုက်တဲ့ Material တွေကလည်း ထိုအ ဆောက်အဦထဲမှာရှိတဲ့အခန်းတိုင်းအတွက် သတ်မှတ်ထားတဲ့ဘတ်ဂျက်ထဲကိုလည်း ၀င်နေဖို့လိုအပ်ပါတယ်။
ထို့ပြင် Developer ဘက်က Target ထားတဲ့ ၀ယ်သူတွေရဲ့လိုအပ်ချက်နှင့် သဘောတရားကိုလည်းသိ ထားဖို့လိုအပ်လာပါသေးတယ်။ Developer ကလူငယ်တွေကိုဦးတည်လား၊ လူကြီးတွေကိုဦးတည်လား၊ ဒါမှမ ဟုတ် မိသားစုဦးရေများပြားတဲ့အိမ်ထောင်စုတွေကို ဦးတည်သလား၊ ငွေကြေးချမ်းသာတဲ့သူတွေအတွက်လား ဆိုတာသိရပါမယ်။ ဒါမှသာ Developer မှန်းထားတဲ့ဝယ်သူကို ဆွဲဆောင်နိုင်မှာဖြစ်ပါတယ်။

ဒါတင်သာမကသေးပါဘူး။ ထိုအဆောက်အဦမှာ ထည့်သွင်းပေးထားမယ့် Facilities တွေရဲ့ Interior အတွက်ကိုလည်း တခါတည်းစဉ်းစားထားရပါသေးတယ်။
Interior Designer နှင့် ဗိသုကာနှင့်သက်ဆိုင်တဲ့ Architectural Interior Design တို့ရဲ့ ကွဲပြားတဲ့အ ချက်ကတော့ Interior Designer ကတော့ နံရံလေးဖက်အတွင်းမှာရှိတဲ့ Interior Space ကို အပြင်ပန်းအ ဆောက်အဦရဲ့ဒီဇိုင်းကို ထည့်သွင်းစဉ်းစားစရာမလိုဘဲ လွတ်လပ်စွာဖန်တီးနိုင်ခြင်းဖြစ်ပြီး Architectural Interior Designer ကတော့ အဆောက်အဦရဲ့ ဗိသုကာဒီဇိုင်းနဲ့လိုက်ဖက်မည့်ဒီဇိုင်းကိုစဉ်းစားပြီး အပြင်နှင့် အတွင်း Exterior and Interior ဟာမိုနီဖြစ်အောင် ဖန်တီးတတ်ခြင်းပါပဲ။

Architecture Interior Design တွေ အနေဖြင့် နောက်ထပ်အခြေအနေတမျိုးအဖြစ်လည်း ရပ်တည် လို့ရပါတယ်။ ဒါကတော့ နံရံလေးဖက်အတွင်းမှာ Architecture ဗိသုကာပညာရပ်တစ်ခုရဲ့ ဒီဇိုင်းချဉ်းကပ်မှုပုံစံ မျိုးဖြင့်လည်း ဖန်တီးတတ်ကြပါပြန်သေးတယ်။ ထိုအခါမှာ Form and Space တွေဖြင့်ဖွဲ့စည်းပြီး Material ကိုဦးစားပေးတဲ့ဒီဇိုင်းတွေကိုဖြစ်လာကြပါတယ်။ ထို့ပြင် Architectural Interior Designer ကို ကျယ်ကျယ်ပြန့် ပြန့်တွေ့လို့ရတဲ့နေရာတွေကတော့ အဆောက်အဦဟောင်းတွေကိုပြင်ဆင်ပြီး အသစ်တဖန်အသုံးပြုတဲ့ Conservation Project အမျိုးအစားတွေမှာဖြစ်ပါတယ်။ Conservation အတွက် လိုင်စင်ရဗိသုကာတွေက ဦး ဆောင်ရေးဆွဲခဲ့ကြသလို တတ်ကျွမ်းတဲ့ Architectural Interior Design တွေလည်းဦးဆောင်နေကြပါတယ်။ တခါတရံအဟောင်းထဲမှာ အသစ်ကို ဖန်တီးထည့်လိုက်ရတာရှိသလို အဟောင်းထဲမှာလည်းသူ့ခေတ်နဲ့ လိုက် ဖက်မယ့်သမိုင်းထဲကဒီဇိုင်းကို အခြေခံထားတဲ့ ဒီဇိုင်းတွေကိုလည်း ဖန်တီးတတ်ဖို့လိုပါသေးတယ်။

Interior Design ကိုလေ့လာနေတဲ့လူငယ်တွေအတွက် တိုင်းပြည်ရဲ့တိုးတက်မှုအခြေအနေကိုမူတည် ပြီး ရွေးချယ်စရာလမ်းတွေ အများကြီးရှိနေတတ်ကြပါတယ်။ မြန်မာနိုင်ငံမှာ 3D Visualization နှင့် Interior Designer ကွဲကွဲပြားပြား မသိကြသေးပါဘူး။ 3D ဆွဲတတ်မယ် Autocad နဲ့ပုံလေးတွေထုတ်တတ်မယ်ဆိုရင် Interior Designer ဖြစ်ပြီလို့ ခံယူတတ်ကြပါတယ်။ တကယ်တော့ Interior Designer တစ်ယောက်ဖြစ်ဖို့ လေ့ လာသင်ယူဖို့အများကြီးရှိနေပါသေးတယ်ဆိုတာ ထပ်ပြီးပြောပြချင်ပါသေးတယ်။ Interior Designer တစ် ယောက်ဖြစ်လာဖို့လုပ်ငန်းခွင်ထဲမှာ ဘယ်လိုလေ့လာသင်ယူသင့်သလဲဆိုတာကိုလည်း အတွေ့အကြုံလေးတွေ နဲ့ဝေမျှချင်ပါသေးတယ်။

သက်ပိုင်သူ

2 thoughts on “Interior Design ဆိုသည်မှာ

  1. Nyomie

    I really like this article and I would like to know more about interior designing. I’m interested in interior renovating so is this the same with conservation projects?

  2. Nyein Chan Aung

    Worth to read article for seeking experience of interior design.
    After reading it, i have a question to ask.
    Is that architectural interior designer can perform as 3D visualization while he is qualified in both professional fileds ?

Comments are closed.

error: ကူးယူခွင့်မပြုပါ။ ခွင့်မပြုဘဲ ကူးယူထားခြင်းတွေ့ရှိပါက တရားဥပဒေအရ အရေးယူပါမည်။