Live Life Dezine

Architecture & Design Magazine in Myanmar

ထိန်းသိမ်းအမွေ ပုဂံပြည်

Culture Heritage ယဉ်ကျေးမှုအမွေ အနှစ်ကို အနက်အဓိပ္ပာယ်ဖွင့်ဆိုရလျှင် အတိတ်သမိုင်းကြောင်း၌ ကျွန်ုပ် တို့ဘိုးဘေးများတန်ဖိုးထားခဲ့ကြသော။ လက်ရှိအချိန်တွင်တန်ဖိုးထားနြေ
ကရဆဲဖြစ်သော။ ကျွန်ုပ်တို့သားမြေး များအတွက် ဆက်လက်တန်ဖိုးထားစေချင်သော အရာများဖြစ်သည်။ တစ်နည်းအားဖြင့် သားစဉ်မြေးဆက် ဆက်လက်ထိန်းသိမ်း စောင့်ရှောက်စေချင်သောတိုင်းပြည်၊ လူ မျိုးမိသားစုအမွေများဖြစ်သည်။ မြန်မာ မှာရော ကျွန်ုပ်တို့ဘိုးစဉ်ဘောင်ဆက် ဘယ်အရာတွေကိုအမွေအနှစ်အဖြစ် လက်ဆင့်ကမ်းလာခဲ့ကြပါပြီလဲ။ ပျူ၊ မွန်၊ ပုဂံ၊ အင်းဝ၊ ကုန်းဘောင်ခေတ်အဆက် ဆက်မြန်မာမှာနေရာများစွာ၌ သက်သေ သာဓကဗိသုကာလက်ရာများ စွာချန်ထားရစ်ခဲ့ကြသည်၊ ယနေ့တိုင် အံ့သြဘနန်းဖြစ်ကြရသည်၊ ဗိသုကာအနုပညာလက်ရာများစွာကို ဆက် လက်တန်ဖိုးထားနေကြရသည်၊ သမိုင်းဆိုင်ရာ ဗိသုကာအထောက်အထားများကို ကြည့်မြင်ရ၍ ကျွန်ုပ်တို့မြန်မာ ဘိုးဘွားများနေထိုင်ခဲ့ကြသည့်လူမှုဘ၀ပုံစံကို သိမြင်ခံစားနိုင်သည်၊ ဘာသာရေးအပေါ် စွန့်ကြဲပေးကမ်းတတ် သောအလေ့အထကို တွေ့မြင်ရသည်။ များပြားလှစွာသော မြန်မာ့အမွေအနှစ်များထဲမှ အထင်ကရကျန်ရစ်ခဲ့ သည့် မြန်မာပြည်၏အသည်းနှလုံး ပုဂံပြည်ရှိဗိသုကာအမွေအနှစ်များအကြောင်းပြောပြချင်ပါသည်။ ပုဂံပြည် ကြီးတွင်တည်ရှိနေသေးသော တန်ဖိုးများ၊ ကြုံတွေ့ရင်ဆိုင်နေရသည့် အခက်အခဲများနှင့်ဖြေရှင်းနိုင်မည့် နည်း သွယ်အချို့ကို ဤဆောင်းပါးဖြင့် ဖော်ပြလိုက်ပါသည်။
ထောင်ပေါင်းများစွာသော စေတီပုထိုးများတည်ရှိရာ ပုဂံကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်စေရန် တစ်ချိန်က ကြိုးစားခဲ့ကြဖူးသည်။ ငြင်းပယ်စရာ အကြောင်းတရားများ ကမ္ဘာ့စံနှုန်းကိုက် ညီမှုမရှိခြင်းများကြောင့် စာရင်းဝင် အဖြစ်မရောက်ရှိ မရရှိခဲ့ပေ။ ၂၀၁၆ ခုနှစ်၊ ယနေ့အချိန်အထိ တိုင်းပြည်နိုင်ငံအသီးသီးရှိ ကမ္ဘာ့အမွေအနှစ် စာ ရင်းဝင်ပေါင်း ၁၀၅၂ ခုရှိသည်၊ ၎င်းတို့အနက်မှ မြန်မာနိုင်ငံတွင် Serial Property အဖြစ် တင်သွင်းခဲ့ သည့် ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ စသည့်ပျူမြို့ဟောင်း ၃ မြို့သည်သာ တစ်ခုထဲသော… အပြည့်အစုံဖတ်ရန် »
View : 364 times
error: ကူးယူခွင့်မပြုပါ။ ခွင့်မပြုဘဲ ကူးယူထားခြင်းတွေ့ရှိပါက တရားဥပဒေအရ အရေးယူပါမည်။