Live Life Dezine

Architecture & Design Magazine in Myanmar

Architecture (၀ါ) ဗိသုကာပညာရပ်ဖြင့် သက်ဆိုင်သော ကြောင်းကျိုးကြီးငယ်များကို ဝေဖန်ထောက်ရှုခြင်း …

ကျွန်တော်လက်တွန့်တဲ့ခေါင်းစဉ်တစ်ခု။ ဒါပေမယ့် ကျွန်တော်တို့အတွက် မရှိမဖြစ်လိုအပ်သည့် အထိန်းအကွပ်ပဲ့ ကိုင်လက်တစ်စုံ။
ကျွန်တော်ကိုယ်တိုင် Architect မဟုတ်၊ Architecture ပညာရပ်ကို လေ့လာသင်ကြားခဲ့သူမဟုတ်လေတော့ “ဘေးထိုင်ဘုပြော” တစ်ယောက်ဖြစ်မှာကိုလည်း စိုးရိမ်မိသည်။ ဒါပေသိ မြင်ရတာတွေများ၊ သိတာတွေ များလာတော့ ရင်နှင့်အမျှပေါ့။
ဝေဖန်ရေးစာပေဆိုသည်က တာဝန်ကြီးသည်။ ထို့ကြောင့် ကျွန်တော်ဖဲကြိုးဖြတ်လမ်းဖွင့်ပေးရုံသာသာ နိဒါန်းမျှပျိုး နိုင်မည်။ ကျွန်တော်ဖွင့်သောလမ်း သက်ဆိုင်ရာပညာရှင်များ ဆက်လက်လျှောက်လှမ်းစေချင်သည်။ ထို့ကြောင့် ကျွန်တော့် ခေါင်းစဉ် ကျွန်တော်ရေးသားမည့်အကြောင်းအရာက “ Architecture ဝေဖန်ရေးအတွက် နိဒါန်း” စာကိုယ်မဟုတ်သေး။
ပြောမည့်သာပြောရမှာ၊ ပြောရမည့်အကြောင်းအရာတွေက ဝေဖန်ရေးစည်းဘောင်ဝင်အောင် အားမကောင်းလှ။ အစည်းအရုံး (AMA) ကို ဝေဖန်ထောက်ရှုမလား၊ ဆရာကြီး၊ ဆရာမကြီးတွေ ကိုယ့်ထမင်းကိုယ်စားပြီး မျိုးဆက်သစ်တို့ တိုး တက်ရေး၊ ပညာရပ်တိုးတက်ရေး၊ ပညာရပ်သိက္ခာ၊ အသင်းအဖွဲ့ရပ်တည်မှုစသည်တို့အတွက် ဆရာစိတ်၊ သမားစိတ် အပြည့် စိတ်ရှုပ်ခံအားကုန်ရုန်းနေသူများ။ AMA… အပြည့်အစုံဖတ်ရန် »
View : 1,171 times
View : 1,062 times
View : 1,062 times

Architect ဆောက်တဲ့ တဲ ၂

Architect တစ်ယောက် ဆောက်ထားတဲ့ တဲလှလှလေးတစ်လုံးရှိတယ်။ ဒီစကားကို ကြားတော့  ကျွန်တော်အနေနဲ့ “ဪ..ဟုတ်လား” ပေါ့။ ပြောတဲ့ သူက ထပ်ညွှန်းတယ်။ “သက်ကယ်အုပ်၊ ရိုင်ပတ်ထားပေမယ့် Architect တစ်ယောက်လုပ်ထားတယ်ဆိုတဲ့ Signature လေးတွေရှိတယ်။ အဲဒီတော့  ကျွန်တော်ကလည်း “အေးပါ၊ လှမှာ ပေါ့။ ဓါတ်ပုံရှိလား” လို့ မေးတော့  ကျွန်တော့်ကို ဓါတ်ပုံမပေးဘဲ လိပ်စာပဲချပေးလိုက်တယ်။ “ဆရာတော် ဦးပဏ္ဍိတ” နည်းနည်းတော့  အံ့ဩမိတယ်။ သွားတွေ့ရမှာ လူပုဂ္ဂိုလ်တစ်ဦးမဟုတ်ဘဲ ရဟန်းတော်တစ်ပါး ဖြစ်နေလို့ပေါ့။ “အရှင်ဘုရား၊ တဲလေးတစ်လုံးဆောက်ထားတယ် ကြားတယ်၊ တပည့်တော် အဲဒီအကြောင်း စာရေးမျှဝေချင်လို့ပါ။” မျက်ခုံးမွှေးတွေဖြူ  သင်္ကန်းတော် ခပ်နွမ်းနွမ်းနဲ့ သက်တော် ၈၀… အပြည့်အစုံဖတ်ရန် »
View : 1,098 times
error: ကူးယူခွင့်မပြုပါ။ ခွင့်မပြုဘဲ ကူးယူထားခြင်းတွေ့ရှိပါက တရားဥပဒေအရ အရေးယူပါမည်။