Live Life Dezine

Architecture & Design Magazine in Myanmar

နတ်ဆိုး၏ဘုံဗိမာန်ကို ဖန်တီးသူ (သို့မဟုတ်) ဟစ်တလာ၏ အာခီတက်

ဒုတိယကမ္ဘာစစ်အတွင်းက ဥရောပတိုက်မှာ နတ်ဆိုးကြီးတစ်ကောင်ပေါ်ပေါက်လာခဲ့ပါတယ်။ နတ်ဆိုးကြီး၏ အရှိန်က ဖိန့်ဖိန့်တုန်….။ သူ့အသံကြားရုံနဲ့ ဂျူးလူမျိုးတွေ သွေးပျက်နေကြပြီ။ သွေးပျက်ချင်လည်း သွေးပျက်လောက်စရာပါပဲ။ အဲဒီနတ်ဆိုးကြီးဟာ ဘယ်အငြိုးကြောင့်ရယ်မသိ။ သူသိမ်းပိုက်ထားသမျှ နိုင်ငံအသီးသီးမှ ဂျူးလူမျိုးတိုင်းကို တွေ့ရာသင်္ချိုင်း ဓားမဆိုင်းဆိုသလို လိုက်လံသတ်ဖြတ်နေခဲ့ပါတယ်။ သေနတ်နဲ့ ပစ်သတ်ရုံနဲ့တင်အားမရ အဆိပ်ဓာတ်ငွေ့လူသတ်ရုံကြီးတွေကိုတည်ဆောက်ပြီး ဂျူးလူမျိုးတွေကိုအစုလိုက်သတ်ဖြတ်ခဲ့တဲ့အတွက် ဥရောပတိုက်ရှိ သန်းနဲ့ချီတဲ့ဂျူးလူမျိုး တွေသေဆုံးခဲ့ကြပါတယ်။ အဲဒီနတ်ဆိုးဆိုသူမှာ တခြားသူမဟုတ်။ နာဇီပါတီကို တည်ထောင်သူ ဂျာမနီအာဏာရှင်ကြီး အဒေါ့ဟစ်တလာ (Adolf Hitler) ပဲ ဖြစ်ပါတယ်။ ဟစ်တလာက ဥရောပတိုက်ရှိ ပိုလန်နဲ့ ပြင်သစ်အပါအဝင် တခြား နိုင်ငံတွေကိုသိမ်းပိုက်ကာ သူ့ကိုမျက်စိစပါးမွေးစူးစေတဲ့အဆောက်အအုံ ဗိသုကာတချို့ကိုဖျက်ဆီးခဲ့ပါတယ်။ ဟစ်တလာက ဂျာမန်လူမျိုးတွေဟာ မြင့်မြတ်တဲ့အာရိယန်လူမျိုးနွယ်က ဆင်းသက်လာကြတယ်လို့ မှတ်ထင်တဲ့အတွက် တိမ်နုတ်နေတဲ့အဆောက်အအုံ ဗိသုကာလက်ရာများကိုဖြိုဖျက်ပြီး ခမ်းနားထည်ဝါတဲ့အဆောက်အအုံတွေကို အစားထိုးဖန်တီးဖို့ စိတ်ကူးခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဖြစ်နိုင်ရင် ဂျာမနီနိုင်ငံရဲ့မြို့တော် ဘာလင်မြို့ကိုပင် မြို့အကွက်သစ်ရေးဆွဲပြီး ပြန်လည်တည်ဆောက်ဖို့လည်း ကြိုးစားခဲ့ပါတယ်။… အပြည့်အစုံဖတ်ရန် »
View : 70 times

ဒေါ်ရွှေဦးခင် ဘဝကောက်ကြောင်း

ငယ်စဉ်က ဗိသုကာပညာကို ဝါသနာပါခဲ့လားဗျ။
ဗိသုကာပညာဆိုတာကို ငယ်ငယ်တုန်းက မသိခဲ့ပါဘူး။ ဗိသုကာပညာလို့ ပြန်ပြီး ဆက်စပ်နိုင်တဲ့အကြောင်းအရာဆိုရင်တော့ ရှိတယ်။ ငယ်ငယ်တုန်းက လေးငါးတန်းအရွယ်က အိမ်ဆောက်တမ်းကစားခဲ့ကြတယ်လေ။ ကလေးတော်တော်များများလည်း ကစားဖူးခဲ့ကြမှာပါ။ ကိုယ်တို့တွေ တောင်ကြီးမှာတော့ ရောင်စုံဝေဖာကတ် မုန့်ဆိုတာရှိတယ်။ ကတ်ထူပြားကလေးတွေလိုပဲ၊ အရောင်စုံလေးထောင့်အချပ်လေးတွေဆိုတော့လေ၊ ကဒ်ကလေးတွေကို အလျားလိုက်၊ ဒေါင်လိုက်စီပြီး အိမ်ဆောက်ကြတာပေါ့။ ကိုယ်က ငယ်ငယ်လေးကတည်းက စိတ်ကူးအလွန်ယဉ်တတ်တယ်။ အိမ်ဆောက်တမ်းကစားကြတော့ အရောင်လေးတွေကိုစီတဲ့အခါ ဘယ်အရောင်က အမိုး၊ ဘယ်အရောင်က အကာ၊ အဲဒီလိုသေချာရွေးနိုင်တယ်လို့ ပြန်သိရပါတယ်။ အမှတ်တရကတော့ အဲဒါလေးပါပဲ။ ငယ်စဉ်ကတည်းက ဗိသုကာပညာရှင်ဖြစ်ရမယ်ဆိုတဲ့စိတ်မျိုးရှိခဲ့လား။
ငယ်စဉ်ကတည်းက ဗိသုကာပညာဆိုတာမသိတော့ ဗိသုကာပညာရှင်ဖြစ်ရမယ်လို့ ရည်ရွယ်ချက်မရှိခဲ့ပါဘူး။ အထက်တန်းကျောင်းတက်ခဲ့တုန်းကလည်း ဗိသုကာပညာနဲ့ပတ်သက်ပြီး ထူးထူးခြားခြားသိခဲ့တာမျိုးမရှိခဲ့ပါဘူး။
ဗိသုကာပညာကို ဘယ်လိုစပြီး သင်ကြားဖြစ်ခဲ့လဲ။ တက္ကသိုလ်ကျောင်းသူဘဝ အတွေ့အကြုံ၊ အမှတ်တရလေးတွေရှိရင် လည်းပြောပြပေးပါဦး။
ဗိသုကာပညာကို ဘယ်လိုစပြီးသင်ကြားဖြစ်တာလည်းဆိုတော့ ဆယ်တန်းအောင်ပြီးတော့ မန္တလေးစက်မှုတက္ကသိုလ် (အခု မန္တလေးနည်းပညာတက္ကသိုလ်)… အပြည့်အစုံဖတ်ရန် »
View : 79 times

Shou Sugi Ban (or) Yakisugi

မြန်မာနိုင်ငံရဲ့ ရိုးရာသစ်သားအိမ်မည်းလေးတွေမှာ သဘာဝဒဏ်၊ ပိုးမွှားဒဏ်ခံနိုင်အောင် ရေနံချေးသုတ်ထားတဲ့သစ်သားတွေကို တွေ့ရှိကြမှာပါ။ ယနေ့ခေတ် ဥရောပနှင့် မြောက်အမေရိက ဗိသုကာလောကတွင်လည်း အနက်ရောင်သစ်သား (Inky-Black-Wood) တွေနဲ့ ကာရံထားတဲ့ လယ်တောအိမ် (Farm-house-Style Building) တွေကို သတိထားမိကြမယ်လို့ထင်ပါတယ်။ မြန်မာနိုင်ငံနဲ့မတူညီတဲ့တစ်ချက်ကတော့ Shou Sugi Ban (or) Yakisugi လို့ခေါ်တဲ့သစ်သားကို မီးမြှိုက်ပြုပြင်တဲ့နည်းပညာကို အသုံးပြုထားခြင်းဖြစ်ပါတယ်။
လွန်ခဲ့တဲ့နှစ်ရာစုများစွာက ဂျပန်လူမျိုးတွေဟာ နေအိမ်ဆောက်လုပ်ဖို့နဲ့ ခြံစည်းရိုးတွေကိုကာရံဖို့အတွက် ပင်လယ်ရေစီးကြောင်းနဲ့အတူ မျောပါလာတဲ့ သစ်သား (Driftwood) ကို အသုံးပြုကြပါတယ်။ ပင်လယ်ရေ၊ နေနဲ့ လေက သစ်သားကို တာရှည်ခံအောင် ရာသီဥတုဒဏ်ခံနိုင်အောင် ဖန်တီးထားသလိုဖြစ်နေတဲ့အတွက် အသုံးပြုမှုများကာ ပစ္စည်းပြတ်လပ်မှုနဲ့ကြုံတွေ့ခဲ့ကြပါတယ်။ ဒါကတော့ Shou Sugi Ban နည်းပညာပေါ်ပေါက်လာခြင်းရဲ့အစလို့ ပြောရမှာပါ။ မိမိကြိုက်နှစ်သက်တဲ့သစ်သားကို မီးမြှိုက်ပြုပြင်ပြီး ရာသီဥတုဒဏ်ခံနိုင်အောင် ပြုလုပ်လာကြပါတယ်။ ၁၇၀ဝ ပြည့်နှစ်နောက်ပိုင်းမှာတော့ ပလတ်စတစ်၊… အပြည့်အစုံဖတ်ရန် »
View : 83 times

History of Interior Design (Part – 2)

Live Life မဂ္ဂဇင်း (၂၀၁၇ စက်တင်ဘာလ) တွင် အတွင်းမွမ်းမံမှုဒီဇိုင်းဗေဒသမိုင်း၊ အပိုင်း ၁ ကို မိတ်ဆက်ရေးသားခဲ့ပါသည်။ နောက်ပိုင်းတွင် လအတန်ကြာ ကျွန်တော်စာရေးကြဲသွားပါသည်။ အသေးစားခွဲစိတ်ကုသမှု နှစ်ကြိမ်ခံယူရတာလည်းပါမည်ထင်ပါသည်။ ဖုန်းဆက်၍ မကြာမကြာစာမူတောင်းခံလာသော အယ်ဒီတာအဖွဲ့ကိုလည်း လွန်စွာအားနာမိပါသည်။
တကယ်က…
ကျွန်တော်သည် မိုးရွာလည်း မိုးရွာလို့မို့၊ နေပူလည်း နေပူလို့မို့၊ ဥဩတွန်လည်း ဥဩတွန်လို့မို့၊ ပိတောက်ပွင့်လည်း ပိတောက်ပွင့်လို့မို့ စာရေးချင်သူဖြစ်ပါသည်။ ဒါကြောင့်မို့လည်း ဗိသုကာဗေဒစာပေရေးသားခြင်းသာမက အခြားသော စာပေအနုပညာအဖွဲ့အနွဲ့များပါ ရေးသားဖြစ်သွားပါသည်။
အပိုင်း ၁ ကို ပြန်ကောက်ပါမည်။
အတွင်းမွမ်းမံမှု ဒီဇိုင်း (Interior Design) ကို မိတ်ဆက်ပေးခဲ့ပါသည်။
(၁၉၀ဝ မတိုင်မီ) Classical (ဂန္ထဝင်ခေတ်)
(၁၉၀ဝ – ၁၉၂၀) Art Nouveau, Art Deco, Arts & Crafts… အပြည့်အစုံဖတ်ရန် »
View : 86 times

Vernacular Architecture In Asia (Part-5)

Characteristics Of Vernacular Landscape
Vernacular Architecture ၏ Landscape ဆိုသည်မှာ မြေနေရာတစ်ခု၏အသွင်အပြင်အခင်းအကျင်းဟု ဆိုထားပါသည်။ အခြေခံအားဖြင့် Natural Landscape နှင့် Man-made Landscape ဟူ၍ (၂) မျိုးခွဲခြားနိုင်သည်။ Natural Landscape တွင် သဘာဝအတိုင်းရှိနေသော ကမ္ဘာမြေ၊ တောတောင်၊ မြစ်ချောင်း၊ အင်းအိုင်၊ ပင်လယ်သမုဒ္ဒရာတွေ အစရှိသောအရာများပါဝင်ပြီး Man-made Landscape တွင် လူတို့ဖန်တီးပြုလုပ်ထားသော ဥယျာဉ်ပန်းခြံ၊ လူသွားလမ်း၊ ရင်ပြင်ကျယ်၊ အဆောက်အအုံများ စသဖြင့် အစုအဖွဲ့အလိုက်ရှိနေသောအရာများပါဝင်ပါသည်။ အချို့နေရာများတွင် Natural နှင့် Man-made ရောနှောတည်ရှိနေမှုများလည်း တွေ့ရှိနိုင်ပါသည်။
Booth Norman K ၏ Basic Elements of Landscape Architectural Architecture Design (New York, 1983)… အပြည့်အစုံဖတ်ရန် »
View : 95 times

ကမ္ဘာ့အထင်ကရ အဆောက်အဦ (၁၀) ခုအား ဒီဇိုင်းဖန်တီးသူများ

(1) Antoni Gaudi (1852-1926)

စပိန်လူမျိုးအာခီတက်တစ်ယောက်ဖြစ်ပြီး သူ၏တစ်မူထူးသော Catalan Modernism ဖြင့် ဖန်တီးခဲ့သော အဆောက်အအုံများကြောင့် နာမည်ကျော်သူဖြစ်သည်။ 25.6.1852 ခုနှစ်တွင်မွေးဖွားခဲ့ပြီး ဇာတိမှာ Barcelona မြို့ Spain နိုင်ငံဖြစ်သည်။ သူ၏လက်ရာအများစုကိုလည်း Barcelona မြို့တွင် အများဆုံးတွေ့နိုင်ပေသည်။ ဖန်တီးခဲ့သောလက်ရာအများစုမှာ သဘာဝနှင့်ဘာသာရေးတို့၏လွှမ်းမိုးမှုအောက်မှ ထွက်ပေါ်လာကြသည်ဟုဆိုနိုင်သည်။ ကြွေထည်များ၊ ဖန်ထည်များ၊ သံပန်းသံခွေများ၊ လက်မှုအသေးစိတ်ပစ္စည်းများကို Architecture နှင့်ပေါင်းစပ်ဖန်တီးရခြင်းကို နှစ်ခြိုက်သူဖြစ်သည့်အားလျော်စွာ စွန့်ပစ်ကြွေထည်များကို ပြန်လည်ဖန်တီးအလှဆင်သော Trencadis ဟူသည့် နည်းပညာသစ်ကိုလည်း မိတ်ဆက်ခဲ့သေးသည်။ Neo-Gothic Art ၏ လွှမ်းမိုးမှုနှင့်အတူ Gaudi ၏ လက်ရာများသည် ၁၉ ရာစုနှင့် ၂၀ ရာစုအစောပိုင်းတွင် အထွတ်အထိပ်ရောက်ခဲ့သော Modernista movement (Decorative Style in Spanish Art) တွင်လည်းပါဝင်ခဲ့သည်။ Gaudi… အပြည့်အစုံဖတ်ရန် »
View : 97 times

ဒေါ်လှိုင်မော်ဦးရဲ့ဘဝကောက်ကြောင်း

ပထမဦးဆုံးဆရာမရဲ့ငယ်စဉ်ကျောင်းသူဘ၀မှာ ဗိသုကာပညာကို ၀ါသနာပါခဲ့လားခင်ဗျ။
အန်တီက ငယ်စဉ်ကျောင်းသူဘ၀ကပေါ့နော်။ အနုပညာနဲ့ပတ်သက်ပြီး ၀ါသနာပါခဲ့ပါတယ်။ ဗိသုကာရယ်လို့ အဲဒီအချိန်မှာ တိတိကျကျတော့မရှိပါဘူး။ ဒါပေမယ့်အန်တီ့အနေနဲ့ ဘယ်လိုပုံပြင်မျိုးကို ကြိုက်ခဲ့လဲဆိုတော့ “အရင်တုန်းက အင်မတန်စိတ်ကောင်းရှိတဲ့ ကောင်မလေးတစ်ယောက်ရှိတယ်ပေါ့နော်။ သူက လောကကြီးမှာရှိနေတဲ့အဆောက်အအုံတွေ၊ လူတွေကို အရမ်းကောင်းစားစေချင်တယ်။ ကောင်းစေချင် တဲ့အတွက် သူ့ရဲ့စေတနာကိုမြင်တဲ့အတွက်ကြောင့် မိုးနတ်မင်းကြီးက သူ့ကို Magic မှော်ခဲတံလေးတစ်ချောင်းပေးလိုက်တယ်။ မင်းဟာ စိတ်ကောင်းရှိတဲ့ကလေးဖြစ်တယ်၊ မင်းဆွဲလိုက်တဲ့ဟာမှန်သမျှ အပြင်လောကမှာ မင်းစေတနာကြောင့် ပေါ်လာလိမ့်မယ်။ မင်းစေတနာကြောင့် အပြင်လောကကြီးဟာ လှပလာလိမ့်မယ်လို့ပြောတော့ အဲဒီကလေးက အဲဒီခဲတံကိုယူပြီးတော့ ပုံဆွဲတယ်၊ ဒါပေမယ့် သူက မဆွဲတတ်တဲ့အခါကျတော့၊ သူ့မှာ ပညာလည်းမရှိတဲ့အခါကျတော့၊ ကျင့်သားလည်းမရှိတော့ အဆောက်အဦဆို စောင်းစောင်းကြီးတွေထွက်လာတယ်။ သူဆွဲလိုက်တဲ့ဟာတွေမှန်သမျှက ကောင်းကောင်းမွန်မွန် ထွက်မလာဘူးတဲ့။ အဲဒီတော့ အပြင်မှာစောင်းနေတဲ့အဆောက်အဦတွေ မကောင်းတဲ့ပတ်ဝန်းကျင်တွေပေါ်လာတယ်။ အဲဒီအခါမှာ ကလေးကငိုတယ်။ အဲဒီ့အချိန်မှာ သူ့ခဲတံကလည်း ကုန်သွားတယ်ပေါ့။ အဲဒီအချိန်မှာ နတ်မင်းကြီးက… အပြည့်အစုံဖတ်ရန် »
View : 162 times

ဘောလိဝုဒ်တို့ဗိသုကာ

အိန္ဒိယနိုင်ငံကို အိန္ဒိယနိုင်ငံသားတွေက “ဘာရက်(ခေါ်)ဘာရတ” လို့သာ ခေါ်ဝေါ်သုံးစွဲလေ့ရှိပါတယ်။ အဓိပ္ပါယ်ကတော့ ဘာ=အလင်း၊ တောက်ပခြင်း၊ အရောင်။ ရတ=ပတ်သက်ခြင်း မွေ့လျော်ခြင်းဟူ၍ ဖြစ်ပါတယ်။ ဆိုလိုတာကတော့ လောကုတ္တရာဥာဏ်အလင်းရသူတို့ရဲ့နိုင်ငံ၊ ဘ၀ရဲ့အမှန်တရားနားလည်ဖို့ ဘာရတ်၏အရိပ်ကိုခိုလှုံပါဟူ၍ ဆိုလိုပါတယ်။ အိန္ဒိယနိုင်ငံဟာ ကမ္ဘာပေါ်ရှိ ရှေးအကျဆုံး ဒီမိုကရေစီနိုင်ငံတွေထဲ တစ်ခုအပါအ၀င်ဖြစ်ပြီး ကမ္ဘာပေါ်မှာ ဒုတိယလူဦးရေအများဆုံးနိုင်ငံလည်းဖြစ်ပါတယ်။ လူဦးရေအားဖြင့် (၁.၃၂၄) ဘီလီယံရှိပါတယ်။ “ဟိန္ဒူ” ဆိုတဲ့ အသုံးအနှုန်းကိုတော့ အိန္ဒိယကိုစတင်တွေ့ရှိခဲ့တဲ့ နိုင်ငံခြားသားတွေကသုံးခဲ့ကြတာပါ။ ချမ်းသာကြွယ်ဝတဲ့အိန္ဒိယသားတွေက စစ်ရေးတော့ ကျွမ်းကျင်ခဲ့ပုံမရပါဘူး။ တိုင်းတပါးကသူတွေရဲ့ အကြိမ်ကြိမ်ကျူးကျော်မှုဒဏ်ကိုတော့ ခံခဲ့ရပါတယ်။အဲဒီလိုလာရောက်တိုက်ခိုက်တဲ့သူတွေထဲမှာ “ဟုဏ” ဟုန်လူမျိုးတွေလည်း ပါဝင်ခဲ့ပါတယ်။ သူတို့ဟာ အိန္ဒိယနိုင်ငံကိုဝင်ရောက်တဲ့အခါ သိန္ဓု (Sindhu) မြစ်ရှိတဲ့ဒေသကို ဖြတ်ကျော်လာခဲ့ပြီး ဟုန်လူမျိုးတို့ရဲ့ဘာသာစကားမှာ “sa ဆ” ဆိုတဲ့ s အသံအတွက်ဗျည်းမရှိတာကြောင့် sa အစား ha ကိုသုံးပြီး သိန္ဓုမြစ်ကို ဟိန္ဒုမြစ် ဟုသုံးစွဲခဲ့ရာမှ… အပြည့်အစုံဖတ်ရန် »
View : 168 times

6 Elements Of Japanese Traditions And Hair Salon Slundre

ဂျပန်နိုင်ငံ၏ရိုးရာအဆောက်အဦးများအကြောင်းကို ပြောရာတွင် အကြမ်းဖျင်းအားဖြင့် ၁၇ ရာစုမှ ၁၉ ရာစုအတွင်းရှိ Edo (အဲဒို) ခေတ်တွင် တည်ဆောက်ထားခဲ့သောအဆောက်အဦးများပါဝင်ပေသည်။ ၁၉ ရာစုအလွန်တွင်မူ ဂျပန်တို့သည် ၄င်းတို့၏ဗိသုကာဒီဇိုင်းတွင် ခေတ်သစ်အနောက်တိုင်းဒီဇိုင်းလွှမ်းမိုးမှုများဖြင့် ပေါင်းစပ်ခဲ့ကြသည်။ နိုင်ငံ၏အစောပိုင်းနှစ်များတွင် အဆောက်အဦးများကို တရုတ်နှင့်အခြားအာရှအယူအဆများဖြင့် တည်ဆောက်ခဲ့ကြသည်။
ဂျပန်နေအိမ်များမှာ တွင်းအပေါ်တွင်အမိုးမိုးထားသည့်အိမ် (pit-style dwelling) အနေအထားမှနေ၍ ကျယ်ဝန်းပြီး ခေတ်မီဆန်းပြားစွာ ဖွဲ့စည်းတည်ဆောက်ထားသော အဆောက်အဦးများအသွင်ဖြင့် ရာစုနှစ်ပေါင်းများစွာကုန်ဆုံးသွားသည်နှင့်အမျှ တိုးတက်ခေတ်မီလာခဲ့သည်။ ယခုဆောင်းပါးတွင်ဂျပန်ရိုးရာအဆောက်အအုံများ၏ အဓိကသော့ချက် (၆) ခုကို အကျဉ်းချုံးတင်ပြသွားမည် ဖြစ်ပါသည်။ အထူးသဖြင့် အိမ်များအတွက်အရေးပါသော အဓိကအချက်များဖြစ်သည်။ WOOD
ဂျပန်အိမ်များတွင် အသိသာဆုံး၊ အထင်ရှားဆုံးအင်္ဂါရပ်မှာ သစ်သားလွှမ်းမိုးမှုပင်ဖြစ်သည်။ အမြဲကြုံတွေ့နေရသော ငလျင်ဒဏ်ကြောင့် ကျောက်တုံးများနှင့် အခြားသောကုန်ကြမ်းပစ္စည်းများထက် သစ်သားကိုတိုး၍ ဦးစားပေးအသုံးပြုကြသည်။ ဂျပန်နေအိမ်ဟောင်းများတွင် သစ်ကြောများ၏အရသာကို အပြည့်အဝခံစားနိုင်စေရန်အတွက် ဆေးအရောင်များ၊ အခြားအရောင်တင်ဆီဆေးများ သုတ်ခြင်းမပြုပဲ သဘာဝအတိုင်းထားကာ သစ်သား၏ဂုဏ်ကိုမြင့်တက်စေသည်ဟု… အပြည့်အစုံဖတ်ရန် »
View : 188 times

The Umeda Sky Building

ဂျပန်နိုင်ငံ၏ဒုတိယမြို့တော်ဖြစ်သော လူဦးရေ ၂.၅ သန်းနေထိုင်သည့် အိုဆာကာမြို့သည် ဒုတိယကမ္ဘာစစ်၏ဗုံးဒဏ်ကြောင့် မြို့တစ်မြို့လုံးနီးပါး ဖျက်ဆီးခံခဲ့ရသည်။ ကျိုတိုနှင့်နာရာတို့လောက် ယခုဆိပ်ကမ်းမြို့တော်တွင် အရေးကြီးသည့် သမိုင်းဝင်အဆောက်အဦးများ မကျန်ရှိတော့ပေ။ သို့သော် ၎င်း၏ဗိသုကာပိုင်း၊ မြို့ပြနေရာချထားမှုပုံစံနှင့် အဆောက်အဦးများမှာ ခေတ်သစ်နှင့်လူမျိုးစုံသော မြို့တစ်မြို့၏အံ့သြဖွယ်ပြယုဂ်ဖြစ်လာသည်။
အဓိကမြစ်ကြောင်းဖြစ်သည့် Yodo မြစ်အနီးတွင် Umeda ခရိုင်တွင်တည်ရှိပြီး အိုဆာကာမြို့၏စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး အချက်အခြာကျသည့်နေရာဖြစ်သည်။ Umeda ခရိုင်တွင် ဗိသုကာပညာရှင် Hiroshi Hara ၏လက်ရာဖြစ်သော The Umeda Sky Building (1993) ကိုမြင်တွေ့နိုင်ပါသည်။ Hiroshi Hara သည် ဂျပန်လူမျိုးဗိသုကာပညာရှင်နှင့် စာရေးသူတစ်ဦးဖြစ်ပြီး နာမည်ကြီးလက်ရာများမှာ Kyoto Station၊ အိုဆာကာရှိ The Umeda Sky Building၊ တိုကျိုရှိ Yamato Internation Building နှင့် ဟိုကိုင်းဒိုးရှိ Sapporo Dome… အပြည့်အစုံဖတ်ရန် »
View : 184 times
error: ကူးယူခွင့်မပြုပါ။ ခွင့်မပြုဘဲ ကူးယူထားခြင်းတွေ့ရှိပါက တရားဥပဒေအရ အရေးယူပါမည်။