Live Life Dezine

Architecture & Design Magazine in Myanmar

Asia House by နိုင်စွမ်းသာ

မင်္ဂလာပါ … ကိုနိုင်စွမ်းသာအနေနဲ့ ဒီ Asia House Project ကိုလုပ်တဲ့အခါမှာ အဓိကပြင်ဆင်ရတဲ့ Preparation အပိုင်းကဘာတွေရှိမလဲ။ အစ်ကိုတို့ကိုပြောပြပေးပါဦး။

ပထမဆုံးအနေနဲ့ပြောရရင် ဒီဆိုင်လေးရဲ့ပိုင်ရှင်က ဆိုင်ရဲ့နာမည်ကို Asia House ဆိုပြီး နာမည်ပေးထားပြီးသား၊ စဉ်းစားထားပြီးသားဖြစ်တယ်။ ဆိုင်ရဲ့နာမည်ကနေစပြီး Concept ရခဲ့တယ်လို့ ပြောရမှာပါပဲ။ ထူးခြားတာက ဒီအဆောက်အဦက Ex-Colonial Clinic တစ်ခုဖြစ်ခဲ့တယ်။ Design စဉ်းစားတဲ့နေရာမှာလည်း ဆိုင်ရဲ့တည်နေရာ၊ ပုံစံ၊ ရောင်းချမယ့် အစားအသောက်စတာတွေပါ ထည့်ပြီးစဉ်းစားခဲ့တယ်။ Study လုပ်တဲ့ အနေနဲ့ Site Visit သွားခဲ့တယ်။ Site ကို ရောက်သွားတဲ့အခါမှာ ဆိုင်ရဲ့အနေအထားက Shop House Type ဖြစ်နေတာ ကိုတွေ့ရတယ်။ Existing အဆောက်အဦရဲ့ပုံစံကိုက တမူထူးခြားနေတာကို ကျွန်တော်တို့တွေ့ရ တယ်။ နောက်ပြီး Existing Value က တော်တော်လေးကောင်းတယ်။ အဲဒီမှာကျွန်တော်ဘာစဉ်းစားလဲဆိုတော့ ဒီ Project က Renovation Project ဖြစ်တယ်၊ ဒါပေမယ့် Renovation ထက် တစ်ဆင့်ပိုတာက ရှိပြီးသား Elements တွေကို ရှေးမူမပျက်အောင် ဘယ်လိုပြန်ပြောင်းမလဲဆိုတာကိုပါ ကျွန်တော်တို့စဉ်းစားခဲ့တယ်။ အရင် က အိမ်အနေနဲ့ ရည်ရွယ်ပြီးဆောက်ခဲ့တဲ့ အဆောက်အဦဖြစ်တော့ Element တွေက အိမ်ဆိုတဲ့အငွေ့အသက် တွေရှိနှင့်နေပြီးသားဖြစ်တယ်။ အဲတော့ရှိပြီးသား Element တွေကို ပြန်ပြီး Brushup ပြန်လုပ်မယ်၊ အရောင် လေးတွေပြန်တင်မယ်။ နောက်ပြီး ပြောင်းလဲခဲ့တယ်ဆိုတဲ့အပိုင်းမှာလည်း သူ့ Element လေးတွေကိုပဲပြန်လည် မွမ်းမံဖြစ်ခဲ့တယ်။ ဒီလိုပုံစံနဲ့ ကျွန်တော်တို့ရဲ့ Project လေးကို အစချီခဲ့တယ်လို့ပြောရမှာပါပဲ။ ပြီးတော့ Client နဲ့ ကျွန်တော်နဲ့ အရင်ဆုံးသူဘာဖြစ်ချင်တယ်ဆိုတဲ့ဟာလေးတွေကို အရင်မေးတာပေါ့။ Client က အမျိုးသမီးဆို တော့ Feminine Themes ဖြစ်တယ်။ အဲတော့ကျွန်တော်တို့ ဒီ Concept လေး မှာ Feminine Themes လေး က နည်းနည်းလေး Overwhelm ဖြစ်တာပေါ့။ ဒီအဆောက်အဦရဲ့Interior လေးမှာ Female ဆန်တဲ့ Themes လေးတွေတော့ ငါတို့စဉ်းစားကြမယ်။ ဘာလို့လဲဆိုတော့ Client ကလည်း အမျိုးသမီးဖြစ်တာကြောင့်ပါ၊ အဲဒါaလးနဲ့ အစပျိုးခဲ့တာပေါ့။


အဲဒီလိုလုပ်တဲ့အခါကြတော့ ခုနကပြောတဲ့ Preservation ရှိမယ်၊ Alteration ရှိမယ်၊ Existing Value ကို ပြန်သုံးချင်တဲ့အချက်တွေရှိတယ်။ အဲဒါတွေကိုရော Study လုပ်ခဲ့လား။

အဲဒါတွေလည်း လုပ်ခဲ့တယ်။ ဘာတွေလုပ်ခဲ့လဲဆိုတော့ အခု Facade ပေါ့နော်။ Exterior နဲ့ ပြန်ကြည့် မယ်ဆိုရင် သူ့မှာဘာလေးတွေရှိမလဲပေါ့။ ဆိုတော့ ဒီဝရန်တာလေးရှိမယ်။ ၀ရန်တာမှာဆိုရင် သံပန်းလေးတွေ က ရှေးတုန်းက ပုံစံလေးတွေ။ ကိုလိုနီရယ်ပုံစံလေး။ အဲတော့ သံချေးတွေလည်းတက်နေပြီဗျာ။ အပေါ်မှာ ၀ရန် တာပါတော့ အောက်ထပ်မှာလည်း ဒီဝရန်တာလေးကို ပြန်ပြီးတော့ အတုလုပ်မယ်။ ဒါပေမယ့် သူ့အရင် Themes လေးတွေကို ငါတို့ပြန်ယူမယ်။ ခုနက သံပန်းပေါ့။ အောက်ထပ်မှာကျတော့ အသစ်ဖြစ်သွားတာပေါ့။ အဲဒါကို ကျွန်တော်တို့က ခုနကလို Air-Con Outdoor Unit ကိုကာတဲ့ပုံစံမျိုးလေးဖြစ်သွားအောင်၊ အပြင်က ကြည့်ရင်လည်း Balance လေးညီသွားအောင်၊ Exterior အ၀င်ကို အဲလိုစဉ်းစားလိုက်တယ်။ ပြီးတော့ Floor Plan ကိုကြည့်မယ်ဆိုရင်လည်း သူက၀င်တာနဲ့ ဒဲ့ကြီးရောက်သွားတယ်။ ကျွန်တော်တို့ ဘာစဉ်းစားရလဲ ဆို တော့ ဒီတံခါးကြီးဖွင့်တာနဲ့ တန်းပြီးတော့မရောက်ချင်ဘူး။ ဒီနားလေးမှာ ငါတို့ဝင်ဝင်ချင်းကို တစ်ခုခုတော့လုပ် ချင်တယ်။ Lobby သေးသေးလေးလိုမျိုးပေါ့။ နောက်ပြီး ဒီအ၀င်ပေါက်ကအပေါက်အရမ်းကြီးတယ်၊ Proportion အရဆိုရင်။ ပြီးတော့ အရင်က သူတို့ဘာဂျာတံခါးတပ်ထားတယ်။ ကျွန်တော်တို့ကျတော့ ဒါလေးကို နှစ်ရွက်ဖွင့် လေးနဲ့ ၀င်ချင်တယ်။ ဒါပေမယ့် ဒီနှစ်ရွက်ဖွင့်ကို ဘေးကနေ ပုဏ္ဏကွယ်ကာလိုက်ရင်လည်း မလှတော့ဘူး။ မလှ တော့ ကျွန်တော်ကအထဲကိုယူလိုက်တယ်။ အဲလိုလေးချိုးပြီးတော့ သူ့ရဲ့ Existing လေးကိုဒီပြတင်းပေါက်လေး တွေကနေ ပြန်ယူလိုက်တယ်။ အဲတော့အ၀င်လေးက ကျွန်တော်တို့လိုချင်တဲ့နှစ်ရွက်ဖွင့် Size လေးရသွားတယ်။
ခုနကလို အရင် Entrance အကြီးကြီးကို ကျွန်တော်တို့နှစ်ရွက်ဖွင့်လိုက်မယ်ဆိုရင် မလှဘူးလေ။ နောက်ပြီး ရန်ကုန်က မိုးများတော့ ဒီ Space မှာ ထီးလေးတွေထားတာမျိုးတို့ ဘာတို့လုပ်လို့ရတယ်။ အဲလိုလေးနဲ့ ဒီပုဏ္ဏ ကွယ်လေးက Interior မှာဆိုရင် Space လေးပြန်ရသွားတယ်။ နောက်ပြီး ဒီဆိုင်ရဲ့ Existing လှေကားကြီးက အရမ်းကောင်းတဲ့ကျွန်းလှေကားကြီးဖြစ်တယ်။ အဲဒါကိုမှ Composite တွေငုံထားတယ်။ Steel လက်ရန်းကြီး တွေတပ်ထားတယ်။ အဲလိုပေါ့နော်။ အရင်က ဘာကိုငှားထားလဲတော့မသိဘူး။ မီးတွေကလည်း အဲလိုမျိုး Commercial Lighting အဖြူမီးချောင်းတွေ။ ဆေးဆိုရင်လည်း အစိမ်းရောင်သုတ်ထားတာ။ ဒီလှေကားကြီးက တော့ တစ်ခုခုတော့ တစ်ခုခုပဲပေါ့နော်။ ငါတို့ Concept စဉ်းစားရင် ဒီကောင်ကြီးကိုတော့ပယ်လို့မရဘူး။ ငါတို့ ဒီအိမ်ဟောင်းကြီးထဲမှာ ဒီလှေကားကြီးက အရမ်း Strong ဖြစ်တယ်ပေါ့။ အဲတော့ Composite ခွာကြည့်မယ် ဆိုပြီး ခွာလိုက်တော့ ထင်တဲ့အတိုင်းပဲ။ ဒီကျွန်းလှေကားကြီးက လုံးဝအထည်ကြီး၊ နံရံကနေထွက်လာတဲ့ပုံစံ မျိုးကြီး၊ ထုကြီးတွေဆိုရင်လည်း လုံးဝအလှကြီးတွေ။ အဲဒီတော့ ကျွန်တော်က ဒီကောင်ကြီးကို Centralize ယူပြီးတော့ အပေါ်အောက်ကို ပြန်ချိတ်တယ်။

သူက Strong and Core Element လိုမျိုး ဖြစ်နေတာပေါ့။

အပေါ်အောက်ကိုလည်း Connection ပေးထားတဲ့ Element တစ်ခုဖြစ်နေတာပေါ့။

ကိုယ်ကြိုက်တဲ့ Preserve လုပ်ချင်တဲ့ဟာ၊ Value Add လုပ်ချင်တဲ့ဟာ၊ Alter လုပ်ချင်တဲ့ဟာ၊ တခြား ဘယ် Element တွေရှိသေးလဲ။

ဒီအဆောက်အဦက အဆောက်အဦဟောင်းဖြစ်တဲ့အတွက် သူ့ရဲ့အပေါ်ထပ်ကြမ်းခင်းက ပျဉ်ထောင် ကြမ်းခင်းဆိုတော့ အောက်မှာထုပ်လေးတွေပါတယ်။ ဒီအချောင်းလေးတွေက Size မတူဘူးပေါ့။ ရှေးတုန်းကဆို တော့ သေးတယ်။ ဒါပေမယ့် လိုချင်တဲ့ Proportion ရအောင် ဒီကောင်တွေကို ပြန်ဆွဲထုတ်မယ်။ မျက်နှာကြက် မှာ ထုပ်အတုတွေပြန်ထည့်တယ်။ သူ့ရဲ့ Proportion အောက်မှာ သူ့ရဲ့ Thickness တော့ ကွာသွားမှာပေါ့နော်။ အရောင်လည်းပြောင်းကုန်မှာပေါ့။ အဲမှာ ကျွန်တော်တို့ Alternate ပြန်လုပ်လိုက်တယ်။ ဒါပေမယ့် ဒီ Element ဘယ်ကရလဲဆိုတော့ သူ့ရဲ့ပျဉ်ထောင်အိမ်ကြမ်းခင်းထုပ်လေးတွေကနေ ကျွန်တော်တို့ကတဆင့် ပြန်ခေါ်လိုက် တယ်။ အဲလိုပဲအပေါ်ထပ်က မျက်နှာကြက်မှာလည်း ကျွန်တော်တို့ ဒီထုပ်အဟောင်းလေးတွေကို ကျွန်တော်တို့ ဒီဇိုင်းနဲ့ပြန်ဆွဲပြီးတော့ ထုတ်လိုက်တယ်။

အဲတော့ နံပါတ်(၁) အကြိုက်ဆုံးအချက် Facade က ၀ရန်တာကြိုက်တယ်။ ပြီးတော့ နံပါတ်(၂) က Interior Stair ကြီးကိုကြိုက်တယ်။

နံပါတ်(၃)ကတော့ အဲဒီပျဉ်ထောင်အိမ်ကြမ်းခင်းထုပ်တန်းဒီဇိုင်းကို ယူပြီးတော့ အောက်မှာ Ceiling Feature အနေနဲ့ ပြန်ပြီးတော့သုံးလိုက်တယ်။ Proportion အရ နည်းနည်းကြီးလိုက်တယ်။ Proportion အရ သူကစိပ်တယ်။ စိပ်တယ်ဆိုတာ သူ့ထုလေးက သုံးလက်မလေးတွေပေါ့နော်။ ပုံမှန်စိပ်စိပ်လေးနဲ့ထိုးတာပေါ့။ အဲဒါကို ကျွန်တော်တို့ကျတော့ နည်းနည်းလေး Lighting ထည့်ချင်တာ။

အော်…အထဲမှာ မြုပ်လိုက်ချင်တာလား၊

နောက် Dual လေးတွေလေ။ ဟိုဘက်လှည့်၊ ဒီဘက်လှည့်လေးမြုပ်ချင်တော့ ထုပ်အထူကို Thickness က ၆” x ၃” လုပ်လိုက်တယ်။ ပြီးတော့ နောက်တစ်ခုက နံရံကြီးတွေကြိုက်တယ်။ ဒီနံရံကလည်း အသက်တစ်ခု ပဲ။ ကျွန်တော်တို့ ဒီနံရံကြီးကိုဆေးအသစ်ပြန်သုတ်ရင် အရင် Mood ပဲ၊ ဒီ Feel ပဲ။ ဆိုတော့ နံရံ ကို Reborn လုပ်တဲ့အနေနဲ့ ကွန်ကရစ်အချောထည်ကို ခွာပစ်လိုက်တယ်။ အဲဒီမှာ Bare Brick ကြီးထွက်လာတယ်။ အကြမ်း စားကြီး။ ဒါတွေက ရှိပြီးသား Value တွေ။ ဆေးအကောင်းသုတ်လိုက်လို့လည်းရတယ်။ ဒါပေမယ့် မသုတ်ချင် ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့နှစ်ကြာနေတဲ့အုတ်ရဲ့ Feel ကိုလိုချင်လို့။ အဲတော့ ကွန်ကရစ်ချောထားတာ တွေကို ပြန်ခွာလိုက်တုန်းက ရှေးတုန်းက အုတ်ကြီးတွေထွက်လာတယ်။ ပုံမှန်ဆိုရင် ကျွန်တော်တို့ Bare Brick ဆိုရင် အုတ်အသစ်တွေဝယ်တယ်။ စီတယ်။ ဆေးမသုတ်ဘူး။ ဒီကောင်ကြီးကတော့ Real Bare Brick ကြီး။


အရမ်းမိုက်တယ်။

ဒါပေမယ့် စားသောက်ဆိုင်ဖြစ်တာဆိုတော့ ဒီကောင်ကြီးကိုခွာလိုက်တာတော့ ဟုတ်ပြီ။ ဒါပေမယ့် အကျီနဲ့ထိမိရင် အမှုန်တွေကပ်နေတာတို့၊ အနီတွေပေကုန်တာတို့မဖြစ်အောင် အပေါ်က Layer Coating တစ်ခုတင်လိုက်တယ်။

ဘာ Coating တင်တာလဲ။

အမှိန် Finishing တစ်မျိုးပဲ။ အဓိက ဒီအမှုန်လေးတွေမထွက်အောင်။ ဒီ Shop House တွေက လုံးဝ အကပ်အိမ်တွေ။ Air-Con ယူမယ်ဆိုတော့ စဉ်းစားရပြီ။ ခုနက Air-Con တပ်မယ်ဆိုတော့ မျက်နှာစာမှာပေါ် နေရင်မဖြစ်ဘူး။ နောက်ဖေးကျလည်း အရမ်းဝေးသွားရော။ ဘတ်ဂျက်အရ ပိုက်တွေကများလာမယ်။ ပြီးတော့ မျက်နှာကြက်ဆိုတဲ့အတိုင်းအတာက မြုပ်လို့မရဘူး။ အဲလိုမျိုးဆိုတော့ အဲကောင်အတွက်ဆို မျက်နှာကြက်တွေ က သွားလို့ အဆင်မပြေဘူးဆိုတော့ ရှေ့မှာထည့်ကြတော့ မျက်နှာစာကြီးမှာ ၀င်ဝင်ချင်း Air-Con ကြီးမြင်နေရ တော့ မကောင်းသေးဘူး။ အဲတော့ ကျွန်တော်တို့ ဘာလုပ်ရလဲဆိုတော့ Green အပင်လေးနည်းနည်းရောမယ်၊ ဒီမှာကာချင်တဲ့ဟာဆိုတော့ ဒီအုတ်ကြီးပိတ်လိုက်ရင် မဖြစ်သေးဘူး။ ရှိပြီးသား Element တွေကိုပြန်ဆွဲခေါ် မယ်။ အဲတော့ အပေါ်ထပ်က ၀ရန်တာဒီဇိုင်းလေးကိုလည်း ပြန်သုံးမယ်။ အဲဒီအနောက်မှာမှ ကျွန်တော်တို့ Outdoor Unit လေးတွေကို Cover လုပ်ထားတာအနေနဲ့ကတော့ သူ့ရဲ့Balcony လက်ရန်းလေးတွေကို ကျွန် တော်တို့ပြန်ထည့်တယ်။ အပေါ်က Proportion အတိုင်းလေးပဲ ဒီမှာပြန်ယူတယ်။ အဲဒီလိုဖြေရှင်းရတာပေါ့။

သဘောက တစ်ခုချင်းဖြတ်ပြောမယ်ဆိုရင် Facade မှာရှိတဲ့ ဒီဟာကြီးတွေကို ကြိုက်တယ်။ ကြိုက်တော့ ဒီ ကောင့်ကို အသုံးပြုတဲ့အနေနဲ့က ဒီအတိုင်းပဲထားလိုက်ပြီး မထိဘဲနဲ့ သူ့ကို Clone ပြန်လုပ်လိုက်တယ်။ ပြီးတော့ ကိုယ့်ရဲ့ Air-Con Problem ကိုပါ Solve လုပ်လိုက်တယ်။ အဲဒီထဲမှာထည့်လိုက်တယ်။ ပြီးတော့ Facade မှာ ရှိတဲ့ တခြား Feature တစ်ခုက Mezzanine Flooring ကြောင့်ပေါ်လာတဲ့ ဒီ Space တစ်ခုရှိတယ်။ အဲတော့ ဒီအပေါ်မှာရှိတဲ့ Light ကို ဒီမှန်အုပ်လေးတွေနဲ့ သူ့ Element အတိုင်း ပြန်ထည့်လိုက်တာပေါ့။ ပြီးတော့ ဘာတွေလုပ်ထားသေးလဲ။

Stair က Composite တွေခွာပစ်လိုက်တယ်။ ခွာလိုက်တော့ သူ့ရဲ့ရှေးတုန်းက ကျွန်းလှေကားကြီးပေါ် လာတယ်။ ပြီးတော့ သူကအောက်ထပ်မှာကျတော့ Client က Mezzanine လေးမှာ Office လေးထည့်ချင်သေး တယ်။ ထည့်ချင်တော့ အရင် Existing မှာကျ ရိုးရိုးသစ်သားနဲ့ လှေကားလေးလုပ်ပြီးတက်ရတာ။ အဲဒီလှေကား က အဖြစ်ကလေးပေါ့။ Mezzanine ၀င်တဲ့အပေါက်လေးက အောက်နားမှာ။ ကျွန်တော်က ဒီ Space မှာ ဒီလှေ ကားလေးကတော့မလှဘူး။ ပြီးတော့နံရံကလည်း ဒီမှာကွယ်ရင် ဒီ Bar Area ကျတော့ အရမ်း Space ကြပ် တော့မယ်။ ဘာစဉ်းစားရမလဲဆိုတော့ ကျွန်တော်တို့ကြောင်လိမ်လှေကားလေးထည့်လိုက်တယ်။ ကြောင်လိမ် လှေကားလေး..။ Design Element အနေနဲ့လည်း အဲဒီနားလေးက ကြောင်လိမ်လေးနဲ့ အနောက်က Bar က နေ သူတို့ဝင်သွားရတဲ့ဟာမျိုးလေး။ Space လေးကလည်း အရမ်းမကုန်တော့ဘူး။

အဲဒီတော့ ဒီမှာပြန်မေးချင်တာက အဲဒီလှေကားကြီးကိုပေါ့နော်။ Composite မခွာခင်ကပေါ့။ အထဲမှာဘာရှိလဲ မသိခင်က ဘာတွေကြောက်ခဲ့လဲ၊ ဘာတွေတွေးခဲ့လဲ။ ငါခွာလိုက်ရင် ဘာဖြစ်သွားမလဲဆိုပြီး လန့်သေးလား။

ဖြစ်တယ်။ ထားပါတော့။ ဒါက ကိုယ့် Decision ပေးရပြီလေ။ Client ဘက်က ခုနကလို Deadline ရှိတယ်။ ကဲ..ခွာမယ်ဆိုတော့ လက်ရန်းဆိုတဲ့ဟာလည်း သူ့မှာအတိအကျမပါဘူး။ Composite က ဒါကြီးကို ပြုတ်မကျအောင်ပေါ့နော်။ ကာထားလိုက်တဲ့သဘောပဲ။ သူ့ Existing မှာ Handrail လုံးဝမပါဘူး။ Handrail မပါ တော့ အဲဒီ Composite ဆိုတဲ့ အပြားဘေးမှာ ဒီစတီးလက်ရန်းလေးက ပုံမှာမြင်ရသလိုပေါ့။ အဲတော့ ခွာလိုက် ရင် ဒီထဲမှာများ Composite ကြားမှာများ လက်ရန်းရှိမလားပေါ့နော်။ အဲဒါလေးကတော့သိချင်မိတယ်။ အဲတော့ ခွာလိုက်တော့ အဲဒီလက်ရန်းလုံးဝမရှိဘူး။ တစ်ဖက်ကတော့ လက်ရန်းရှိတယ်။ စတီးလက်ရန်း။ ဘေးမှာ အစ်ကို မြင်ရသလို အပြင်က Composite ပေါ့။ ဒီဘက်ခြမ်းကပဲ ကာလိုက်တဲ့သဘောပေါ့။ ဟိုဘက်ကကျတော့ ဒီစတီး လက်ရန်းဆိုတာရှိတယ်။ အဲတော့ ဒီကောင်ကြီးခွာလိုက်တော့ လုံးဝလက်ရန်းမရှိဘူး။ မရှိတော့ ငါတို့ကွိုင်တော့ တက်ပြီပေါ့နော်။ လက်ရန်းကြီး အဲဒီဘက်သွားထည့်ရင်လည်းမလှဘူး။ အဲတော့ လှေကားကို အပေါ်နဲ့အောက် ကိုဂျွိုင်းရအောင် သူအရင်တပ်ထားတဲ့ Composite ပေါ့နော်။ အဲဒါလေးလည်းကျွန်တော်တို့စိတ်ထဲပြန်ပြီးရောက် သွားတယ်။ အိုကေ..ငါတို့အရှေ့မှာ Perforated တစ်ခုကပ်ရအောင်။ နည်းနည်းလေး Organic Item နဲ့ လှေ ကားကို ငုံလိုက်မယ်။ ဟိုဘက် Handrail ကတော့ စတီးကိုပြန်ဖြုတ်မယ်ပေါ့နော်။ မီးတွေဘာတွေထည့်မယ်။ ပြီး တော့ ဒီကောင်ကြီးကို ခုနကလိုပြန်ကာမယ်။ ဒါပေမယ့် ကျွန်တော်ကခုနကလိုမြင်ချင်တာ။ ဒီကျွန်းလှေကားကြီး ကိုမြင်ချင်တာ။ အမှန်တော့ဝင်လာရင် ထိုင်နေရင်းနဲ့ပဲဖြစ်ဖြစ် တစ်နည်းမဟုတ်တနည်းနဲ့ ဒီလှေကားကြီးကိုမြင် စေချင်တော့ Perforated Sheet နဲ့ ကျွန်တော်ပြန်ပိတ်လိုက်တာပေါ့။ အဲဒီတော့ User အတွက်လည်း Safe ဖြစ် သွားတယ်။ Element တစ်ခုအနေနဲ့လည်း ထည့်လို့ရသွားတယ်။

အဲဒီတော့ Risk တော့ယူခဲ့ရတာပေါ့။ ခွာလိုက်ရင် ဘာဖြစ်မလဲဆိုပြီးတော့ (ရယ်လျက်)

အောက်ထပ်က Perforated ကြီးက အပေါ်ထိတက်သွားပြီး အပေါ်နံရံထိကို တိုက်ချပစ်လိုက်တော့တယ်။

နောက်တစ်ခုက ပျဉ်ထောင်ကြမ်းခင်းထုပ်တန်းတွေပေါ့နော်။ ဒီ Feature လေး ကိုပြန်ထည့်တယ်။ ဘယ်လို ပြန်ထည့်လဲ။ ဘာ Materials သုံးခဲ့လဲ။ ပြီးတော့ ဘယ်လို Method တွေနဲ့လုပ်ခဲ့လဲ။ ခုနက Light သုံးတယ်ဆို တော့ဘယ်လိုတွေစဉ်းစားပြီး ဘယ်လိုတွေလုပ်ခဲ့လဲ။


ဒီထုပ်တွေကတော့ ဒီအရှေ့ကနေ ဆွဲခေါ်ရတဲ့သဘောနဲ့ယူထားတာပေါ့နော်။

နဂိုကတည်းက မရှိဘူးပေါ့။

ရှေ့မှာပဲရှိတယ်။ ရှေ့မှာလည်း ထုပ်ရယ်လို့မဟုတ်ဘူး။ အဲဒီကောင်ကို ဒီထဲကို ဆွဲခေါ်လာတော့ ထုပ် ဖြစ်သွားတယ်။

ဒီလိုလုပ်တဲ့အခါကျတော့ ဒီကောင့်ကို ဘာ Materials တွေနဲ့လုပ်လဲ။

သုံးတာက Ply နဲ့သုံးပြီးတော့ အပေါ်က Formica ကပ်ထားတာ။ နှစ်ခုပြေးတဲ့ဒီဇိုင်းလုပ်ထားတာပေါ့ နော်။ ဘာလို့ဆိုတော့ ကျွန်တော်က မျက်နှာကြက် Existing နဲ့ အရှေ့ကနေဆွဲခေါ်လာတဲ့ ကောင်က တစ်တုံး ပေါ့နော်။ အဲဒါကိုမှ ကျွန်တော်က နောက်ထပ်ဒီအတိုင်းပဲ၊ တစ်ချောင်းကို အရှေ့အနောက်ကိုကျတော့ မျက်နှာ ကြက်နဲ့အကပ်ယူလာတာပေါ့။ ဟိုတောင်မြောက်ကိုကျတော့ ဒီအောက်မှာ တစ်ဆက်တည်းပဲ ကန့်လန့်ဖြတ် လိုက်တယ်။ ဒီလိုသွားလိုက်တဲ့သဘော၊ ဒါပေမယ့် Onsite မှာကျတော့ ကျွန်တော်တို့ ဒီကောင်တွေကို အောက် ထပ်မှာမထည့်လိုက်ရဘူး။ ရှေ့နောက်ပဲရတယ်၊ တောင်မြောက်မပါတော့ဘူး။

ပြီးတော့ အထဲမှာ Light တွေထည့်ထားတယ်။ ဘယ်လို Light တွေထည့်ထားတာလဲ LED လား၊ ဒါမှမ ဟုတ် မီးလုံးလား ဘယ်လိုမျိုးလဲ။

High Ceiling ဆိုတော့ ဟေလိုဂျင်သုံးလို့ရတယ်။ စူးချင်တာပေါ့နော်။ လင်းလင်းလေးလည်းဖြစ်ချင် တယ်။ အဲတော့ LED မရွေးတော့ဘူး။

အဲတော့ ဒီ Materials နဲ့ဒီဟာလုပ်တဲ့အခါမှာ Designer အနေနဲ့ ကိုယ်ကလက်နဲ့ဆွဲထားတယ်၊ Sketch နဲ့ဆွဲထားတယ်၊ ကွန်ပျူတာနဲ့ဆွဲထားတယ်၊ Color တွေ ရေးထားတယ်ဆိုတာနဲ့ တကယ်ထွက်တာနဲ့ဘာကွာလဲ။ Feeling ဘယ်လောက်ကွာလဲ။

ဒီ project က ခုနကလို ၁၀၀ မှာဆို ၈၀ ရတယ်။

အဲတော့ ဒီထုပ်ကိုပဲဆိုရင် လိုချင်တာရခဲ့လား။

ရတယ်။ အရောင်ရော၊ Size ရော၊ မီးရောရခဲ့တယ်။

ဘာဖြစ်လို့လဲ။ Material Choice ကြောင့်လား၊ လုပ်တဲ့လူလက်ရာကြောင့်လား။

အယ်… အဲဒါကတော့ ၅၀-၅၀ လို့ပြောရမှာပေါ့။ ဘာကြောင့်လဲဆိုတော့ ဒီ Contractor လည်းမဆိုးဘူး၊ လက်ရာတော်တော်ကောင်းတယ်။ ပြီးတော့ Materials Choice ကလည်း တအားအစစ်ကြီးသုံးရင် အဲလောက် ကြီးရမှာမဟုတ်ဘူး။ Formica Laminate ကပ်ခဲ့တယ်။

အိုကေ..။ နောက်တစ်ခုက Brick Wall ကို ခုနကလှေကားမေးခွန်းပဲ။ မခွာခင် ဘာ Feeling ရှိခဲ့လဲ။

မခွာခင်ပေါ့နော်။ ပထမအချက် ဒါကြီးက အဟောင်းကြီးဖြစ်နေပြီ။ ဘာလို့တုန်းဆိုတော့ ခွာနေရင်း နည်းနည်းလေးလည်း ပြဿနာတက်တယ်။ ဘာလို့တုန်းဆိုတော့ ဒါကြီးက ဟိုဘက်ဒီဘက်ဂျွိုင်းထားတဲ့နံရံကြီး။ Contractor လည်း တော်တော်လေးစိတ်ရှည်ရတယ်။ ဖြည်းဖြည်းချင်းခွာရတယ်။ ခွာတဲ့အချိန်က Project မှာ အချိန်အပေးရဆုံးပဲပြောရမယ်။ ဖြည်းဖြည်းချင်းခွာရတယ်။ ဘာလို့တုန်းဆိုတော့ ဟိုဘက်အိမ်နဲ့ကပ်ရပ်ကြီးကို။ ဒီနံရံကြီးကို တူတူမျှသုံးနေတာ။ အဲလိုမျိုးလေးတော့ရှိတယ်။ အဲလိုဖြည်းဖြည်းချင်းခွာ။ Risk အနေနဲ့ကတော့ ကျွန်တော်က ခွာချင်စိတ်ပဲရှိတယ်။

ဘာပေါ်လာမလဲဆိုတာသိလား။

အဲဒီအတွက်က Concept ရှိပြီးသား။ ကျွန်တော်တို့ Reference လေးတွေလည်း တစ်ချို့ ကျွန်တော် ကြည့်ပြီးထားတာပေါ့နော်။ ဒီကောင်ခွာလိုက်ရင်တော့ ဒီ Feel ကတော့ရမယ်။ ဒါပေမယ့် ပြန်ချောသင့် မချော သင့်နဲ့ ဒီအတိုင်းပဲထား သင့်မထားသင့်ကတော့ ထွက်လာမှပဲဆုံးဖြတ်တော့မယ်ဆိုပြီးတော့။

အဲတော့ ဒီမှာဒီဇိုင်းလုပ်တဲ့အခါမှာပေါ့ နော်။ Interior Design လုပ်တဲ့အခါမှာ ထားပါတော့။ အဲဒီထုပ်တန်းတွေ ခုနက ဒီအပေါ်ဝရန်တာ Feature ကိုပြန် Copy လုပ်တာတွေဘာတွေကျတော့ ကိုယ်က Pre-Plan လုပ်လို့ရ တယ်။ ဒီဘက်က ကွန်ပျူတာမှာသေချာလုပ်လို့ရတယ်။ Sketch မှာလုပ်လို့ရတယ်။ ရုံးမှာ ထိုင်စဉ်းစားလို့ရ တယ်။ အဲဒါတွေ အကုန်လုံးမှာလုပ်လို့ရပေမယ့် ဒီနံရံနဲ့လှေကားကျတော့ ခွာမှသိတာ။ အဲတော့ ခွာပြီးသွားတဲ့ အချိန်ပေါ်လာတဲ့အခါကျတော့ ဘယ်လောက်အချိန်ရလဲ၊ ဘယ်လောက်အချိန်ရလဲဆိုတာက ခွာမယ်ဆိုပြီး ခွာ လိုက်တယ်။ လှေကားကြီးကို လက်ရန်းရှိမယ်ထင်ပြီး ဒုန်းဆိုလုပ်လိုက်တယ်။ ဒါပေမယ့် ဘာပေါ်လာမယ်မှန်း မသိတဲ့အခါကျတော့ ဒါကိုဘယ်လိုသုံးမလဲဆိုတာ ဒီဇိုင်းမဆွဲထားဘူး။ အဲမှာ တစ်ခုခုထည့်ရတော့မယ်။ အရင်ဟာတွေနဲ့ကိုက်ပါ့မလား။ Site ကလည်း Ongoing ဖြစ်နေတယ်။ Decision လုပ်ဖို့ အချိန်ဘယ် လောက်ရလဲ၊ လှေကားတုန်းက အချိန်ဘယ်လောက်ရလဲ။

လှေကားတုန်းက.. ဘာလို့တုန်းဆို Concept က Perforated သုံးမှာဆိုတော့ ကျွန်တော်တို့ပထမစဉ်း စားကတည်းက ပါပြီးသားပေါ့နော်။ ဒါပေမယ့် ဒီကောင်ကြီးအနောက်ကို ကျွန်တော်က အစကတော့ အုတ်ပိတ် ချင်တာ၊ Composite ခွာပြီးရင် အုတ်ပိတ်မယ်ပေါ့။ ဒီ Bare Brick ကြီးကို ငါတို့အရှေ့မှာ အုတ်နံရံအသစ်ပြန် စီပစ်မယ်။ အဲဒါကိုမှ အ၀ိုင်းပေါက်ကြီးတွေ ထည့်ချင်သေးတယ်။

အဲဒီတော့… Pre-Plan ဒီဇိုင်းက ဆွဲပြီးသား တစ်ခုရှိတယ်ပေါ့။

ဆွဲပြီးသားရှိတယ်။ ဆွဲပြီးသားမှာက ဒီ ဒီဇိုင်းမဟုတ်ဘူး။ အဲဒီလှေကားကြီးခွာ ပြီးရင် ငါတို့အုတ်အသစ် တပ်မယ်။ ဒါပေမယ့် အုတ်အသစ်က ခုနက Ceiling Height မြင့်တာက တစ်ကြောင်း၊ သူ့မှာ တွဲမယ့်ဟာမရှိတာ က တစ်ကြောင်း၊ အမှီ မရှိတော့ အဲမှာအချိန်က အဲ့ Concept မရတော့ဘူး၊ သုံးလို့မရတော့ဘူး။ ပြီးတော့ ကျွန် တော်တို့က ဒီအ၀ိုင်းပေါက်တွေပါချင်သေးတယ်။ ခုနကလို Asia ဖြစ်တဲ့အတွက် အဲ Mode လေးတွေပေါ့။ အဲ တော့ ဘာလုပ်ရတုန်းဆိုတော့ ခွာလိုက်တဲ့အချိန်မှာ မှီစရာလည်းမရှိဘူး။ ထောင်ဖို့ကလည်း Ceiling Height မြင့်တဲ့အတွက်ကြောင့် လုံးဝအဆင်မပြေတော့ဘူး။ ခုနက ဒီ Perforated လေး ကို Second Option အဖြစ် ပြောင်းခဲ့ရတာပဲ။ အဲဒါကတော့လှေကားနဲ့ပတ်သက်ပြီးတော့ပေါ့။ အချိန်ကတော့တစ်ပတ်အတွင်းပေါ့။ Concept ကို Propose လုပ်တာတစ်ခုပေါ့။ Client ကိုလည်းပြရတယ်။ ပြရတော့ ဒါကိုခွာလိုက်တဲ့အချိန်မှာကျ ကျွန်တော် တို့ Second Option အမြန်စဉ်းစားလိုက်ရတယ်။ အဲဒါလေးတွေရှိတယ်။

အချိန်ဘယ်လောက်ရလဲ။ Perforated ကို ဘယ်လို Pattern မျိုးရွေးလဲ။ Perforated ကို Sliding Angle ဆိုတာမျိုးရှိတယ်လေ။ အဲတော့ ဒီ Angle စောင်းသွားတာကို Detail အရ ဘယ်လိုလှီးမလဲ။ Stair နဲ့ ဘယ်လို Join မယ်ဆိုတာမျိုး အဲဒါလုပ်ဖို့ အချိန်ဘယ်လောက်ရလဲ။

အဲကောင်ကျတော့ Partition ပိုင်းမှာတော့ ကျွန်တော်က လျာပြီးသား။ ဘာလို့လဲဆိုတော့ ကျွန် တော်တို့ ဒီဂွင်တွေထဲကိုထည့်ချင်တာ။ အဲဒါက ဟိုဘက် DB ဘောက်စ်တွေရှိတဲ့ဘက်တွေလည်း ထည့်ထား သေးတယ်။ ဒါပေမယ့် လှေကားမှာဘဲ ဦးစားပေးသုံးလိုက်ရတယ်ပေါ့နော်။ ပြီးတော့ လှေကားက ဒီလိုအဖြတ် ကြီးကပ်တဲ့အခါမှာ ကျွန်တော်တို့ Perforated Sheet ကို ဒီလှေကားပေါ်ပြန်နင်းချင်တယ်။ အပေါ်အချပ်တွေက လှေကားပေါ်နင်းတယ်။ အောက်အချပ်တွေကကျတော့ လှေကားအောက်မှာ။ အဲတော့ ဒီကောင်ကြီးက တစ် ဖက်နဲ့ တစ်ဖက်ကတော့ မတူဘူး။ ဒါပေမယ့် Level ကတော့တူတယ်။

အဲဒီတော့ Detail ဆုံးဖြတ်ဖို့အချိန်ဘယ်လောက်ကုန်လဲ။ Deatil လုပ်ဖို့ အချိန်ဘယ်လောက်ရခဲ့လဲ။

ဒီ Project တုန်းက Detail အတွက် တစ်ပတ်လောက်ပဲရတယ်။ ခုနက Detail လုပ်တာရော Client ကိုပြတာရောပေါ့နော်။

အဲတော့ ဒီနံရံကြီးလုပ်နေတဲ့အချိန်တွင်းမှာရော ကိုယ်က Site ထဲမှာရှိဖို့လိုအပ်လား။ မလိုအပ်ဘူးလား။

ဒီကောင်က ကျွန်တော်တို့ပြောရမယ်ဆိုရင် Conteactor နဲ့တောက်လျှောက် Link ရှိတယ်။ ကျွန်တော် တို့ Site ထဲကို (၃) ကြိမ်လောက်ပဲသွားခဲ့ရတယ်။ အဲတော့ များသောအားဖြင့် ဖုန်းနဲ့ပဲ ကျွန်တော်တို့ အဆင်ပြေ အောင်လုပ်တယ်။

Weight လျှော့တာပေါ့။ Weight လေးမှာ စိုးလို့.. (ရယ်လျက်)

Weight လည်းလေးမယ်။ ပြီးတော့ Pattern အရအပြောင်းအလဲရှိတယ်။ ပထမ ကျွန်တော်တို့ Pattern ကနည်းနည်းကြီးတယ်။ အဲတော့ Pattern ပိုင်းအရ ပြန် Adjust ပြန်လုပ်ခဲ့ရတယ်။

အဲတော့ Brick Wall ကကျတော့ ခွာလိုက်တယ်။ ခွာလိုက်တော့ အဲမှာပါတဲ့အချိန်မှာ ဘာဆက်လုပ်မလဲပေါ့။ အချိန်ဘယ်လောက်နဲ့ဆုံးဖြတ်ခဲ့ရလဲ။

ဒီ Brick Wall ခွာတာကတော့ ကျွန်တော်တို့ အစကတည်းက Decision ရှိပြီးသား။

ခွဲပြီးပေါ်လာတဲ့အချိန်မှာ ဘာဆက်လုပ်မလဲဆိုတာက…။

ခုနကလို Concern တွေပေါ်လာတယ်။ ကျွန်တော်က ခွာပြီးရင် ညီပါ့မလားပေါ့နော်။ ဒီအထဲက အုတ် တွေက တကယ်ရှေးအုတ်ရောဖြစ်မလား။ ခွာလိုက်တဲ့အခါကျတော့ တကယ်ရှေးအုတ်ဖြစ်တယ်။ Size ကြီးတွေ က အရှည်လေးတွေ။ အရှည်လေးတွေကိုမှ ဒါကတော့ Contractor ရဲ့ စကေးပေါ့။

Interior Designer အနေနဲ့ရော အစ်ကို့ဘက်က အဲဒီမှာ ဒီ Coating ပြန်လုပ်တယ်ပြောတယ်။ အဲဒါကိုရောရွေး ပေးခဲ့ရလား။ Decorator ပဲလုပ်တာလား၊ Contractor ကပဲ လုပ်တာလား။

Concept ကတော့ပေးလိုက်တယ်။ အဲဒါကိုမှ ခွာပြီးပြီပေါ့။ နံရံကိုခွာတော့ အနီမှုန့်ပေတာတို့ရှိတယ်။ အဲ တော့ အစ်ကိုဒီပေါ်ကို Coating တင်ပါပေါ့။ အဲဒါဆိုမထူတော့မထူစေနဲ့၊ ပါးပါးလေးလုပ်ပေးပါဆိုပြီးတော့အဓိက ကတော့ ဒီအမှုန်လေးတွေထွက်မလာဖို့။ အကျီတွေ ဘာတွေနဲ့တိုက်မိရင် မပေတော့ဘူးပေါ့။ အဲမှာရတဲ့ဟာနဲ့ Technical ပိုင်းကတော့ Contractor က အကြံပေးဖြစ်တယ်။

အဲဒီ Coating တင်လိုက်တာကျတော့ မတင်ခင်နဲ့တင်ပြီးမှာ အစ်ကို့အနေနဲ့ အရောင်ပြောင်းသွားတာရှိ လား။ ဘာလျော့သွားတာရှိလဲ။ ဘာ Difference ရှိလဲ။

မတင်ခင်ကတော့ နည်းနည်းတော့ဖွာတယ်။ တင်လိုက်တာကျတော့ ၀ပ်သွားတယ်။ ပိုအားရတယ်။ ပို ကြိုက်သွားတယ်။

တော်သေးတာပေါ့။ လွဲမသွားလို့ (ရယ်လျက်)…

အစတုန်းကဆို သူတို့ Brush တွေနဲ့လည်း သေချာတိုက်။ တကယ့်ကို Preserve လုပ်ခဲ့ရတာပေါ့။ Preservation, Alteration ဖြစ်သွားတာပေါ့။ သေချာအောင် လိုင်းလေးတွေဖော်လည်း တအားလည်းလုပ်လို့ မရဘူး။ ဟိုဘက်အိမ်နဲ့ကပ်နေတာ တစ်ပိုင်းပေါ့နော်။ ဒါတောင် အုတ်တစ်ခုကျွံသွားသေးတယ်ပြောတယ် (ရယ် လျက်)။

သူက ဖြည်းဖြည်းချင်းပဲလုပ်ခဲ့ရတာပေါ့နော်။

ဟုတ်တယ်။ ဖြည်းဖြည်းချင်းပဲလုပ်ခဲ့ရတာ။ သူက အစကတော့ သုံးလလောက်ကနေ ၆ လလောက် ရောက်သွားတယ်။


ဒီ Project လုပ်တဲ့အခါမှာ Interior Design ရ Decoration လုပ်လိုက်တဲ့ ဒီစားသောက်ဆိုင်တစ်ခုက ဘာဖြစ်လို့ အောင်အောင်မြင်မြင်ပြီးသွားတယ်လို့ထင်လဲ။ ဘယ်အချက်တွေကြောင့် အောင်အောင်မြင်မြင်ပြီး သွားတယ်လို့ထင်လဲ။

ပထမအချက်ကတော့ Client တွေပြောသလို ဒီ ဒီဇိုင်းကိုစာရွက်ပေါ်မှာ အရင်ဆောက်တာလည်းပါ တယ်။ နောက်ပြီး Client နဲ့ညှိနှိုင်းတဲ့အပိုင်းတွေမှာ သူလိုချင်တဲ့ဟာကိုပေါင်းစပ်ဖို့ Reference ပေါ့။ ကျွန်တော် အရင်ပြခိုင်းတယ်။ အဲဒီလိုပြခိုင်းတဲ့အတွက် သူ့ရဲ့ဒီဇိုင်းအမြင်ကိုလည်းသိရတယ်။ အဲတော့ ဒီဇိုင်းထုတ်တဲ့အခါ မှာလည်း သူကြိုက်တဲ့ဘက်ကို ပိုရသွားတယ်။ အဓိကက Concept က Client ရဲ့ကြိုက်နေတဲ့ဟာကိုကျွန်တော် တို့လိုက်လုပ်ဖို့ကို သူနဲ့အင်တာဗျူးလုပ်ရတယ်။ Reference ပေါ့နော်။ သူဘယ်လိုဖြစ်ချင်တယ်။ ဘယ်လိုမျိုး ထည့်ချင်တာကို။ အဲဒီ Element ကို ကျွန်တော်ကပြန်ပြီး Advise ပြန်လုပ်၊ ဒါကတော့သိပ်မအိုကေဘူး။ ဘာလို့ လဲဆိုတော့ Client မှာ သူကြိုက်နေတာတွေ ၁၀ မျိုးလောက်ရှိတယ်။ အဲဒါကိုမှ ကျွန်တော်က အစ်မရေ ဒါလေး ကတော့ ဒီလိုလေးပြန်ယူမယ်။ အဲဒါ Concept မြန်မြန်ပြတ်ခဲ့တဲ့ အဓိကအချက်ပေါ့။ Client နဲ့ Concept ပြတ် သွားရင် တခြားလုပ်ရတဲ့အတိုင်းအတာက အဆင်ပြေတယ်။ ကျန်တဲ့နောက်ကလိုက်ရတဲ့ Detail ကတော့ ကျွန် တော်တို့ဘက်က ရသလောက်လုပ်ပေးတာပေါ့။

အဲတော့ Client နဲ့သဘောတူဖို့ အရေးကြီးတာပေါ့။

သူ့နဲ့ ကိုယ်စိတ်တစ်ထပ်တည်းဖြစ်သွားပြီဆိုရင် သူဘာရမလဲသိသွားပြီ။ သူကလည်း ဒါကိုအပြင်မှာမြင် ချင်ပြီ။ ကိုယ်ကလည်းဖြစ်အောင်ဆိုတဲ့ အဲဒီနှစ်ခုပေါင်းလိုက်တော့ ဒီပုံစံလေးအတိုင်းပဲ။ အပြင်မှာလည်း ကျွန် တော်တို့ တကယ်ရခဲ့တယ်။ ပြီးတော့ Conteactor လည်း တစ်စိတ်တစ်ပိုင်းပေါ့။

ဘယ်သူနဲ့လုပ်တာလဲ။

Contractor က Motif က ကိုရဲ ပါ။

သူ့ကိုလည်း Credit ပေးရမှာပေါ့။ ဟုတ်တယ်မလား။ အဲတော့ (၁) က Paper Planning ရှိတယ်။ Drawing Planning ရှိတယ်။ ကြိုတင်စီစဉ်ခဲ့တယ်။ နောက်တစ်ခုက Client နဲ့ Concept ကို သေချာ Agree လုပ်ခဲ့တယ်။ ဘာရမလဲဆိုတာ သူကြိုသိနေတယ်လေ။ ကိုယ်ဘာလုပ်မလဲဆိုတာလည်း ကြိုသိနေတယ်။ အဲဒါကောင်းတယ်။ ပြီးတော့ Contractor ကလည်း မျက်စိမှိတ်ယုံလို့ရတဲ့သူဖြစ်နေတယ်။ Material တွေနားလည်တယ်။ သူ့လူ သူနိုင်တယ်..(ရယ်လျက်)။ အဲဒါလည်းရှိတယ်လေ။ ဒီ ၃ ချက်ပေါ့။

ဟုတ်တယ် … အစ်ကို။

ပြီးတော့ Other Special Add On ကဘာရှိလဲ။ ဥပမာ- ဒီဟာက စားသောက်ဆိုင် ဖြစ်နေတယ်။ စားသောက် ဆိုင်ဖြစ်နေတဲ့အခါကျတော့ ကိုယ်ကသတ်မှတ်တဲ့အခါ ခုနက ကျွန်တော်တို့ဆွေးနွေးသွားတဲ့အချက်လေးတွေ က Fix Feature တွေ၊ Other Feature လေးတွေရှိတယ်။ ဥပမာ- မီးသီး Style ရွေးတာ၊ ပန်ကာ Style ရွေး တာ၊ စားပွဲခုံအရောင် Style၊ ထိုင်ခုံအရောင် Style (or) အဲဒါအပြင် ကုမ္ပဏီရဲ့လာတင်မယ့် Menu Card၊ ဖယောင်းတိုင်၊ Menu ပေါ်က ဒီဇိုင်း။ အဲဒါတွေမှာ အစ်ကိုပါဝင်ခဲ့တဲ့ Special Features ဘာရှိလဲ။

ပထမအချက်- ကျွန်တော်က အပေါ်ကြမ်းခင်းပေါ့နော်။ ပျဉ်ထောင်ဖြစ်တဲ့အတွက် စားသောက်ဆိုင်ဆို ရင် ချော်တာရှိမယ်၊ မှောက်တာရှိမယ်။ မှောက်တဲ့ရေက ဒီကြားထဲကနေ စိမ့်နိုင်တယ်။ ပြီးတော့ အောက်မှာ ဂျပ် စင်ဘုတ်ပြားနဲ့ပဲကာထားတယ်။ အကယ်၍ ရေစိမ့်ခဲ့သည်ရှိသော် ဒီအောက်မှာရှိတဲ့လူကို အနှောင့်အယှက်မဖြစ် အောင် တစ်ချက်ပြန်စဉ်းစားခဲ့တယ်။ Existing မှာလည်း Client က ကြမ်းပြင်ကိုပိုကြိုက်တယ်။ အဲဒီတော့ ကျွန် တော်ဘာလုပ်ခဲ့တုန်းဆိုတော့ Vinyl Parquet ခင်းခဲ့တယ်။ အဲဒီ Thickness Concern အတွက်လည်းပါတယ်။ ပုံမှန်ကိုရီးယားပါကေးခင်းရင် ထုကြီးတစ်ခုထွက်လာမှာ၊ အဲတော့ Vinyl ဆိုတာက ပါးပါးလေး။ ပြီးတော့ Water Proof ဖြစ်မယ်။ ကိုယ်လိုချင်တဲ့အရောင်ကိုလည်း ရွေးချယ်ပိုင်ခွင့်ရှိတယ်လေ။

အဲဒီတော့ ရှိပြီးသားကြမ်းခင်းရဲ့အပေါ် မှာထပ်ပြီးတော့ တစ် Layer ခင်းလိုက်တယ်။ ခင်းလိုက်တဲ့အခါကျတော့ ရှိပြီးသား ကြမ်းခင်းအရောင်တော့မထွက်တော့ဘူး။ ရှိပြီးသားကြမ်းခင်းနဲ့ နီးစပ်တဲ့အရောင်ကို ကိုယ်ဘာသာ ကိုယ်လုပ်ခဲ့တယ်ပေါ့။

အဲတော့ Other Feature၊ ပြီးတော့ ဒီတစ်ဆိုင်လုံးမှာရှိတဲ့ Furniture တွေအကုန်လုံးက Customize၊ အကုန်ကျွန်တော်တို့ဒီဇိုင်း။ ကျွန်တော်တို့ Leather နဲ့အရောင်ရွေးတာကအစပေါ့နော်။ ဘာနဲ့လုပ်တုန်းဆိုတော့ ခုနက Asia Element ဖြစ်တဲ့အတွက် ခုနကထုပ်တွေ ဘာလို့ထည့်လဲ၊ ပြီးတော့ Vertical Element တွေဘာလို့ တောက်လျှောက်ပေးနေတာလဲဆိုတော့ ခုနကလို အဆောက်အဦထဲမှာကျဉ်းတယ်၊ Space က အဲတော့ Vertical Element များများပေးချင်တယ်။ ပြီးတော့ဝင်လိုက်ရင် အဆင်းလေးနဲ့၊ ဟိုနားမှာ ပန်းလေး၊ ဒီနားမှာ ကနုတ်လေးက ဒီလိုလေးတွေနဲ့၊ အဲတော့ ခုံဆိုရင်လည်းမတ်တပ်နဲ့ပဲ။ သူ့ကို ကျွန်တော်က အေးတိအေးစက် မဖြစ်စေချင်ဘူး။ ၀င်လိုက်တာနဲ့ Active Vibe လေးပေးချင်တယ်။ Active ဖြစ်စေချင်တာပေါ့နော်။ ခုနကလို Asia Element ဖြစ်တဲ့အတွက် Asia Mode ရအောင် ကျွန်တော်က ဒီထဲမှာ သစ်သားအဟောင်းကြီးနဲ့ သံအ ကွေးတွေဘာတွေနဲ့ချဖို့ Propose လုပ်ခဲ့သေးတယ်။ ဒါပေမယ့် အဲဒါတွေက မထည့်ဖြစ်ခဲ့ဘူး။ Furniture ပိုင်း ဆိုင်ရင် CHOF Furniture က Customize, Lighting ရောပေါ့။

CHOF က လုပ်ပေးခဲ့တာလား။

ဟုတ်တယ်။ ကျွန်တော်က Concept ပေးလိုက်တဲ့အတိုင်းအတာကိုမှ ခုံတွေဆိုရင် ကြိမ်အစစ်ပဲ။ ကြိမ်အစစ် ကိုမှ Weaving ပေါ့နော်။

ကိုယ်က ဘာပေးရတာလဲ။

Drawing ပေးရတယ်။ Material ပေးရတယ်။ အရောင်ပေးရတယ်။

သူတို့နဲ့လက်တွဲတော့ သူတို့ရဲ့အားသာချက်ကဘာလဲ။

အားသာချက်က ခုနကလို ဒီဇိုင်းအမြင်ရှိတယ်။ နောက်ပြီးတော့ International ဖြစ်တဲ့အတွက် ခုန ကလို ကျွန်တော်က ကြိမ်သုံးချင်တယ်ဆိုရင် အစ်ကို Weaving လား၊ ဘာလားပေါ့။ အရောင်ဆိုရင်..အစ်ကို ရေ၊ သူတို့က ဘယ်လို Coating၊ သူတို့မှာ သူတို့ Project တွေနဲ့ အရင် Experience တွေအရ အရင်စား သောက်ဆိုင်တွေဆိုရင် ဘယ်လို Coating သုံးတယ်စသည်ဖြင့် ကိုယ့်ကိုပြန်ရှင်းပြနိုင်တယ်။ ပြီးရင် သူ့တို့မှာ အာမခံရှိတယ်။ အဲဒါလေးတွေ အားသာတယ်။ ပြီးတော့ Lighting ပိုင်းဆိုလည်း အဲလိုပေါ့။ ကြိမ်ဆိုရင် စစ်ကိုင်း ဘက်မှာလည်း ကြိမ်ရှိတာပဲ။ ဒါပေမယ့် ခုနကလို အမြင်လေးပေါ့။ အဲဒီတော့ ဘာဖြစ်လဲဆိုတော့ အချိန်နဲ့လုပ်ရ တဲ့ Project မျိုးဆိုရင် အရမ်းကောင်းတယ်။ အဲဒါကြောင့်မို့လို့ ရွေးဖြစ်တယ်။မဟုတ်ရင် Sample ကြည့်လိုက်၊ Proportion မကျလိုက်နဲ့ဖြစ်မယ်လေ။ CHOF ကကျတော့ တစ်ခုစီထုတ်ပြတယ်။ ပြီးတော့ ကျွန်တော်ကိုယ်တိုင် မသွားနိုင်ဘူး။ Client နဲ့ သူနဲ့ထိုင်ပြီး အဆင်ပြေမယ့်ပုံစံကိုရွေးခဲ့တယ်။ အဲဒါမျိုးလေးတွေ တောက် လျှောက်ညှိခဲ့တယ်။

Other Special Feature ရှိသေးလား။

အပေါ်က ဆိုဖာကတော့ ကိုရဲတို့လုပ်တာပေါ့။ ဒီဇိုင်းကတော့ NAI ကပဲပေးခဲ့တယ်။ အဲဒီမှာမှ ကျွန် တော်က စားသောက်ဆိုင်ဖြစ်တဲ့အတွက် မိုးကာသား သုံးခဲ့တယ်။ မိုးကာအသားကိုမှ Fabric Pattern မိုးကာ သားလေး။ အဲဒီတော့ ရေတွေဘာတွေဖိတ်ရင်လည်း သုတ်လိုက်ရုံပဲ။ Fabric အစစ်သုံးရင် Asia Food တွေက ဆီတွေဘာတွေပါတယ်လေ။ ပေသွားတာ၊ စွန်းသွားတာရှိရင် ဒါကြီးကသွားရော။ ပြီး တော့ Material ပိုင်းလေးတွေ ကျန်သေးတယ်။ Asia ဖြစ်တဲ့အတွက် ကြွေပြားလေးတွေ၊ အဲဒါလေး တွေကျန်သေးတယ်။ အဲဒီမှာ ကျွန်တော်တို့က Luxury သွားသုံးလို့မရဘူး၊ ဘာလို့လဲဆိုတော့ ကျွန် တော်တို့ နာမည်ပိုင်းတစ်ချက်ပြန်သွားရအောင်။ ကျွန်တော်က House ထက်ပိုချင်တာ။ Home ဖြစ်ချင် တော့ ဒီထဲကိုဝင်တာနဲ့ ကိုယ့်အိမ်ကိုလာပြီး ထမင်းစားသလိုဖြစ်အောင်၊ ပြီးတော့ Feminine Themes ဖြစ်တဲ့အတွက်ကြောင့် တခြား Element လေးတွေ Material ရွေးချယ်မှုမှာဆိုရင် ခုနကလို Asia ဖြစ် တဲ့အတွက်ကြောင့် Asia မှာ ဘာတွေခေတ်စားသလဲဆိုတော့ Paranakan Design ။ ကျွန်တော်တို့ အဲ ဒီအတွက် Supplier ကိုရအောင်ရှာရတယ်။ အဲကောင်က အချိန်ပေးခဲ့ရတယ်။ ဘာလို့လဲဆိုတော့ ဒီမှာ သူက အဆန်းဖြစ်နေတာပေါ့။ အဲဒီ Tiles လေး တွေလိုချင်တာတော့ အသေးလေးတွေပေါ့နော်။ ဒါပေ မယ့် ၂ ပေပတ်လည်မှာ သူကွက်ရိုက်ထားတဲ့ဟာမျိုးလေးတွေပဲရခဲ့တယ်။ အဲဒါလေးတွေသုံးတယ်။ သူ က Raw ပေါ့နော်။ Raw Rustic ဖြစ်တဲ့အတွက် ခုနကအောက်မှာ ကျွန်တော်တို့ကြမ်းခင်းရွေးတဲ့ဟာ မျိုး အိမ်သာထဲက ကြွေပြားကပ်တဲ့အခါမျိုးဆိုလည်း Cement Texture Tiles ကိုပဲသုံးတယ်။ Paranakan Design နဲ့ အရောင်နှစ်မျိုးပေါ့။ ပြီးတော့ Open Kitchen လေးလည်းပါတယ်။ Open Kitchen ထဲမှာ တံခါးရွက်လေးကျတော့ Asia ဖြစ်တဲ့အတွက် Louver လေးတွေနဲ့ပဲလုပ်ထားတယ်။

Full Height လား၊ ဒါမှမဟုတ် Half ပဲလား။

Half ကိုမှ သူက Open Kitchen ဆိုတော့ အဲနားကို Salad တွေဘာတွေသုတ်တာပဲရှိတယ်။ စားတဲ့သောက်တဲ့လူတွေမြင်စေချင်တာပေါ့။ မြင်စေချင်တော့ ကျွန်တော်က Awning ပုံစံမျိုးလေးတွေ ထည့်ပေးထားတယ်။ Open ပဲ။ အဲဒီမှာတော့ညှော်နံ့ဘာညာမရှိဘူး။ အသီးအရွက်သုပ်တာလောက်ပဲ ထားထားတယ်။ Dry Kitchen ပဲပေါ့။ Function အားဖြင့်တော့ အောက်ထပ်က Bar ရယ်၊ Toilet ပါ မယ်။ ခုနကပြောတဲ့ Mezzanine Office ပါမယ်။ Open Kitchen ပါမယ်။ အောက်ထပ်ကတော့ Bar Mode ပေါ့နော်။ Bar Mode လေးသွားလိုက်တယ်။

Kitchen ကိုရော ဒီဇိုင်းလုပ်ခဲ့လား။

Kitchen ကတော့ Space Plan လုပ်ပေးခဲ့တယ်။ Space Planning လောက်ပဲ။ ဒါနဲ့ Bakery လည်းပါတယ်။ Bakery အတွက်လည်း Space Planning ပေါ့နော်။ ကျန်တာကတော့ Kitchen Supplier လုပ်တယ်။ သူတို့ကလည်း အရင်လုပ်ဖူးသားဆိုတော့ သူတို့ Requirment နဲ့ဝင်တဲ့ဟာပေါ့ နော်။

သူတို့ဘက်ကပေးတဲ့ တခြား Information တွေကောရှိသေးလား။ ဥပမာ- ရေခဲသေတ္တာက ဘယ် လောက်ကြီးကြီးလာမယ်၊ Kitchen က ဘယ်လောက်ကြီးကြီးလာမယ်၊ စသဖြင့်ပေါ့။

အဲလိုမျိုးတော့ သူတို့မပြောထားဘူး။ အဓိကကတော့ အောက်ထပ်ဆိုရင် Open Kitchen ပါ မယ်၊ ရိုးရိုး Kitchen ပါမယ်။ အပေါ်ကတော့ Bakery ပါမယ်။ ဒီ Function လောက်ပဲပြောတယ်။ အဲတော့ ကိုယ်က ဒီ Space ထက်ကျော်လို့မရဘူး ဆိုတဲ့ Limitation ပဲပေးလိုက်ရတယ်။ ဒီ ထက်မ ကျော်စေနဲ့၊ ဒါထိလို့မရလို့၊ အဲဒီထဲဝင်အောင် လုပ်ပေးပါဆိုပြီးပြောရတယ်။ ဒါပေမယ့် WC တော့ လုပ် ပေးခဲ့ရတယ်။ WC က အောက်ထပ်က (၁) လုံး၊ အပေါ်ထပ်က ရိုးရိုးအိမ်သာလိုဟာမျိုး Level ညှိတာ မျိုးတို့၊ ပြီးတော့ Water Tank တွေပါသေးတယ်။ အိမ်က ခေါင်မိုးအိမ်ဆိုတော့ အဲဒီထဲမှာ မြုပ်တာပေါ့ နော်။

ဒီ Project နဲ့ပတ်သက်ပြီး တခြားပြောချင်တာများရှိသေးလား။

Bar မှာတော့ အသေးစိတ်လုပ်ခဲ့ရတယ်။ Kitchen ကတော့ Space ပဲလုပ်ခဲ့တယ်။ ဒါပေမယ့် ဒါတွေက Normal Process ပဲ။

အိုကေ… ဒါနဲ့ ဒီ Project မှာ အခက်ခဲဆုံး၊ ကိုယ့်ကို ဒုက္ခအပေးဆုံး၊ စိတ်အညစ်ဆုံးကဏ္ဍက ဘာကဏ္ဍဖြစ်မလဲ။

Structure ပိုင်းကတော့ နည်းနည်းစိတ်ပူခဲ့ရတယ်။ Mezzanine ကနွဲ့နေတာမျိုးတို့ပေါ့။ အပေါ် မှာ Office လုပ်မှာကို။ အဲတော့ဒါကိုဘယ်လိုပြန်ထောက်ရင်ကောင်းမလဲဆိုတာစဉ်းစားရတယ်။ တခြား Overall မှာတော့ ပြဿနာမရှိခဲ့ဘူး။ ပြီးရင် ခေါင်မိုး။ ခွာချလိုက်တော့ အုတ်ကြွပ်မိုးတွေ၊ အဲတော့ ရေပြဿနာရှိတယ်။ အိမ်အ ဟောင်းဆိုတော့ ခေါင်မိုးပြဿနာတစ်ချက်ရှိတယ်။ အဲဒါလေးတွေ Contractor က သေချာလုပ်ပေးခဲ့တယ်။ ခေါင်မိုးကျတော့ ဒီဇိုင်းသဘော အရ Treatement ပဲပြန်လုပ်ခဲ့တယ်။

ဒီ Project လုပ်ပြီးသွားတော့ ကိုယ်ရခဲ့တဲ့သင်ခန်းစာက ဘာရှိမလဲ။

ဒီလို Project မှာ အားလုံးအသစ်ကြီးလုပ်မယ့်အစား သူ့ဟာကိုပဲ ပြန်ဖော်အလှပြန်လုပ်တာပိုပညာပါမယ်လို့ထင် တယ်။ ဘေးက Urban Line နဲ့လည်း အပ်စပ်အောင်လုပ်ရတယ်။ ကိုယ်တစ်ကိုယ် ကောင်းဆန်လို့မရဘူးပေါ့ ဗျာ၊ ဘေးပတ်ဝန်းကျင်လည်းကြည့်ရတာပေါ့။ အဲဒီလောက်ပါပဲ။

အခုလိုမေးမြန်းသမျှကို စိတ်ရှည်လက်ရှည်ဖြေကြားပေးသွားပါသော Nai+IDS မှ ကိုနိုင်စွမ်းသာကို Live Life Media မှ ကျေးဇူးအထူးတင်ရှိပါတယ်။

error: ကူးယူခွင့်မပြုပါ။ ခွင့်မပြုဘဲ ကူးယူထားခြင်းတွေ့ရှိပါက တရားဥပဒေအရ အရေးယူပါမည်။